အစၥေရး ရဲ႕ တိုက္ေလယာဥ္ေတြဟာ အီရန္အပါအဝင္ အေရွ႕အလယ္ပိုင္းက ဘယ္ေနရာကိုမဆို လာႏိုင္တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ၎ႏိုင္ငံရဲ႕ ရန္သူေတာ္ အီရန္ကို တိုက္႐ိုက္ေျပာဆို သတိေပးလိုက္ပါတယ္။

အေ မရိကန္ Lockheed Martin ကုမၸဏီက ထုတ္လုပ္တဲ့ F-35 တိုက္ေလယာဥ္ေတြကို ေလတပ္အေျခစိုက္စခန္းတစ္ခုမွာ ေနတန္ယာဟု လာေရာက္ၾကည့္ရႈၿပီး ေျပာဆိုခဲ့တာကို ဗီဒီယို ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

“သိပ္မၾကာေသးခင္္က အီရန္ဟာ အစၥေရးကို ဖ်က္ဆီးပစ္မယ္ဆိုၿပီး ၿခိမ္းေျခာက္တယ္။ သူတို႔ဖက္က ေကာင္းေကာင္း သိထားရမွာက အစၥေရးရဲ႕ တိုက္ေလယာဥ္ေတြဟာ အီရန္နဲ႔ ဆီးရီးယားအပါအဝင္ အေရွ႕အလယ္ပိုင္းက ဘယ္ေနရာမဆို လာေရာက္ႏိုင္တယ္ဆိုတာပဲ။ အစၥေရးကိုလာၿပီးရန္စရင္ အီရန္တစ္ႏိုင္ငံလုံးကို ဗုံးႀကဲဖ်က္စီးျပစ္မယ္လို႔” လို႔ ေနတန္ယာဟုက ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုအေနနဲ႔ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း အီရန္အေပၚ ဆန႔္က်င္ၿပီး ေျပာဆိုလာေနခဲ့တာလည္း ျဖစ္ပါတယ္။ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြနဲ႔ ခ်ဳပ္ဆိုထားတဲ့ ၂၀၁၅ န်ဴကလီးယားသေဘာတူညီခ်က္ ကတိကဝတ္ေတြကိုအီရန္ႏိုင္ငံ မလိုက္နာေတာ့ေၾကာင္း ေၾကညာခဲ့တာနဲ႔ ပင္လယ္ေကြ႕မွာ ေရနံတင္သေဘၤာေတြ တိုက္ခိုက္ခံရမႈေတြ ျဖစ္ပြားအၿပီး ေနာက္ပိုင္း ခုလို ေျပာဆိုလာခဲ့တာလည္း ျဖစ္ပါတယ္။

န်ဴကလီးယားစာခ်ဳပ္ပါ ယူေရနီယံ ထုတ္လုပ္တဲ့ ပမာဏထက္ တိုးထုတ္မယ္ဆိုတဲ့ အီရန္ရဲ႕ ေၾကညာခ်က္ဟာ အႏၲရာယ္မ်ားတဲ့ ေျခလွမ္းပဲလို႔ ေနတန္ယာဟုက ေျပာခဲ့ပါတယ္။

Ref – CNN

Unicode

အစ္စရေး ရဲ့ တိုက်လေယာဉ်တွေဟာ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းက ဘယ်နေရာကိုမဆို လာနိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၎င်းနိုင်ငံရဲ့ ရန်သူတော် အီရန်ကို တိုက်ရိုက်ပြောဆို သတိပေးလိုက်ပါတယ်။

အေ မရိကန် Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ F-35 တိုက်လေယာဉ်တွေကို လေတပ်အခြေစိုက်စခန်းတစ်ခုမှာ နေတန်ယာဟု လာရောက်ကြည့်ရှုပြီး ပြောဆိုခဲ့တာကို ဗီဒီယို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“သိပ်မကြာသေးခင််က အီရန်ဟာ အစ္စရေးကို ဖျက်ဆီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့ဖက်က ကောင်းကောင်း သိထားရမှာက အစ္စရေးရဲ့ တိုက်လေယာဉ်တွေဟာ အီရန်နဲ့ ဆီးရီးယားအပါအဝင် အရှေ့အလယ်ပိုင်းက ဘယ်နေရာမဆို လာရောက်နိုင်တယ်ဆိုတာပဲ။ အစ္စရေးကိုလာပြီးရန်စရင် အီရန်တစ်နိုင်ငံလုံးကို ဗုံးကြဲဖျက်စီးပြစ်မယ်လို့” လို့ နေတန်ယာဟုက ပြောပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟုအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီရန်အပေါ် ဆန့်ကျင်ပြီး ပြောဆိုလာနေခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူညီချက် ကတိကဝတ်တွေကိုအီရန်နိုင်ငံ မလိုက်နာတော့ကြောင်း ကြေညာခဲ့တာနဲ့ ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားအပြီး နောက်ပိုင်း ခုလို ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။

နျူကလီးယားစာချုပ်ပါ ယူရေနီယံ ထုတ်လုပ်တဲ့ ပမာဏထက် တိုးထုတ်မယ်ဆိုတဲ့ အီရန်ရဲ့ ကြေညာချက်ဟာ အန္တရာယ်များတဲ့ ခြေလှမ်းပဲလို့ နေတန်ယာဟုက ပြောခဲ့ပါတယ်။

Ref – CNN