လႈိင္ သာယာ၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)၊ သန္လ်င္ၿမိဳ႕နယ္တို႔မွာ က်ပ္ ၆၆ သိန္းေက်ာ္ကေန က်ပ္သိန္း ၆၀၀ အထိ တန္ဖိုးနည္း၊တန္ဖိုးသင့္ အခန္းေတြကို ေရာင္းခ်ေပးေတာ့မယ္လို႔ ၿမိဳ႕ျပနဲ႔ အိမ္ရာဖြံၿဖိဳးေရးဦးစီးဌာနကေန သိရပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ ေ႐ႊလင္ပန္း အပိုင္း (၂) နဲ႔ အပိုင္း (၃) ၊ က်န္စစ္မင္းအိမ္ရာ၊ ထီးလႈိင္ရွင္ အိမ္ရာ၊ ေ႐ႊလင္ပန္း Commerical Area၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ယုဇနအပိုင္း (၁) (၂)၊ ကေနာင္၊ ႐ိုးမ အိမ္ရာ၊ သန္လ်င္ၿမိဳ႕နယ္ သီလဝါ အိမ္ရာ စီမံကိန္းေတြကို ေရာင္းခ်ေပးမယ္လို႔ ေၾကညာထားတာပါ။အိမ္ခန္းဝယ္ယူလိုခြင့္ရွိသူေတြဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္ေန႔အထိ CHID ဘဏ္မွာ အိမ္ရာ စုေဆာင္းေငြ စာရင္းဖြင့္လွစ္ထားရွိၿပီး စုေဆာင္းေငြ အနည္းဆုံး သိန္း (၃၀) ရွိရမယ္လို႔ ေၾကညာထားတာပါ။

ဝယ္ယူလိုပါက ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ (၂၄) ရက္ေန႔ အတြင္း ဘဏ္စာအုပ္မူရင္း၊ မိတၱဳယူေဆာင္ကာ အမွတ္ (၂၂၈/၂၃၄) ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံၿဖိဳးေရးဦးစီးဌာန၊ ဗိုလ္တေထာင္ၿမိဳ႕နယ္မွာ အိမ္ခန္းဝယ္ယူလိုေၾကာင္း အမည္စာရင္းလာေရာက္ေပးသြင္းႏိုင္တယ္လို႔ သိရပါတယ္။

အမည္စာရင္းေပးသြင္းသူေတြကို အခန္းအေရအတြက္ေပၚမူတည္ၿပီး CHID ဘဏ္ရဲ႕ Down Payment Seniority အလိုက္ အမည္စာရင္းေတြကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၂၈ ရက္ေန႔မွာ ထပ္မံ အသိေပးေၾကျငာမွာျဖစ္ၿပီး ဇန္နဝါရီလ ၃၀ နဲ႔ ၃၁ ရက္ေတြမွာ မဲႏႈိက္ေရာင္းခ်ေပးသြားမယ္လို႔ ဆိုပါတယ္။ေရာင္းခ်မယ့္ အိမ္ရာစီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး စီမံကိန္းအခ်က္အလက္ေတြကို CHID Facebook Page နဲ႔ DUHD Sale Housing Facebook Page မွာ ဝင္ေရာက္ၾကည့္ရႈႏိုင္တယ္လို႔လည္း သိရပါတယ္။

ဓူဝံ

Unicode

လှိုင် သာယာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သန်လျင်မြို့နယ်တို့မှာ ကျပ် ၆၆ သိန်းကျော်ကနေ ကျပ်သိန်း ၆၀၀ အထိ တန်ဖိုးနည်း၊တန်ဖိုးသင့် အခန်းတွေကို ရောင်းချပေးတော့မယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်း အပိုင်း (၂) နဲ့ အပိုင်း (၃) ၊ ကျန်စစ်မင်းအိမ်ရာ၊ ထီးလှိုင်ရှင် အိမ်ရာ၊ ရွှေလင်ပန်း Commerical Area၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ယုဇနအပိုင်း (၁) (၂)၊ ကနောင်၊ ရိုးမ အိမ်ရာ၊ သန်လျင်မြို့နယ် သီလဝါ အိမ်ရာ စီမံကိန်းတွေကို ရောင်းချပေးမယ်လို့ ကြေညာထားတာပါ။အိမ်ခန်းဝယ်ယူလိုခွင့်ရှိသူတွေဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ CHID ဘဏ်မှာ အိမ်ရာ စုဆောင်းငွေ စာရင်းဖွင့်လှစ်ထားရှိပြီး စုဆောင်းငွေ အနည်းဆုံး သိန်း (၃၀) ရှိရမယ်လို့ ကြေညာထားတာပါ။

ဝယ်ယူလိုပါက ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ အတွင်း ဘဏ်စာအုပ်မူရင်း၊ မိတ္တုယူဆောင်ကာ အမှတ် (၂၂၈/၂၃၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်မှာ အိမ်ခန်းဝယ်ယူလိုကြောင်း အမည်စာရင်းလာရောက်ပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

အမည်စာရင်းပေးသွင်းသူတွေကို အခန်းအရေအတွက်ပေါ်မူတည်ပြီး CHID ဘဏ်ရဲ့ Down Payment Seniority အလိုက် အမည်စာရင်းတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထပ်မံ အသိပေးကြေငြာမှာဖြစ်ပြီး ဇန်နဝါရီလ ၃၀ နဲ့ ၃၁ ရက်တွေမှာ မဲနှိုက်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ရောင်းချမယ့် အိမ်ရာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး စီမံကိန်းအချက်အလက်တွေကို CHID Facebook Page နဲ့ DUHD Sale Housing Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်း သိရပါတယ်။

ဓူဝံ