လူရွှ င်တော် အဖွဲ့ ရဲ့ တာဝန်ပျက်ကွက်မှုတွေကို ဖွင့်ချလိုက် တဲ့ လူရွှင်တော် ဦးကောင်း ကျော်

လူရွှင်တော်တစ်ဦးဖြစ်တဲ့ ဦးကောင်းကျော်ဟာ သူ့ရဲ့ ပြောင်မြောက်တဲ့ ဟာသတွေနဲ့အတူ ပရိသတ်ကို ရသမြောက်စွာရယ်မောပျော်ရွှင်စေနိုင်သူတစ်ဦးဖြစ်ပါတယ်….လူရွှင်တော်လောကကို အတော်သံယောဇဉ်ရှိသူတစ်ဦးဖြစ်ပြီး ပြောစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်းထောက်ပြပြောဆိုတတ်သူတစ်ဦးဖြစ်ပါတယ်…..ဒါ့အပြင်သူဟာ လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ပြန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး မကြာသေးမီအချိန်က ဒီအလုပ်ကနေ သူ့သဘောနဲ့ သူနှုတ်ထွက်ကြောင်း ကြေညာချက်ရေးခဲ့ပါတယ်…

လူရွှင်တော်လောကကိုအလွန်သံယောဇဉ်ကြီးသူတစ်ဦးက ခုလို နှုတ်ထွက်သွားတဲ့အပေါ် အားလုံးကလည်း အံ့သြနေကြတာဖြစ်ပြီး ဘာကြောင့်ခုလိုနှုတ်ထွက်ရသလဲဆိုတာကိုလည်း သိချင်နေကြတာပါ…အကြောင်းရင်းကို ရေရေရာရာမသိရပေမဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ဖော်ရေးသားခဲ့တဲ့ စာအရတော့ အသင်းရဲ့ တာဝန်ပေါ့လျော့မှုတွေကို စိတ်သဘောမတွေ့တဲ့ပုံပါပဲ…

ဦးကောင်းကျော်ရေးသားခဲ့တာကတော့ “မပြောချင်ပေမဲ့ ပြောရပါဦးမည် ။ ဖြစ်စဉ် (၁)….လူရွှင်တော် အသင်းရဲ့ကန်တော့ခံသက်ကြီး ဦးဝါဂွမ်း ကင်ဆာရောဂါဖြင့် ပြည်သူဆေးရုံကြီးသို့တက်ရောက် ဆေးကုသနေရကြောင်း သိသိခြင်း အကြောင်းကြား သတင်းပို့ပေးခဲ့သော်လည်းဆေးရုံမှပြန်ဆင်း လာခဲ့သည်အထိအသင်းမှမည်သူမျှ မသွားကြဘူး။

ဖြစ်စဉ်(၂)………လူရွှင်တော်အသင်းရဲ့အသင်းဝင်ဟားညီနောင် အဖွဲ့မှ လူရွှင်တော်လေး နိုးတူး အကြောတွေအားနည်းပြီး ဆိုင်းကုန်လို့ ရန်ကုန်ဆေးရုံကြီးကို တင်လိုက်ရကြောင်း သိသိချင်း အသင်းကို အကြောင်းကြား အသိပေးခဲ့ပေမဲ့ ဆေးရုံ ကနေသာပြန်ဆင်းလာတယ်….အသင်းက ဘယ်သူမှ ရောက်မလာကြဘူး ။ လူရွှင်တော်အသင်းဖွဲ့စည်းခဲ့တဲ့ရည်ရွယ်ချက်က သက်ကြီးဟာသပညာရှင်ဆရာများကို ကူညီထောက်ပံ့ကန်တော့ရန်နှင့် အသင်းဝင်လူရွှင်တော်များ ယခုလိုကျမ္မာရေးချို့ယွင်းတာ အရေးပေါ်ဖြစ်ခဲ့ရင် တတ်နိုင်သလောက် ကူညီပေးကြဖို့ဖြစ်တယ် ။

(ဦးဝါဂွမ်း ) သက်ကြီးကန်တော့ခံ ပညာရှင်။ (နိုးတူး) အသင်းကိစ္စများ တက်ကြွစွာပါဝင်ပေးခဲ့သူတစ်ဦး။ ပြောချင်တာက အသင်းကငွေကြေးထောက်ပံ့မှုထက် အသင်းသားတစ်ယောက် နာယကတစ်ယောက် အခုလိုဖြစ်ရင် လူကိုယ်တိုင် သွားပြီးအားပေးတာ ထောက်ပံ့တာ မျိုး ကိုကာယကံရှင်တွေကတောင်းတ တတ်ကြစမြဲပါ….ငွေထက်တန်ဖိုးကြီးတဲ့ အလေးထားမှုကပိုပြီးအရေးကြီးပါတယ်။ ဖြစ်ဖြစ်ချင်အချိန်နဲ့တစ်ပြေးညီ သတင်းပို့ခဲ့ပေမဲ့ ဘယ်သူမှ မသွားခဲ့ကြဘူး…ပွဲရာသီမို့ မအားကြတာသိပေမဲ့ အားတဲ့သူများကို တာဝန်ရှိကြသူများကလမ်းညွှန်မှာကြားပြီး သွားခိုင်းလို့မရပေဘူးလား ?????

