ေႁမြေဟာက္ ဆို တဲ့ အေကာင္က အဆိပ္ျပင္းတဲ့ ေႁမြ အမ်ိဳး အစားေလ ။ ေႁမြေဟာက္ ေပါက္ခံ လိုက္ရၿပီဆို ေဆးမမီ လို႔ကေတာ့ အသက္ရွင္ဖို႔ မလြယ္လွ ပါဘူး ။

အေ ကာင္းဆုံး ကေတာ့ ေႁမြေပါတဲ့အရပ္ ဆိုရင္ သြား သတိ စားသတိနဲ႔ ေနေပါ့ ၊ အခုဆိုရင္ အိမ္သာ တက္ရင္ေတာင္ သတိထားၿပီး တက္ရ ပါလိမ့္မယ္ ။ ဘန္ေကာက္က ထိုင္း တစ္ေယာက္ ကံေကာင္း သြားပုံကို ၾကည့္ပါဦး ။

အိမ္သာ တက္ခ်င္လို႔ ေရအိမ္ ထဲကို ဝင္လာတာ ဘိုထိုင္ ထဲမွာ လႈတ္လႈတ္ ျမင္လို႔ ဂ႐ုစိုက္ၿပီး ၾကည့္လိုက္တာ အထဲမွာ ေႁမြေဟာက္ တစ္ေကာင္ ေရာက္ေနတယ္ ။

ေႁမြေဟာက္ က ေတာ္ေတာ္ ႀကီးတယ္ ။ အမႈမဲ့ အမွတ္မဲ့ မ်ား ထိုင္ခ် လိုက္ရင္ေတာ့ ေသခ်ာတယ္ ဖင္ကို ေႁမြကိုက္ မွာပါပဲ ။

အစ ပထမကေတာ့ သူက ႐ိုး႐ိုးေႁမြလို႔ ထင္တာ ဖမ္းၿပီးဆြဲ ထုတ္လိုက္မွ ေႁမြေဟာက္ႀကီး ျဖစ္ေနမွန္းသိလိုက္ ရတယ္ ။ အိမ္သာက ကာဂိုေထာင္ ေဘးနားက အျပင္ အိမ္သာပါ ။

သူက ေႁမြမွန္း သိတာနဲ႔ အနီးအနား က လူေတြကို လွမ္းေခၚေတာ့ ေႁမြဖမ္း ကြၽမ္းက်င္တဲ့ သူတစ္ေယာက္က သူ ဖမ္းေပးမယ္ဆိုၿပီး ႀကိဳးကို ကြင္းေလွ်ာ လုပ္ကာ ဖမ္းလိုက္ ပါတယ္ ။

ေႁမြေခါင္း ကြင္းေလွ်ာမွာ မိမိခ်င္း ကိုပဲ ေႁမြက အားနဲ႔ ႐ုန္းၿပီး ႏွာမႈတ္ပါ ေတာ့တယ္ ။

ခက္ခက္ ခဲခဲ ဆြဲထုတ္ ၿပီးမွာေတာ့ ေႁမြက ေတာ္ေတာ္ ႀကီးတဲ့ အေကာင္မွန္း သိလိုက္ ရတယ္ ။ သတိမူ မိလိုက္လို႔ ကံေကာင္းသြား တာပါ ။

အဲ့ဒိ ဗီဒီယိုဖိုင္ကို သူက လိုင္းေပၚ တင္လိုက္ေတာ့ ေတာ္ေတာ္လႈပ္လႈပ္ခတ္ခတ္ ျဖစ္သြား ၾကပါတယ္ ။

ေမာင္ယႆ REF: world of buzz

Unicode
ကံကောင်းလို့မသေ သံချောင်းတို့အဖေ

မြွေဟောက် ဆိုတဲ့ အကောင်က အဆိပ်ပြင်းတဲ့ မြွေ အမျိုး အစားလေ ။ မြွေဟောက် ပေါက်ခံ လိုက်ရပြီဆို ဆေးမမီ လို့ကတော့ အသက်ရှင်ဖို့ မလွယ်လှ ပါဘူး ။

အကောင်းဆုံး ကတော့ မြွေပေါတဲ့အရပ် ဆိုရင် သွား သတိ စားသတိနဲ့ နေပေါ့ ၊ အခုဆိုရင် အိမ်သာ တက်ရင်တောင် သတိထားပြီး တက်ရ ပါလိမ့်မယ် ။ ဘန်ကောက်က ထိုင်း တစ်ယောက် ကံကောင်း သွားပုံကို ကြည့်ပါဦး ။

အိမ်သာ တက်ချင်လို့ ရေအိမ် ထဲကို ဝင်လာတာ ဘိုထိုင် ထဲမှာ လှုတ်လှုတ် မြင်လို့ ဂရုစိုက်ပြီး ကြည့်လိုက်တာ အထဲမှာ မြွေဟောက် တစ်ကောင် ရောက်နေတယ် ။

မြွေဟောက် က တော်တော် ကြီးတယ် ။ အမှုမဲ့ အမှတ်မဲ့ များ ထိုင်ချ လိုက်ရင်တော့ သေချာတယ် ဖင်ကို မြွေကိုက် မှာပါပဲ ။

အစ ပထမကတော့ သူက ရိုးရိုးမြွေလို့ ထင်တာ ဖမ်းပြီးဆွဲ ထုတ်လိုက်မှ မြွေဟောက်ကြီး ဖြစ်နေမှန်းသိလိုက် ရတယ် ။ အိမ်သာက ကာဂိုထောင် ဘေးနားက အပြင် အိမ်သာပါ ။

သူက မြွေမှန်း သိတာနဲ့ အနီးအနား က လူတွေကို လှမ်းခေါ်တော့ မြွေဖမ်း ကျွမ်းကျင်တဲ့ သူတစ်ယောက်က သူ ဖမ်းပေးမယ်ဆိုပြီး ကြိုးကို ကွင်းလျှော လုပ်ကာ ဖမ်းလိုက် ပါတယ် ။

မြွေခေါင်း ကွင်းလျှောမှာ မိမိချင်း ကိုပဲ မြွေက အားနဲ့ ရုန်းပြီး နှာမှုတ်ပါ တော့တယ် ။

ခက်ခက် ခဲခဲ ဆွဲထုတ် ပြီးမှာတော့ မြွေက တော်တော် ကြီးတဲ့ အကောင်မှန်း သိလိုက် ရတယ် ။ သတိမူ မိလိုက်လို့ ကံကောင်းသွား တာပါ ။

အဲ့ဒိ ဗီဒီယိုဖိုင်ကို သူက လိုင်းပေါ် တင်လိုက်တော့ တော်တော်လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား ကြပါတယ် ။

မောင်ယဿ REF: world of buzz