ေရႊဇနီးေမာင္ႏွံ ရဲ့ အိမ္ေထာင္ေရးကေတာ့ ပရိသတ္ေတြၾကားမွာ အားက်ရေလာက္စရာ လူငယ္ အိမ္ေထာင္ေရး တစ္ခုပါ။ လက္ရွိပိုင္ဆိုင္ထားတဲ့ အိမ္ေထာင္ေရးအေၾကာင္းကိုလည္း သူက ေျပာျပခဲ့ပါေသးတယ္။

ေရႊမႈံရတီနဲ႔ ေရႊထူးတို႔ရဲ့ အိမ္ေထာင္ေရးကေတာ့ တစ္ႏွစ္ေက်ာ္ ၾကာလာခဲ့ၿပီျဖစ္ပါတယ္။ ေရႊမႈံကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ေရကူးကန္က ဓာတ္ပုံကိုတင္ခဲ့တဲ့အေၾကာင္း မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ သဲက အခု က်န္းမာေရးေကာင္းပါတယ္။ ရိုးရိုးဖ်ားတာေလာက္ပဲရွိတာ။ အရင္တုန္းကလို ေဆး႐ုံတက္ရ တာမ်ိဳးေတာ့ မရွိဘူး။ ေရကေတာ့ ကူးမွာပဲ ကိုေရႊထူးနဲ႔ စိတ္ေကာက္တဲ့ အခ်ိန္ ေရကူးတဲ့ပုံတင္လိုက္တာ။ မသိမသာေလး ေရကူးတာေပါ့” ဆိုၿပီးေတာ့ ရယ္ရယ္ေမာေမာနဲ႔ ေျပာျပခဲ့ပါတယ္။ေရႊ ဇနီးေမာင္ႏွံရဲ့ အိမ္ေထာင္ေရးကိုေတာ့ အားက်တဲ့ ပရိသတ္ေတြ အမ်ားႀကီးပါ။ ဒါေပမယ့္ ေရႊမႈံရတီက သူကိုယ္တိုင္ ခံယူထားတဲ့ အခ်စ္ကိုေတာ့ အခုလို အဓိပၸာယ္ဖြင့္ဆိုလာပါတယ္။

“ သဲရဲ့ အခ်စ္ကေတာ့ ရိုးရွင္းပါတယ္။ တခ်ိဳ႕အရာေတြမွာေတာ့ ခ်စ္သူဆိုရင္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈယူရတာပဲ။ လင္မယားဆိုလည္းနားလည္မႈ ယူရတယ္။ လင္မယား ဆိုတာက ပိုၿပီးေတာ့ေတာင္ နားလည္မႈ ယူရတာပါပဲ။ သူျဖစ္ခ်င္တာကိုပဲ သူ စိတ္ခ်မ္းသာေအာင္ အတတ္နိုင္ဆုံး ထားပါတယ္” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၆ ရက္ေန႔က “မိုက္မဲခ်စ္” ႐ုပ္ရွင္ဇာတ္ကား အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ေရႊမႈံရတီနဲ႔ ေရႊထူးတို႔ ဇနီးေမာင္ႏွံကေတာ့ မၾကာခင္မွာ “ကမ္း” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အတူတြဲ သ႐ုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ သူတို႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ ေတြ႕ဆုံတဲ့ ဒုတိယေျမာက္ ႐ုပ္ရွင္ကားႀကီးျဖစ္ပါတယ္။ ပထမအႀကိမ္ စတင္ေတြ႕ဆုံခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကား ကေတာ့ ဒါရိုက္တာ ညႊန႔္ျမန္မာညီညီေအာင္ ရိုက္ကူးတဲ့ ဧည့္သည္ ႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္ပါတယ္။ ဒီဇာတ္ကားကို ၂၀၁၉ ခုႏွစ္အတြင္းမွာ ႐ုံတင္ျပသခဲ့ၿပီးပါၿပီ။

ေရႊထူး(Htoo Khant)နဲ႔ ေရႊမႈန္ရတီ(Shwe Mhone Yati)တို႔ ဟာ၂၀၁၈ခုႏွစ္ ေအာက္တိုဘာ(၃၀) ရက္ေန႔ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ၿပီး နိုဝင္ဘာ(၉) ရက္ေန႔မွာ ေမွာ္ဘီၿမိဳ႕နယ္မွာ ရွိတဲ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းေကၽြး အလႉျပဳလုပ္ခဲ့ပါတယ္။

အဲဒီေနာက္ မဂၤလာညစာစားပြဲကိုေတာ့ နိုဝင္ဘာလ ၁၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အင္းယားလိတ္ဟိုတယ္ မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေရႊထူးကလည္း ဂီတအလုပ္ေတြကို တစိုက္မတ္မတ္လုပ္ကိုင္ေနသူျဖစ္သလို ေရႊမႈံရတီကလည္း တီဗီေၾကာ္ျငာေတြ၊ ႐ုပ္ရွင္ဇာတ္ကားေတြရိုက္ကူးေနတာကို ေတြ႕ရပါတယ္။

Credit

Unicode

ရွှေဇနီးမောင်နှံ ရဲ့ အိမ်ထောင်ရေးကတော့ ပရိသတ်တွေကြားမှာ အားကျရလောက်စရာ လူငယ် အိမ်ထောင်ရေး တစ်ခုပါ။ လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကိုလည်း သူက ပြောပြခဲ့ပါသေးတယ်။

ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ အိမ်ထောင်ရေးကတော့ တစ်နှစ်ကျော် ကြာလာခဲ့ပြီဖြစ်ပါတယ်။ ရွှေမှုံကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရေကူးကန်က ဓာတ်ပုံကိုတင်ခဲ့တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ သဲက အခု ကျန်းမာရေးကောင်းပါတယ်။ ရိုးရိုးဖျားတာလောက်ပဲရှိတာ။ အရင်တုန်းကလို ဆေးရုံတက်ရ တာမျိုးတော့ မရှိဘူး။ ရေကတော့ ကူးမှာပဲ ကိုရွှေထူးနဲ့ စိတ်ကောက်တဲ့ အချိန် ရေကူးတဲ့ပုံတင်လိုက်တာ။ မသိမသာလေး ရေကူးတာပေါ့” ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။ရွှေ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကိုတော့ အားကျတဲ့ ပရိသတ်တွေ အများကြီးပါ။ ဒါပေမယ့် ရွှေမှုံရတီက သူကိုယ်တိုင် ခံယူထားတဲ့ အချစ်ကိုတော့ အခုလို အဓိပ္ပာယ်ဖွင့်ဆိုလာပါတယ်။

“ သဲရဲ့ အချစ်ကတော့ ရိုးရှင်းပါတယ်။ တချို့အရာတွေမှာတော့ ချစ်သူဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုယူရတာပဲ။ လင်မယားဆိုလည်းနားလည်မှု ယူရတယ်။ လင်မယား ဆိုတာက ပိုပြီးတော့တောင် နားလည်မှု ယူရတာပါပဲ။ သူဖြစ်ချင်တာကိုပဲ သူ စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ထားပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့က “မိုက်မဲချစ်” ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ရွှေမှုံရတီနဲ့ ရွှေထူးတို့ ဇနီးမောင်နှံကတော့ မကြာခင်မှာ “ကမ်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတွဲ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူတို့ ဇနီးမောင်နှံ နှစ်ယောက် တွေ့ဆုံတဲ့ ဒုတိယမြောက် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ပထမအကြိမ် စတင်တွေ့ဆုံခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ကတော့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့ပြီးပါပြီ။

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေထူးကလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်သလို ရွှေမှုံရတီကလည်း တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။

Credit