နှစ်ပေါင်းထောင် ချီသမိုင်းကြောင်းနဲ့ ပုဂံမြေက သပိတ်လုံးချပွဲ
“သေရမှာ မကြောက်ဘူး။ နောက်နှစ်ခါ သပိတ်လုံးချပွဲမရောက်မှာကြောက်တာ” ဒီစကားလုံးတွေက ပုဂံအာနန္ဒာဘုရားရဲ့ သပိတ်လုံးချပွဲအကြောင်းကို “On holiday” ဆိုပြီးရိုက်ထားတဲ့ ဒါရိုက်တာ ရှင်ဒေဝီရဲ့ documentary ထဲမှာ ပုဂံဒေသခံ ဦးလေးကြီးတစ်ယောက်ပြောခဲ့တဲ့စကားပါ။
သပိတ်လုံးချတယ်ဆိုတာ ပုဂံဒေသခံတွေ၊ ရွာနီးချုပ်စပ်တွေက တောင်သူလယ်သမားတွေကနေ တစ်နှစ်တစ်ခါ အခုလိုဆောင်းတွင်း ကောက်ရိတ်သိမ်းပြီးချိန် ပြာသိုလမှာ သူတို့ရဲ့ လယ်ယာထွက်ကုန် ကောက်ပဲသီးနှံလေးတွေကို သပိတ်လုံးထဲထည့်ပြီး ရတနာသုံးပါးကို ပူဇော်ကန်တော့တဲ့ပွဲပါ။
ဘုရားအမှူးရှိသောရဟန်းသံဃာတွေအတွက်ရည်စူးပြီး ကိုယ့်လယ်ထွက်ပစ္စည်းလေးတွေကို သပိတ်လုံး၊ ခြင်းတောင်း၊ ရေပုံးစတာတွေနဲ့ အစီအရီထည့်လို့ ကိုယ်တတ်အားသလောက်ပူဇော်တာမို့ မြင်ရတာ သိပ်ကြည်နူးရပါတယ်။
ဒီပွဲဟာ တောင်သူတွေအတွက် လယ်ယာထွက်ကုန်လှူဒါန်းကြတဲ့ပွဲဖြစ်သလို ပခုက္ကူဘက်က ဖျင်စောင်၊ချည်ကြမ်းပိတ်အုပ်ရက်ကန်းလုပ်ငန်းရှင်တွေ၊ မြစ်ခြေဘက်က နှီးလုပ်ငန်းရှင်တွေ၊ မြင်းခြံ၊မြင်းမူဘက်က အိုးလုပ်ငန်းရှင်တွေ၊ နယ်စုံက ကုန်သည်တွေလည်း သူတို့လုပ်ငန်းထွက်ကုန်တွေကို လာရောင်းချပြီး ရတဲ့ငွေနဲ့ ပြာသိုပွဲမှာ ပြန်လှူကြတာမို့ အာနန္ဒာပွဲဟာ ဈေးတန်းအကြီးအကျယ်နဲ့သိပ်စည်ပါတယ်။
အိုးပုတ်ကအစ ရာဝင်အိုးအဆုံး၊ နှီးတောင်းကအစ ဗီရို၊ကုတင်တွေအဆုံး၊ အပ်ကအစ တူရွင်း၊ပေါက်ပြားအဆုံး တစ်နေရာတည်းမှာ လယ်ယာသုံးပစ္စည်းအကုန်ဝယ်နိုင်တာမို့ ဈေးသည်ရော ဈေးဝယ်ရော ပျော်ပျော်ကြီးနေ့ညဆင်နွှဲကြပါတယ်။
နေ့ခင်းဆို ပွဲခင်းထဲလျှောက်လည်၊ ညဘက်ဆို ပွဲကြည့်၊ လှည်းဝိုင်းတွေနဲ့ စုပေါင်းပြီးချက်စားကြတဲ့ အညာသဘာဝ ကျေးလက်ပွဲတော်မြင်ကွင်းဟာ နိုင်ငံတကာက ဓာတ်ပုံဆရာတွေကြားမှာလည်း သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်အဖြစ်နာမည်ကြီးတာပေါ့ ။
