နှင်း ဆီပန်းတွေဟာ ပန်းတွေထဲမှာ အလှဆုံးပန်းတွေဖြစ်တယ်ဆိုတာ လုံးဝငြင်းစရာမရှိပါဘူး။ ဒီလိုလှပတဲ့ တော်ဝင်နှင်းဆီတွေကို အိမ်မှာတင်လွယ်ကူစွာစိုက်ပျိုးနိုင်ပါတယ်။

အိ မ်မှာနှင်းဆီစိုက်ပျိုးချင်သူတွေအတွက် ရွေးချယ်စရာနည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ အာလူးနဲ့ နှင်းဆီပင်စိုက်ပျိုးနည်း လျှို့ဝှက်ချက်လေးကို ဝေမျှပေးလိုက်ပါတယ်နော်..

လိုအပ်တဲ့စ္စည်းလေးတွေကတော့ ဒီမှာပါ

လတ်လတ်ဆတ်ဆတ်ဖြတ်ထားတဲ့ ၈လက်မခန့်အရှည်ရှိတဲ့ နှင်းဆီကိုင်းတစ်ကိုင်း (အပွင့်ပါရမည်)

အာလူး (တစ်လုံးကို နှင်းဆီတစ်ကိုင်းစာ)

ခဲတံ သို့မဟုတ် ရှည်ပြီး ချွန်တဲ့ တုတ်ချောင်းတစ်ခု

အပင်ဟော်မုန်းဆေး (အမြစ်အတွက် သုံးသောဆေးတစ်မျိုး)

ပလတ်စတစ်ဘူးခွံအလွတ်

ပန်းအိုး (ကြိုက်နှစ်သက်ရာ)

ကဲ..ဒီပစ္စည်းလေးတွေစုံပြီဆိုရင်တော့ နည်းလမ်းလေးကို ဆက်ဖတ်ကြည့်လိုက်နော်။

နှင်းဆီပွင့်ကို ညှပ်ပစ်လိုက်ပါ။ အောက်ခြေကနေ ထက်ဝက်အတွင်းမှာရှိတဲ့ အရွက်တွေကိုလည်း ညှပ်ရပါမယ်။ နှင်းဆီပွင့်ရဲ့ အညှာလေးကိုပါ ဖြတ်လိုက်ပါ။ အောက်ခြေနားမှာရှိနေတဲ့ ဆူးတွေကိုလည်း ဖြုတ်လိုက်ပါ။ ပန်းအိုးထဲမှာ မြေဆွေးနဲ့ မြေကြီးတွေကိုထည့်ပြီး စိုထိုင်းထိုင်းလေးဖြစ်သွားအောင် ရေအနည်းငယ်ထည့်ပြီး ရောမွှေပေးရပါတယ်..

ပန်းပင်ရဲ့အောက်ခြေကို ဟော်မုန်းပေါင်ဒါ သို့ အဆီထဲမှာ နှစ်လိုက်ပါ။ ပြီးရင်တော့ အာလူးကို ထွင်းပြီး နှင်းဆီပင်ကို ထိုးစိုက်လိုက်ပါ။ ပြီးရင်တော့ အာလူးကို မြေကြီးထဲမှာ မြှုပ်ထားလိုက်ပါ။ ပလတ်စတစ်ဘူးလွတ်ရဲ့ အောက်ခြေကို ဖြတ်လိုက်ပါ။ ပြီးရင်တော့ နှင်းဆီကိုင်းလေးကို ရေဘူးနဲ့ အုပ်လိုက်ပါ။

မြေကြီးကို တစ်ရက်ခြားတစ်ခါရေလောင်းပေးရပါမယ်။ အရမ်းစိုနေအောင်တော့ မလောငး်ပါနဲ့ဦး။

နေပြင်းပြင်းထဲမှာလည်းမထားရပါဘူး။ နေရတဲ့နေရာဒါပေမယ့် အရမး်နေမစူးတဲ့နေရာမှာထားပေးရမှာပါ။

မြေသြဇာလည်း ထည့်ပေးရမှာပါ။

နှစ်လလောက်အကြာမှာတော့ သင့်ရဲ့ နှင်းဆီပင်လေးကောင်းမွန်စွာရှင်သန်ပြီး အပွင့်လေးတွေပွင့်လာတော့မှာပါ။

CD အန်တီမေ

အာလူးကို အသံုးျပဳျပီး ႏွင္းဆီပန္းပင္ လြယ္ကူစြာ စိုက္ပ်ိဳးနည္း လွ်ိဳ႕ဝွက္ခ်က္

ႏွင္းဆီပန္းေတြဟာ ပန္းေတြထဲမွာ အလွဆံုးပန္းေတြျဖစ္တယ္ဆိုတာ လံုးဝျငင္းစရာမရွိပါဘူး။ ဒီလိုလွပတဲ့ ေတာ္ဝင္ႏွင္းဆီေတြကို အိမ္မွာတင္လြယ္ကူစြာစိုက္ပ်ိဳးႏိုင္ပါတယ္။

