လၽွပ္ စစ္ မီးမထြက္ ဘဲ ပိေတာက္ ခြဲသားမ်ားသာထုတ္ေပး တဲ့ မီးစက္မ်ား ျမန္မာျပည္မွာ ထုတ္လုပ္

ျပည္ သူပူးေပါင္းပါဝင္မႈျဖင့္ လူထုအေျချပဳေစာင့္ ၾကပ္ၾကည့္ရႈသတင္းပို႔စနစ္ CMRS ျဖင့္ သတင္းေပးပို႔ခ်က္အရ ၈-၁-၂၀၂၀ ရက္ေန႔ (၀၉:၀၀)နာရီအခ်ိန္တြင္

မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးခရိုင္၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနမွ သစ္​ေတာဝန္ထမ္းမ်ား၊ (၁၆)မိုင္စစ္ေဆးေရးစခန္းတာဝန္က် သသစ္ေတာဝန္ထမ္းမ်ားႏွင့္

​ေက်ာက္​ေခ်ာ​ေက်းရြာတာဝန္ခံတို႔ပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မႏၲေလး-ျပင္ဦးလြင္ကားလမ္း၊ ေက်ာက္ေခ်ာဘိနယ္သစ္ေတာစခန္းေရွ႕တြင္

မႏၲ​ေလးဘက္မွ ျပင္ဦးလြင္ဘက္သို႔​ေမာင္းႏွင္လာ​ေသာ ယာဥ္အမွတ္ MDY xx/xxxx SUZUKI အအျဖဴေရာင္ယာဥ္ေပၚမွ

မီးစက္ပုံးခြံအလြတ္အတြင္းထည့္သြင္းသယ္​ေဆာင္လာသည့္ တရားမဝင္ ပိေတာက္ခြဲသား (၂၈)ေခ်ာင္း (ဝ.၈၁၉၄)တန္အား

ယာဥ္ေမာင္း ဦးေအာင္ေက်ာ္သက္(×/×××(နိုင္)××××××)၊ ယာဥ္ေနာက္လိုက္ ဦးေဇာ္မ်ိဳးဦး (×/×××(နိုင္)××××××)တို႔ႏွင့္အတူဖမ္းဆီးရမိခဲ့သျဖင့္ သစ္ေတာဥပေဒႏွင့္အညီအ​ေရးယူနိုင္​ေရး စီစဥ္ေဆာင္ရြက္လၽွက္ရွိပါသည္။။

Myo Thant Aung

Unicode

လျှပ် စစ် မီးမထွက် ဘဲ ပိတောက် ခွဲသားများသာထုတ်ပေး တဲ့ မီးစက်များ မြန်မာပြည်မှာ ထုတ်လုပ်

ပြည် သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့် ကြပ်ကြည့်ရှုသတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၁-၂၀၂၀ ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်​တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သသစ်တောဝန်ထမ်းများနှင့်

​ကျောက်​ချော​ကျေးရွာတာဝန်ခံတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ ကျောက်ချောဘိနယ်သစ်တောစခန်းရှေ့တွင်

မန္တ​လေးဘက်မှ ပြင်ဦးလွင်ဘက်သို့​မောင်းနှင်လာ​သော ယာဉ်အမှတ် MDY xx/xxxx SUZUKI အအဖြူရောင်ယာဉ်ပေါ်မှ

မီးစက်ပုံးခွံအလွတ်အတွင်းထည့်သွင်းသယ်​ဆောင်လာသည့် တရားမဝင် ပိတောက်ခွဲသား (၂၈)ချောင်း (ဝ.၈၁၉၄)တန်အား

ယာဉ်မောင်း ဦးအောင်ကျော်သက်(×/×××(နိုင်)××××××)၊ ယာဉ်နောက်လိုက် ဦးဇော်မျိုးဦး (×/×××(နိုင်)××××××)တို့နှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် သစ်တောဥပဒေနှင့်အညီအ​ရေးယူနိုင်​ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။။

Myo Thant Aung