အာနန္ဒာပွဲ၊ ပြာသိုပွဲ၊ သပိတ်လုံးချပွဲရယ်လို့ လူတွေက အမျိုးမျိုးခေါ်ကြပေမယ့် ဒီပွဲဟာ ပုဂံတစ်ခုလုံးကို ကိုယ်စားပြုတဲ့ပွဲမို့ ဆရာဇော်ဂျီကတော့ “ရှေးခေတ်ပုဂံပြည်”ကဗျာထဲမှာ တစ်လုံးတည်း ညွှန်းလိုက်ပုံက “ပုဂံပွဲ”တဲ့။
“စေတီနဲ့တန်ဆောင်း ၊ ဆည်ချောင်းနဲ့စပါးနှံ ၊ ရွှေပေါက္ကံ ပြည်တစ်ကြောမှာ ၊ ပေါချင်တိုင်း ပေါတဲ့ပြင် ၊ ဝပြောတဲ့ သာသနာ ၊ ခေါင်းလောင်းသံ ညံမစဲရယ်နဲ့ ၊ ပုဂံပွဲ သာလွန်းလို့
လာသူလာ သွားသူသွား ၊ လယ်တွင်းသား ပြည်တော်သား ၊ အသည်သား မင်းမှုထမ်း ၊ တစ်စိတ်ဝမ်း တစ်လက်ညီ ၊ပြည်ရေးကို ပြိုင်တူချီကြတော့ ၊ ပြည်တော်မြတ် ပဲ့တင်သံ ၊ ဘဝဂ်က ပြန်ပါရော့” တဲ့လေ။
ဒီလိုထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့ ပုဂံပွဲကို ယဉ်နှောင်း လာဖြစ်တာတော့ ဒီနှစ်နဲ့ဆို ဒုတိယအကြိမ်ပါ။မနက်ဖြန်ဆို ပြာသိုလပြည့်မို့ အာနန္ဒာဘုရားဝန်းကျင်မှာ လှည်းဝိုင်းတွေ၊ ဈေးတန်းတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကားနေပြီ။ မုန့်သည်တွေဆီက မုန့်ဆီကြော်နံ့တွေ၊ ကလေးတွေရဲ့ရယ်မောသံတွေ၊ အမျိုးအစားစုံလင်လှတဲ့ လယ်ယာထွက်ကုန်၊ လယ်ယာသုံးကုန်ပစ္စည်းဆိုင်တွေနဲ့ သိပ်ကိုကြီးကျယ်တဲ့ ပြာသိုပွဲဈေးတန်းနဲ့ ပြာသိုလပြည့်နံနက် သပိတ်လုံးချပွဲဟာ တစ်ခါရောက်ဖူးရင် နှစ်တိုင်းပြန်လာချင်တယ်ဆိုတာ ယဉ်နှောင်း တကယ်ယုံခဲ့ပါတယ်။
လေးစားစွာဖြင့် ခရက်ဒစ် ယဉ်ယဉ်နှောင်း (Mandalarian)
Unicode
နှှစ်ပေါင်းထောင် ချီသမိိုင်းကြောင်းနဲ့ ပုဂံမြေက သပိိတ်လုံးချပွဲ
“သေရမှာ မကြောက်ဘူး။ နောက်နှစ်ခါ သပိိတ်လုံးချပွဲမရောက်မှာကြောက်တာ” ဒီစကားလုံးတွေက ပုဂံအာနန္ဒာဘုရားရဲ့ သပိတ်လုံးချပွဲအကြောင်းကို “On holiday” ဆိုပြီးရိုက်ထားတဲ့ ဒါရိုက်တာ ရှင်ဒေဝီရဲ့ documentary ထဲမှာ ပုဂံဒေသခံ ဦးလေးကြီးတစ်ယောက်ပြောခဲ့တဲ့စကားပါ။
ယဉ်နှောင်းလည်း အရင်တုုန်းက သပိတ်လုံးချပွဲအကြောင်းကိုမသိခဲ့ပါဘူး။ ဒါပေမယ့် မနှစ်က ၂၀၁၉ မှာတစ်ခါရောက်ပြီးတော့ ပုဂံသပိတ်လုံးချပွဲဆိုတာဒါပါလားလို့ သိသွားတယ်။ဒီပွဲလေးကို ဘယ်လောက်ချစ်မိသွားလဲဆို နောက်နှစ်တွေမှာလည်း သပိတ်လုံးချပွဲကို နှစ်တိုင်းရောက်အောင်လာမယ်ဆိုပြီး ဆုံးဖြတ်မိတဲ့ထိဖြစ်ခဲ့တာပါ။