အသင်းကတာဝန်ရှိတဲ့သူတွေအကုန်လုံးမအားဘူးဆိုတာကတော့ဖြစ်ခဲလှပါတယ် ????မတော်လို့များ ကိုသွားပြီးထောက်ပံ့ပေးမှ ဆေးဝါးကုသမှုလုပ်ရမဲ့သူမျိုးဆိုအခုလို လုပ်ပုံမျိုးနဲ့ဆို အသက်တောင် မီလိုက်မှာမဟုတ်ဘူး ????ယခုလို မေတ္တာ စေတနာတရားတာဝန် များ ပေါ့လျော့နေပုံမျိုးနဲ့အသင်းရဲ့အနာဂါတ် ကတော့ ???ကိုင်း မပြောချင်ပေမဲ့ ပြောလိုက်ပြီဗျာ ????? ကောင်းကျော်လူရွှင်တော်..” ဆိုပြီး အသင်းရဲ့ တာဝန်ပေါ့လျော့မှုတွေကို ပြောပြခဲ့တာပါ….
ဒါကြောင့် ဦးကောင်းကျော်ဟာ ဒီအချက်တွေကိုမကြိုက်လို့များ ပြန်ကြားရေးမှူးတာဝန်ကနေ နှုတ်ထွက်လိုက်သလားဆိုပြီး ပရိသတ်တွေက ထင်မြင်ယူဆနေကြပါတယ်…..

Writer – HW (Shwe Yaung Lan)
Source : U Kaung Kyaw

Zawgyi

လူရႊ င္ေတာ္ အဖြဲ႕ ရဲ့ တာဝန္ပ်က္ကြက္မႈေတြကို ဖြင့္ခ်လိုက္ တဲ့ လူရႊင္ေတာ္ ဦးေကာင္း ေက်ာ္

လူရႊင္ေတာ္တစ္ဦးျဖစ္တဲ့ ဦးေကာင္းေက်ာ္ဟာ သူ႔ရဲ့ ေျပာင္ေျမာက္တဲ့ ဟာသေတြနဲ႔အတူ ပရိသတ္ကို ရသေျမာက္စြာရယ္ေမာေပ်ာ္ရႊင္ေစနိုင္သူတစ္ဦးျဖစ္ပါတယ္….လူရႊင္ေတာ္ေလာကကို အေတာ္သံေယာဇဥ္ရွိသူတစ္ဦးျဖစ္ၿပီး ေျပာစရာရွိရင္လည္း ပြင့္ပြင့္လင္းလင္းေထာက္ျပေျပာဆိုတတ္သူတစ္ဦးျဖစ္ပါတယ္…..ဒါ့အျပင္သူဟာ လူရႊင္ေတာ္အသင္း(ရန္ကုန္)ရဲ့ ျပန္ၾကားေရးမႉးတာဝန္ကို ထမ္းေဆာင္ေနသူတစ္ဦးျဖစ္ၿပီး မၾကာေသးမီအခ်ိန္က ဒီအလုပ္ကေန သူ႔သေဘာနဲ႔ သူႏႈတ္ထြက္ေၾကာင္း ေၾကညာခ်က္ေရးခဲ့ပါတယ္…

လူရႊင္ေတာ္ေလာကကိုအလြန္သံေယာဇဥ္ႀကီးသူတစ္ဦးက ခုလို ႏႈတ္ထြက္သြားတဲ့အေပၚ အားလုံးကလည္း အံ့ၾသေနၾကတာျဖစ္ၿပီး ဘာေၾကာင့္ခုလိုႏႈတ္ထြက္ရသလဲဆိုတာကိုလည္း သိခ်င္ေနၾကတာပါ…အေၾကာင္းရင္းကို ေရေရရာရာမသိရေပမဲ့ သူ႔ရဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာ ထုတ္ေဖာ္ေရးသားခဲ့တဲ့ စာအရေတာ့ အသင္းရဲ့ တာဝန္ေပါ့ေလ်ာ့မႈေတြကို စိတ္သေဘာမေတြ႕တဲ့ပုံပါပဲ…

ဦးေကာင္းေက်ာ္ေရးသားခဲ့တာကေတာ့ “မေျပာခ်င္ေပမဲ့ ေျပာရပါဦးမည္ ။ ျဖစ္စဥ္ (၁)….လူရႊင္ေတာ္ အသင္းရဲ့ကန္ေတာ့ခံသက္ႀကီး ဦးဝါဂြမ္း ကင္ဆာေရာဂါျဖင့္ ျပည္သူေဆး႐ုံႀကီးသို႔တက္ေရာက္ ေဆးကုသေနရေၾကာင္း သိသိျခင္း အေၾကာင္းၾကား သတင္းပို႔ေပးခဲ့ေသာ္လည္းေဆး႐ုံမွျပန္ဆင္း လာခဲ့သည္အထိအသင္းမွမည္သူမၽွ မသြားၾကဘူး။

