








unicode အခုအသစ်ထွက်တဲ့ တစ်ထောင်ကျပ်တန် ငွေစက္ကူနှင့် တစ်သောင်းတန်း ငွေစက္ကူဟာ အတော်လေး ဆင်တူနေတာကို တွေ့ရပါတယ်

ဒီလို ဆင်တူတဲ့ အပေါ်မှာလဲ လူအများက ဝေဖန် ပြောဆို နေကြပါတယ်…ဒီလို ဝေဖန်တဲ့ အထဲတွင် နိုင်ငံကျော် အနုပညာရှင် များလဲ ပါဝင်ပြောဆို ထောက်ပြကြတာကို တွေ့ရပါတယ်

အဆိုတော် ယုံးလေးကဆို “ငါတို့ နိုင်ငံကြီးလဲ ဘာလုပ်လုပ်ကို အဆုံးထိ အပေါက်လမ်းမတည့်ဘူး ။ သတ္တဝါတွေ နေရာ မှာ ဗိုလ်ချူပ်ပုံပါတဲ့ ပုံထုပ်တာ အရမ်းအဓိပ္ပါယ်ရှိတဲ့ အရာပါ။

တစ်သောင်းတန် နဲ့ မှားနိုင်တာကို မစဉ်းစားနိုင်တာတော့ နိုင်ငံ စီးပွားရေး အဆင်မပြေတဲ့ အချိန် အရင်ထက် အကြံဖန် သမားတွေ ပိုများတယ်လေ ကွိုင်တွေလာဦးမှာ ။

အရောင်လေး ခွဲလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ ။ အရင် ၁၀၀၀ တန် ဆိုအစိမ်းရောင်ဆိုတာ အားလုံးသိတယ်။ အစိမ်းရောင် ပဲထုပ်ရင် ဘာဖြစ်မှာမို့လို့လဲ ။” ဆိုပြီး ထောက်ပြ ထားပါတယ်

ဒီလို တစ်သောင်းတန်နှင့် တစ်ထောင်တန် မှားယွင်း နိုင်တယ်ဆိုတာကို Duwun ကနေပြီးတော့ လက်တွေ့စမ်းသတ်မှု့ ရုပ်သံ တစ်ခု ပြုလုပ်ထားပါတယ်

ရုပ်သံထဲမှာ တစ်သောင်းတန်နှင့် တစ်ထောင်တန် ရောပြီး ငွေပေးချေတာ ပြုလုပ်ခဲ့ပါတယ်…ဒီလို ငွေးချေတာကို တော်တော် များများက သတိမပြုမိကြပါဘူး

သတိမပြုမိတဲ့အထဲမှာ ဘဏ်တစ်ခုရဲ့ ဝန်ထမ်း တစ်ယောက်ပါ ဝင်နေတာကို တွေ့ခဲ့ရပြီး သူဟာ ပိုက်ဆံကို စက်နဲ့ စစ်ဆေးပြီး လက်ခံခဲ့တာပါ

သို့သော်လဲ စက်လဲ မသိခဲ့ပါဘူး ခင်ဗျာ…စမ်းသတ်ထားတဲ့ အပြည့်အစုံကို ရုပ်သံမှာ ဆက်လက်ကြည့်လိုက်ပါအုံးနော်…Source – Duwun/writer by Chartake(Sweet Love)

ရုပ္သံႀကည့္ရန္