ပုဂံမြေ​က သပိတ်လုံးချပွဲဆိုတာ တစ်နှစ်တစ်ခါ ပြာသိုလပြည့်နေ့တိုင်း အာနန္ဒာဘုရားမှာကျင်းပတဲ့ပွဲပါ။ အနော်ရထာမင်းလက်ထက်ကတည်းက စတင်ကျင်းပခဲ့တာမို့ နှစ်(၁၀၀၀)နီးပါးရှိပြီလို့ အဆိုရှိပြီး ပုဂံမှာ အစည်ကားဆုံးဘုရားပွဲထဲကတစ်ခုလည်းဖြစ်ပါတယ်။
သပိတ်လုံးချတယ်ဆိုတာ ပုုဂံဒေသခံတွေ၊ ရွာနီးချုပ်စပ်တွေက တောင်သူလယ်သမားတွေကနေ တစ်နှစ်တစ်ခါ အခုလိုဆောင်းတွင်း ကောက်ရိတ်သိမ်းပြီးချိန် ပြာသိုလမှာ သူတို့ရဲ့ လယ်ယာထွက်ကုန် ကောက်ပဲသီးနှံလေးတွေကို သပိတ်လုံးထဲထည့်ပြီး ရတနာသုံးပါးကို ပူဇော်ကန်တော့တဲ့ပွဲပါ။
ဘုရားအမှူးရှိသောရဟန်းသံဃာတွေအတွက်ရည်စူးပြီး ကိိုယ့်လယ်ထွက်ပစ္စည်းလေးတွေကို သပိတ်လုံး၊ ခြင်းတောင်း၊ ရေပုံးစတာတွေနဲ့ အစီအရီထည့်လို့ ကိုယ်တတ်အားသလောက်ပူဇော်တာမို့ မြင်ရတာ သိပ်ကြည်နူးရပါတယ်။
လှူဒါန်းရာမှာ ကိုယ့်လယ်ထွက်ကုန်လည်းပါ၊ ရဟန်းသံဃာတွေအတွက် အသုံးတည့်မယ့် ပရိက္ခရာတွေ၊ ဆွမ်းဆန်ရိက္ခာတွေလည်း ပါအောင် စိတ်ကူးရသလို ထည့်လှူကြတယ်။ လယ်ယာထွက်ကုန် ဆန်၊ ဆီ၊ မြေပဲ၊ နှမ်း၊ ထန်းလျက်စတာတွေကစလို့ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ သင်္ကန်း၊ ဖိနပ်တွေပါပါတယ်။
နှစ်ပေါင်းထောင်ချီသမိုင်းရှိတဲ့ သပိိတ်လုံးချပွဲကိုလာတဲ့သူတွေဟာလည်း ဘိုးဘေးအစဉ်အဆက်ကတည်းက ဒီပွဲကို အဘိုးအဘွားတွေနဲ့လာဖူးလို့၊ မိဘတွေနဲ့လာဖူးလို့ ရိုးရာယုံကြည်မှုတစ်ခုလိုရော၊ ဘာသာရေး အလှူဒါနတစ်ခုအနေနဲ့ရော၊ စပါးပေါ်ချိန် ကောက်သစ်ပေါ်ချိန် ငွေရွှင်တာမို့ မိသားစုပျော်ပွဲစားတဲ့သဘောအနေနဲ့ရော လာရောက်ကြတာပါ။ အဲ့ဒီတော့ လာသမျှလူတွေရဲ့ မျက်နှာမှာ ကြည်နူးပျော်ရွှင်မှု၊ ကြည်ညိုသဒ္ဓါပွားမှုတွေပါ အပြည့်အဝတွေ့ရတဲ့ပွဲလို့ပြောရပါမယ်။