ျဖစ္စဥ္(၂)………လူရႊင္ေတာ္အသင္းရဲ့အသင္းဝင္ဟားညီေနာင္ အဖြဲ႕မွ လူရႊင္ေတာ္ေလး နိုးတူး အေၾကာေတြအားနည္းၿပီး ဆိုင္းကုန္လို႔ ရန္ကုန္ေဆး႐ုံႀကီးကို တင္လိုက္ရေၾကာင္း သိသိခ်င္း အသင္းကို အေၾကာင္းၾကား အသိေပးခဲ့ေပမဲ့ ေဆး႐ုံ ကေနသာျပန္ဆင္းလာတယ္….အသင္းက ဘယ္သူမွ ေရာက္မလာၾကဘူး ။ လူရႊင္ေတာ္အသင္းဖြဲ႕စည္းခဲ့တဲ့ရည္ရြယ္ခ်က္က သက္ႀကီးဟာသပညာရွင္ဆရာမ်ားကို ကူညီေထာက္ပံ့ကန္ေတာ့ရန္ႏွင့္ အသင္းဝင္လူရႊင္ေတာ္မ်ား ယခုလိုက်မၼာေရးခ်ိဳ႕ယြင္းတာ အေရးေပၚျဖစ္ခဲ့ရင္ တတ္နိုင္သေလာက္ ကူညီေပးၾကဖို႔ျဖစ္တယ္ ။

(ဦးဝါဂြမ္း ) သက္ႀကီးကန္ေတာ့ခံ ပညာရွင္။ (နိုးတူး) အသင္းကိစၥမ်ား တက္ႂကြစြာပါဝင္ေပးခဲ့သူတစ္ဦး။ ေျပာခ်င္တာက အသင္းကေငြေၾကးေထာက္ပံ့မႈထက္ အသင္းသားတစ္ေယာက္ နာယကတစ္ေယာက္ အခုလိုျဖစ္ရင္ လူကိုယ္တိုင္ သြားၿပီးအားေပးတာ ေထာက္ပံ့တာ မ်ိဳး ကိုကာယကံရွင္ေတြကေတာင္းတ တတ္ၾကစျမဲပါ….ေငြထက္တန္ဖိုးႀကီးတဲ့ အေလးထားမႈကပိုၿပီးအေရးႀကီးပါတယ္။ ျဖစ္ျဖစ္ခ်င္အခ်ိန္နဲ႔တစ္ေျပးညီ သတင္းပို႔ခဲ့ေပမဲ့ ဘယ္သူမွ မသြားခဲ့ၾကဘူး…ပြဲရာသီမို႔ မအားၾကတာသိေပမဲ့ အားတဲ့သူမ်ားကို တာဝန္ရွိၾကသူမ်ားကလမ္းညႊန္မွာၾကားၿပီး သြားခိုင္းလို႔မရေပဘူးလား ?????

အသင္းကတာဝန္ရွိတဲ့သူေတြအကုန္လုံးမအားဘူးဆိုတာကေတာ့ျဖစ္ခဲလွပါတယ္ ????မေတာ္လို႔မ်ား ကိုသြားၿပီးေထာက္ပံ့ေပးမွ ေဆးဝါးကုသမႈလုပ္ရမဲ့သူမ်ိဳးဆိုအခုလို လုပ္ပုံမ်ိဳးနဲ႔ဆို အသက္ေတာင္ မီလိုက္မွာမဟုတ္ဘူး ????ယခုလို ေမတၱာ ေစတနာတရားတာဝန္ မ်ား ေပါ့ေလ်ာ့ေနပုံမ်ိဳးနဲ႔အသင္းရဲ့အနာဂါတ္ ကေတာ့ ???ကိုင္း မေျပာခ်င္ေပမဲ့ ေျပာလိုက္ၿပီဗ်ာ ????? ေကာင္းေက်ာ္လူရႊင္ေတာ္..” ဆိုၿပီး အသင္းရဲ့ တာဝန္ေပါ့ေလ်ာ့မႈေတြကို ေျပာျပခဲ့တာပါ….
ဒါေၾကာင့္ ဦးေကာင္းေက်ာ္ဟာ ဒီအခ်က္ေတြကိုမႀကိဳက္လို႔မ်ား ျပန္ၾကားေရးမႉးတာဝန္ကေန ႏႈတ္ထြက္လိုက္သလားဆိုၿပီး ပရိသတ္ေတြက ထင္ျမင္ယူဆေနၾကပါတယ္…..

Writer – HW (Shwe Yaung Lan)
Source : U Kaung Kyaw