လတ် တလောကြည့်ရှုသူများနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ တစ်ပတ်ထက်တစ်ပတ်ယှဉ်ပြိုင်မှု ပြင်းထန်လာတာနဲ့အမျှ လူတွေရဲ့စိတ်ဝင်စားမှုနှုန်းလည်း မြင့်တက်လာတာပါ။ ပရိသတ်တွေသာမက အနုပညာရှင်တွေပါ ဝန်းရံလာကြတာဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးကတော့ မနေ့ညက ပြုလုပ်ခဲ့တဲ့ “ထင်ရှားကျော်ကြားသီချင်းများ” သီဆိုမှုအပတ်မှာ ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးခဲ့တာပါ။

ပြိုင်ပွဲ ဝင်ငါးဦးသာကျန်ရှိတော့တဲ့ မနေ့ညက ယှဉ်ပြိုင်မှုမှာတော့ မူးလာက “တစ်ယောက်တည်းပါ”၊ အေးမြဖြူက “အဆင်ပြေပါတယ်”၊ အက်စတာက “အသည်းကွဲအထိမ်းအမှတ်”၊ ယောကီးကတော့ “မရှိတော့ဘူး”။ ဘင်ဂျမင်ကတော့ “ဆေး” သီချင်းတို့ကို သီဆိုခဲ့တာဖြစ်ပြီး သီချင်းအားလုံးကတော့ ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ အသည်းကွဲသီချင်းတွေပါ။ နန်းဆုကတော့ “ဒီည(၅)ယောက်စလုံး သေအောင်ကောင်းတယ် ဆိုသွားတဲ့သီချင်းတွေက အထိတွေချည်းပဲ အရမ်းထိရှ” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေတိုင်းက သီချင်းတွေကို ခံစားသက်ဝင်မှုအားကောင်းကောင်းနဲ့ သီဆိုခဲ့တာကြောင့် အသည်းကွဲနေတဲ့သူတွေအတွက်တော့ တစ်စုံတစ်ယောက်ကို သတိရသွားစေမှာအမှန်ပါပဲ။ အချစ်ရေးမှာ ကံမကောင်းခဲ့တဲ့နန်းဆုကိုတော့ ပြိုင်ပွဲဝင်တွေက ငိုအောင်လုပ်လိုက်ပြီထင်ပါတယ် ပရိသတ်ကြီးရေ…

Source – Nan Su Yati Soe