လိပ်ပြာစံအိမ်”၊ “အချစ်ဖြင့်လွမ်းစေ”၊ “ပုဂံမြို့သူ”၊ “လေဆန်ကကြိုး”၊ “ဒဏ္ဍာရီမိုး” စတဲ့ ဇာတ်လမ်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ဒေါင်းက အခုဆိုရင် မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံးမင်းသားတစ်လက်ထဲ အပါအဝင် ဖြစ်နေပါပြီ။ ဒေါင်းရဲ့ စူးရှပြီး နက်နဲတဲ့ မျက်ဝန်းညိုတွေက မိန်းကလေးတွေ မကြွေပဲ မနေနိုင်ရတဲ့ အားသာချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ဒေါင်းက အခုဆိုရင် အားပေးသူပရိသတ်အခိုင်အမာနဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်

ပရဟိတလုပ်ငန်းတွေနဲ့ ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တတ်သူ ဒေါင်းက ဒီတစ်ခေါက်မှာလည်း ပျော်ရွှင်စေဖို့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။ ဒေါင်းက ရွှေတိဂုံဘုရား အင်္ဂါထောင့်မှာ ဘုရားပန်းကပ်၊ ရေသပ္ပာယ်ပြီး “အားလုံးပျော်ရွှင်ကြပါစေ🙏🏻🙏🏻🙏🏻” ဆိုပြီး ဆုတောင်းခဲ့ကြောင်း ပုံလေးတွေ မျှဝေပေးထားပါတယ်။

ဒေါင်းက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်းဆက်တိုက်ဆိုသလိုလုပ်ကိုင်နေလျက်ရှိတာကိုတွေ့ရပါတယ်။ဒေါင်းကတော့ အားလုံးပျော်ရွှင်စေဖို့ သူကိုယ်တိုင် တောင်းဆုပြုပေးနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Source: DAUNG – ဒေါင်း