သပိတ်လုံးချပွဲကျင်းပမယ့်် ပုုဂံအနီးဒေသခံပြည်သူတွေဟာ ပြာသိုလဆန်းပြီဆိုတာနဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကြပြီ။ အာနန္ဒာဘုရားအပြင်ဘက်ကွင်းပြင်မှာ လှည်းဝိုင်းကြီးတွေစခန်းချပြီး နေ့ရောညရောဘုရားပွဲတော်ကို ဆင်နွှဲဖို့ပြင်ကြပြီ။ လှည်းတွေကို ပေါင်းမိုးဆင်တာ၊ စခန်းချဖို့
အိုးခွက်ပန်းကန်ပစ္စည်းပစ္စယတွေထည့်တာ၊ နွားစာကောက်ရိုးကအစ ဆန်၊ဆီ၊ဆား ကုန်ခြောက်တွေအပြင် ကလေးရော ခွေးရော တစ်မိသားစုလုံး ပျော်ပျော်ပါးပါး လှည်းတန်းကြီးနဲ့ အာနန္ဒာကို ရွာလုံးကျွတ်ချီတက်ကြတဲ့မြင်ကွင်းဟာ မြင်ရသူတိုင်းကို အပျော်တွေကူးစက်စေပါတယ်။
ဒီပွဲဟာ တောင်သူတွေအတွက် လယ်ယာထွက်ကုန်လှူဒါန်းကြတဲ့ပွဲဖြစ်သလို ပခုက္ကူဘက်က ဖျင်စောင်၊ချည်ကြမ်းပိတ်အုပ်ရက်ကန်းလုပ်ငန်းရှင်တွေ၊ မြစ်ခြေဘက်က နှီးလုပ်ငန်းရှင်တွေ၊ မြင်းခြံ၊မြင်းမူဘက်က အိုးလုပ်ငန်းရှင်တွေ၊ နယ်စုံက ကုန်သည်တွေလည်း သူတို့လုပ်ငန်းထွက်ကုန်တွေကို လာရောင်းချပြီး ရတဲ့ငွေနဲ့ ပြာသိုပွဲမှာ ပြန်လှူကြတာမို့ အာနန္ဒာပွဲဟာ စျေးတန်းအကြီးအကျယ်နဲ့သိပ်စည်ပါတယ်။
အိုးပုတ်ကအစ ရာဝင်အိုးအဆုံး၊ နှီးတောင်းကအစ ဗီရို၊ကုတင်တွေအဆုံး၊ အပ်ကအစ တူရွင်း၊ပေါက်ပြားအဆုံး တစ်နေရာတည်းမှာ လယ်ယာသုံးပစ္စည်းအကုန်ဝယ်နိုင်တာမို့ စျေးသည်ရော စျေးဝယ်ရော ပျော်ပျော်ကြီးနေ့ညဆင်နွှဲကြပါတယ်။
နေ့ခင်းဆို ပွဲခင်းထဲလျှောက်လည်၊ ညဘက်ဆိို ပွဲကြည့်၊ လှည်းဝိုင်းတွေနဲ့ စုပေါင်းပြီးချက်စားကြတဲ့ အညာသဘာဝ ကျေးလက်ပွဲတော်မြင်ကွင်းဟာ နိုင်ငံတကာက ဓာတ်ပုံဆရာတွေကြားမှာလည်း သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်အဖြစ်နာမည်ကြီးတာပေါ့ ။
ပြာသိုလပြည့်နံနက်ခင်းမိုးသောက်တာနဲ့ မြူတွေကြားမှာ ကွွင်းလုံးပြည့်သံဃာတော် ထောင်ချီကို သပိတ်လုံးတွေဆပ်ကပ်တဲ့မြင်ကွင်းဟာ တစ်နှစ်မှတစ်ခါ ပြာသိုလပြည့်၊ တစ်ကမ္ဘာလုံးမှတစ်နေရာ ပုဂံအာနန္ဒာဘုရားမှာပဲ တွေ့ရတဲ့မြင်ကွင်းပါပဲ။ ဒီပွဲတော်ဟာ မြန်မာတို့ရဲ့ သမိုင်းအစဉ်အလာ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ယဉ်ကျေးမှုအမွေတွေကို ပြဆိုနေသလို ဒေသခံတွေရဲ့ သဒ္ဓါတရား၊ စားဝတ်နေရေး စီးပွားရေးပြေလည်မှုတွေကို လှစ်ဟပြတဲ့နေရာလည်းဖြစ်ပါတယ်။
