အ ဆိုေတာ္အစၥဏီ ကို ေထာင္ဒဏ္ခ်မွတ္လိုက္ ရ တဲ့ အဓိကအေၾကာင္းအရင္း ကို ေျပာျပလာ တဲ့ တာေမြၿမိဳ႕နယ္ တရားသူႀကီး

အဆိုေတာ္ အစၥဏီနဲ႔ စူးရွထက္တို႔အမႈကို ပရိသတ္ႀကီးတို႔လည္း သိၾကမွာပါ…. ၂၀၁၈ ခုႏွစ္တည္းက တရားရင္ဆိုင္ခဲ့ရတဲ့ အဆိုပါအမႈဟာ ၁ ႏွစ္ခြဲေက်ာ္အၾကာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၇ ရက္ေန႔က ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီ ျဖစ္ပါတယ္….. အဓမၼက်င့္ ႏွိပ္စက္မႈနဲ႔ တရားရင္ဆိုင္ခဲ့ရတာျဖစ္ၿပီးေတာ့ တရားလို စူးရွထက္က ေက်ေအးေပးခဲ့ေပမဲ့ ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္ခံခဲ့ရတာပါ…

ဒီလို ၇ ႏွစ္ခ်မွတ္ခံလိုက္ရတဲ့အတြက္ အစၥဏီအတြက္ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေနၾကၿပီး ျပစ္ဒဏ္အေပၚမွာလည္း ေဝဖန္မႈေတြ ရွိေနတာျဖစ္ပါတယ္…ေက်ေအးေပးေပမဲ့ ဒီလို ေထာင္ ၇ ႏွစ္ခ်မွတ္လိုက္တဲ့အေၾကာင္းကိုေတာ့ တာေမြတရား႐ုံးက ျပန္ၾကားေရးအရာရွိက ဖြင့္ဟေျပာဆိုခဲ့ပါတယ္…

ဒါကေတာ့ ခုလိုေက်ေအးေပးေပမဲ့ ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၄၉၄ အရ လႊတ္ေပးလို႔မရဘဲ လူငယ္ေတြ အတုယူမမွားေအာင္ စံနမူနာအျဖစ္ေဆာင္ရြက္ခဲ့တာလို႔ ဆိုပါတယ္…ခုလို ျပစ္ဒဏ္ခ်မွတ္တာကလည္း လက္စားေခ်တဲ့ သေဘာမဟုတ္ဘဲ သင့္ေတာ္တဲ့ျပစ္ဒဏ္ကို လူငယ္ေတြအတုခိုးမမွားေအာင္ ခ်မွတ္တာလို႔ သိရပါတယ္… ဒီျပစ္ဒဏ္ဟာလည္း ေလၽွာ့ထားတာျဖစ္ၿပီး ပုဒ္မ ၃၂၄ ဆိုရင္ ျပစ္ဒဏ္ ၃ ႏွစ္အထိ..ပုဒ္မ ၃၂၃ ဆိုရင္ ၁ ႏွစ္အထိ …. ပုဒ္မ ၃၇၆ ကေတာ့ ၁၀ ႏွစ္အထိ ခ်လို႔ရေပမယ့္ ျပစ္ဒဏ္အားလုံးေပါင္းကို ၇ ႏွစ္ခ်ၿပီးေတာ့ ေဆာင္ရြက္ထားတာပါ” လို႔ အဆိုပါအရာရွိက ဆိုခဲ့တာပါ….

ခုလိုခ်မွတ္ခံရတဲ့ အစၥဏီအေနနဲ႔လည္း အယူခံဝင္နိုင္တယ္လို႔ သိရၿပီး လက္ရွိမွာေတာ့ အစၥဏီ့ပရိသတ္ေတြကလည္း စိတ္မေကာင္းျဖစ္ၿပီး အဆင္ေျပပါေစလို႔ ဆုေတာင္းေပးေနၾကပါတယ္…

Writer – HW (Shwe Yaung Lan)

Unicode

အ ဆိုတော်အစ္စဏီ ကို ထောင်ဒဏ်ချမှတ်လိုက် ရ တဲ့ အဓိကအကြောင်းအရင်း ကို ပြောပြလာ တဲ့ တာမွေမြို့နယ် တရားသူကြီး

အဆိုတော် အစ္စဏီနဲ့ စူးရှထက်တို့အမှုကို ပရိသတ်ကြီးတို့လည်း သိကြမှာပါ…. ၂၀၁၈ ခုနှစ်တည်းက တရားရင်ဆိုင်ခဲ့ရတဲ့ အဆိုပါအမှုဟာ ၁ နှစ်ခွဲကျော်အကြာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်….. အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားရင်ဆိုင်ခဲ့ရတာဖြစ်ပြီးတော့ တရားလို စူးရှထက်က ကျေအေးပေးခဲ့ပေမဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရတာပါ…

ဒီလို ၇ နှစ်ချမှတ်ခံလိုက်ရတဲ့အတွက် အစ္စဏီအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပြီး ပြစ်ဒဏ်အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်…ကျေအေးပေးပေမဲ့ ဒီလို ထောင် ၇ နှစ်ချမှတ်လိုက်တဲ့အကြောင်းကိုတော့ တာမွေတရားရုံးက ပြန်ကြားရေးအရာရှိက ဖွင့်ဟပြောဆိုခဲ့ပါတယ်…

ဒါကတော့ ခုလိုကျေအေးပေးပေမဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ လွှတ်ပေးလို့မရဘဲ လူငယ်တွေ အတုယူမမှားအောင် စံနမူနာအဖြစ်ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်…ခုလို ပြစ်ဒဏ်ချမှတ်တာကလည်း လက်စားချေတဲ့ သဘောမဟုတ်ဘဲ သင့်တော်တဲ့ပြစ်ဒဏ်ကို လူငယ်တွေအတုခိုးမမှားအောင် ချမှတ်တာလို့ သိရပါတယ်… ဒီပြစ်ဒဏ်ဟာလည်း လျှော့ထားတာဖြစ်ပြီး ပုဒ်မ ၃၂၄ ဆိုရင် ပြစ်ဒဏ် ၃ နှစ်အထိ..ပုဒ်မ ၃၂၃ ဆိုရင် ၁ နှစ်အထိ …. ပုဒ်မ ၃၇၆ ကတော့ ၁၀ နှစ်အထိ ချလို့ရပေမယ့် ပြစ်ဒဏ်အားလုံးပေါင်းကို ၇ နှစ်ချပြီးတော့ ဆောင်ရွက်ထားတာပါ” လို့ အဆိုပါအရာရှိက ဆိုခဲ့တာပါ….

ခုလိုချမှတ်ခံရတဲ့ အစ္စဏီအနေနဲ့လည်း အယူခံဝင်နိုင်တယ်လို့ သိရပြီး လက်ရှိမှာတော့ အစ္စဏီ့ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ပြီး အဆင်ပြေပါစေလို့ ဆုတောင်းပေးနေကြပါတယ်…

Writer – HW (Shwe Yaung Lan)