အိမ္မွာႏွင္းဆီစိုက္ပ်ိဳးခ်င္သူေတြအတြက္ ေရြးခ်ယ္စရာနည္းလမ္းေတြအမ်ားၾကီးရွိတဲ့အထဲကမွ အာလူးနဲ႔ ႏွင္းဆီပင္စိုက္ပ်ိဳးနည္း လွ်ိဳ႕ဝွက္ခ်က္ေလးကို ေဝမွ်ေပးလိုက္ပါတယ္ေနာ္..

လိုအပ္တဲ့စၥည္းေလးေတြကေတာ့ ဒီမွာပါ

လတ္လတ္ဆတ္ဆတ္ျဖတ္ထားတဲ့ ၈လက္မခန္႔အရွည္ရွိတဲ့ ႏွင္းဆီကိုင္းတစ္ကိုင္း (အပြင့္ပါရမည္)

အာလူး (တစ္လံုးကုိ ႏွင္းဆီတစ္ကိုင္းစာ)

ခဲတံ သို႔မဟုတ္ ရွည္ျပီး ခၽြန္တဲ့ တုတ္ေခ်ာင္းတစ္ခု

အပင္ေဟာ္မုန္းေဆး (အျမစ္အတြက္ သံုးေသာေဆးတစ္မ်ိဳး)

ပလတ္စတစ္ဘူးခြံအလြတ္

ပန္းအိုး (ၾကိဳက္ႏွစ္သက္ရာ)

ကဲ..ဒီပစၥည္းေလးေတြစံုျပီဆုိရင္ေတာ့ နည္းလမ္းေလးကို ဆက္ဖတ္ၾကည့္လိုက္ေနာ္။

ႏွင္းဆီပြင့္ကို ညွပ္ပစ္လုိက္ပါ။ ေအာက္ေျခကေန ထက္ဝက္အတြင္းမွာရွိတဲ့ အရြက္ေတြကိုလည္း ညွပ္ရပါမယ္။ ႏွင္းဆီပြင့္ရဲ႕ အညွာေလးကိုပါ ျဖတ္လိုက္ပါ။ ေအာက္ေျခနားမွာရွိေနတဲ့ ဆူးေတြကိုလည္း ျဖဳတ္လိုက္ပါ။ ပန္းအိုးထဲမွာ ေျမေဆြးနဲ႔ ေျမၾကီးေတြကိုထည့္ျပီး စိုထိုင္းထိုင္းေလးျဖစ္သြားေအာင္ ေရအနည္းငယ္ထည့္ျပီး ေရာေမႊေပးရပါတယ္..

ပန္းပင္ရဲ႕ေအာက္ေျခကို ေဟာ္မုန္းေပါင္ဒါ သို႔ အဆီထဲမွာ ႏွစ္လိုက္ပါ။ ျပီးရင္ေတာ့ အာလူးကို ထြင္းျပီး ႏွင္းဆီပင္ကုိ ထိုးစိုက္လိုက္ပါ။ ျပီးရင္ေတာ့ အာလူးကုိ ေျမၾကီးထဲမွာ ျမွဳပ္ထားလိုက္ပါ။ ပလတ္စတစ္ဘူးလြတ္ရဲ႕ ေအာက္ေျခကို ျဖတ္လိုက္ပါ။ ျပီးရင္ေတာ့ ႏွင္းဆီကိုင္းေလးကို ေရဘူးနဲ႔ အုပ္လုိက္ပါ။

ေျမၾကီးကို တစ္ရက္ျခားတစ္ခါေရေလာင္းေပးရပါမယ္။ အရမ္းစိုေနေအာင္ေတာ့ မေလာငး္ပါနဲ႔ဦး။

ေနျပင္းျပင္းထဲမွာလည္းမထားရပါဘူး။ ေနရတဲ့ေနရာဒါေပမယ့္ အရမး္ေနမစူးတဲ့ေနရာမွာထားေပးရမွာပါ။

ေျမၾသဇာလည္း ထည့္ေပးရမွာပါ။

ႏွစ္လေလာက္အၾကာမွာေတာ့ သင့္ရဲ႕ ႏွင္းဆီပင္ေလးေကာင္းမြန္စြာရွင္သန္ျပီး အပြင့္ေလးေတြပြင့္လာေတာ့မွာပါ။

CD အန္တီေမ