အာနန္ဒာပွဲ၊ ပြာသိိုပွဲ၊ သပိတ်လုံးချပွဲရယ်လိို့ လူတွေက အမျိုးမျိုးခေါ်ကြပေမယ့် ဒီပွဲဟာ ပုဂံတစ်ခုလုံးကို ကိုယ်စားပြုတဲ့ပွဲမို့ ဆရာဇော်ဂျီကတော့ “ရှေးခေတ်ပုဂံပြည်”ကဗျာထဲမှာ တစ်လုံးတည်း ညွှန်းလိုက်ပုံက “ပုဂံပွဲ”တဲ့။
“စေတီနဲ့တန််ဆောင်း ၊ ဆည်ချောင်းနဲ့စပါးနှံံ ၊ ရွှေပေါက္ကံံ ပြည်တစ်ကြောမှာ ၊ ပေါချင်တိိုင်း ပေါတဲ့ပြင် ၊ ဝပြောတဲ့ သာသနာ ၊ ခေါင်းလောင်းသံံ ညံမစဲရယ်နဲဲ့ ၊ ပုဂံံပွဲ သာလွန်းလိို့
လာသူလာ သွားသူသွား ၊ လယ်တွွင်းသား ပြည်တော်သား ၊ အသည်သား မင်းမှုထမ်း ၊ တစ်စိိတ်ဝမ်း တစ်လက်ညီ ၊ပြည်ရေးကို ပြိုင်တူချီကြတော့ ၊ ပြည်တော်မြတ်် ပဲ့တင်သံ ၊ ဘဝဂ်က ပြန်ပါရော့” တဲ့လေ။
အခုအခါမှာတော့ အာနန္ဒာဘုရားပွဲဟာ အရင်တုန်းကလို လှည်းဝိုင်းတွေသိပ်မရှိတော့ပါဘူး။ ခေတ်မီကားတွေပေါ်လာတာရယ်၊ နွားလှည်းတွေက သံပတ်ဘီးတွေဖြစ်နေတော့ ကတ္တရာလမ်းတွေပေါ်တက်မောင်းခွင့်မရတာရယ်ကြောင့်ပါ။ လာတဲ့နွားလှည်းတွေကလည်း တာယာဘီးတွေနဲ့မို့ ယခင်လို ရှေးပုံစံတွေ့ရဖို့ခက်ခဲသွားပါပြီ။ ဒီနှစ်ပိုင်းမှာ နွားလှည်းဝိုင်းတွေလာရောက်မှု သိသိသာသာလျော့နည်းသွားတယ်လို့လည်း ပုဂံဒေသခံတွေဆီကသိရပါတယ်။
ဒီလိိုထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့ ပုဂံပွဲကို ယဉ်နှောင်း လာဖြစ်တာတော့ ဒီနှစ်နဲ့ဆို ဒုတိယအကြိမ်ပါ။မနက်ဖြန်ဆို ပြာသိုလပြည့်မို့ အာနန္ဒာဘုရားဝန်းကျင်မှာ လှည်းဝိုင်းတွေ၊ စျေးတန်းတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကားနေပြီ။ မုန့်သည်တွေဆီက မုန့်ဆီကြော်နံ့တွေ၊ ကလေးတွေရဲ့ရယ်မောသံတွေ၊ အမျိုးအစားစုံလင်လှတဲ့ လယ်ယာထွက်ကုန်၊ လယ်ယာသုံးကုန်ပစ္စည်းဆိုင်တွေနဲ့ သိပ်ကိုကြီးကျယ်တဲ့ ပြာသိုပွဲစျေးတန်းနဲ့ ပြာသိုလပြည့်နံနက် သပိတ်လုံးချပွဲဟာ တစ်ခါရောက်ဖူးရင် နှစ်တိုင်းပြန်လာချင်တယ်ဆိုတာ ယဉ်နှောင်း တကယ်ယုံခဲ့ပါတယ်။
လေးစားစွာဖြင့်် ခရက်ဒစ် ယဉ်ယဉ်နှောင်း (Mandalarian)