လ မ်းမှာသွားလာလှုပ်ရှားရင်းနဲ့ပဲဖြစ်ဖြစ်၊ ပွဲတစ်ခုခုသွားတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ်သတိထားနေတဲ့ကြားက အဝတ်အထည်တွေမှာ မတော်တဆ အစွန်းအကွက်တွေဖြစ်သွားတတ်ပါတယ်။

ကိုယ်တန်ဖိုးထား နှစ်ခြိုက်ရတဲ့ အဝတ်အစားတွေမှာ အစွန်းတွေဖြစ်သွားလို့ ထပ်ဝတ်လို့မရတော့မှာကို မစိုးရိမ်ပါနဲ့။ အဝတ်အထည်ပေါ်က အစွန်းအကွက်အမျိုးမျိုးကို အိမ်မှာတင်လွယ်လွယ်ကူကူ ချွတ်လို့ရမယ့့်နည်းလေးတွေကို အခုပဲပြောပြလိုက်ပါပြီ။

မင်အစွန်းတွေကိုဖျက်ချင်ရင် နွားနို့ထဲမှာ နာရီဝက်လောက်စိမ်ထားပြီး သွားပွတ်တံလေးနဲ့ပွတ်တိုက်ပေးလိုက်ပါ။ မင်အစွန်းတွေလုံးဝပျောက်သွားပါလိမ့်မယ်။

ဆီတွေစွန်းသွားတဲ့အခါ ဆီကွက်သွားတဲ့နေရာကို ဆား ဒါမှမဟုတ် ကိုယ်လိမ်းပေါင်ဒါဖြူးထားလိုက်ပြီး မိနစ်အနည်းငယ်ကြာရင် လျှော်လိုက်ပါ။ ဆား သို့မဟုတ် ကိုယ်လိမ်းပေါင်ဒါက အဝတ်အစားပေါ်က ဆီတွေကိုစုပ်ယူသွားတာကြောင့် နဂိုအတိုင်းပြန်ဖြစ်စေပါတယ်။

လက်သည်းနီအစွန်းတွေကိုတော့ လက်သည်းဖျက်ဆေးနဲ့ပွတ်ပြီးဖျက်ပေးရင် လုံးဝပြောင်စင်သွားပါလိမ့်မယ်။အကျႌကော်လံနေရာမှာ ကြေးတွေစွဲနေရင် ခေါင်းလျှော်ရည်နဲ့လျှော်ပေးလိုက်ပါ။

အဖြူရောင်အဝတ်အထည်တွေမှာ ရွှံ့တွေပေလာတာမျိုး၊ ရေညှိတက်နေတဲ့အုတ်နံရံနဲ့ပွတ်တိုက်မိတာမျိုးတွေဖြစ်လာရင် ပေလာတဲ့နေရာကို သွားတိုက်ဆေးနဲ့ပွတ်တိုက်ပေးလိုက်ပါ။

လက်ဖက်ရည်တွေစွန်းလာရင် အဲ့ဒီစွန်းလာတဲ့အဝတ်အထည်ကိုပြောင်းပြန်လှန်ပြီး ရေအေးနဲ့ခဏလောက်စိမ်ထားပါ။ ပြီးမှ ပန်းကန်ဆေးဆပ်ပြာနဲ့လျှော်ပေးလိုက်ပါ။

ဝိုင်နီတွေစွန်းသွားရင် စွန်းသွားတဲ့နေရာမှာ မုန့်ဖုတ်ဆိုဒါနဲ့ဆားကိုရောပြီးဖြူးပေးပါ။ ၅ မိနစ်လောက်ထားပြီး ရေနွေးပူပူနဲ့လျှော်ပေးလိုက်ပါ။

အကျႌပေါ်ကိုဖယောင်းစက်တွေကျသွားခဲ့ရင် အဲ့ဒီအကျႌအပေါ်မှာ သတင်းစာစက္ကူကိုထားပြီး အဲ့ဒီအပေါ်ကနေ မီးပူနဲ့တိုက်ပေးလိုက်ပါ။ အကျႌပေါ်ကဖယောင်းစက်တွေက သတင်းစာစက္ကူပေါ်ကိုရောက်သွားပါလိမ့်မယ်။

အဝတ်အစားတွေမှာ ပီကေတွေကပ်သွားတယ်ဆိုရင်တော့ ပီကေကပ်တဲ့နေရာကို ရေခဲနဲ့ပွတ်တိုက်ပေးပြီး ဖြည်းဖြည်းချင်းခွာပေးလိုက်ပါ။

written by PP

From သမီးလေးဖတ်ဖို့ဘဝစာပေ

ခြ်တ္ရခက္တဲ့အစြန္းအထင္းေတြကို ခ်က္ခ်င္းကြ်တ္သြားေစမယ့္အိမ္တြင္းနည္းလမ္းေကာင္းမ်ား

လမ္းမွာသြားလာလႈပ္ရွားရင္းနဲ႕ပဲျဖစ္ျဖစ္၊ ပြဲတစ္ခုခုသြားတဲ့အခါမွာပဲျဖစ္ျဖစ္ ကိုယ္သတိထားေနတဲ့ၾကားက အဝတ္အထည္ေတြမွာ မေတာ္တဆ အစြန္းအကြက္ေတြျဖစ္သြားတတ္ပါတယ္။

ကိုယ္တန္ဖိုးထား ႏွစ္ျခိဳက္ရတဲ့ အဝတ္အစားေတြမွာ အစြန္းေတြျဖစ္သြားလို႕ ထပ္ဝတ္လို႕မရေတာ့မွာကို မစိုးရိမ္ပါနဲ႕။ အဝတ္အထည္ေပၚက အစြန္းအကြက္အမ်ိဳးမ်ိဳးကို အိမ္မွာတင္လြယ္လြယ္ကူကူ ခြ်တ္လို႕ရမယ့့္နည္းေလးေတြကို အခုပဲေျပာျပလိုက္ပါျပီ။

မင္အစြန္းေတြကိုဖ်က္ခ်င္ရင္ ႏြားနို႕ထဲမွာ နာရီဝက္ေလာက္စိမ္ထားျပီး သြားပြတ္တံေလးနဲ႕ပြတ္တိုက္ေပးလိုက္ပါ။ မင္အစြန္းေတြလံုးဝေပ်ာက္သြားပါလိမ့္မယ္။

ဆီေတြစြန္းသြားတဲ့အခါ ဆီကြက္သြားတဲ့ေနရာကို ဆား ဒါမွမဟုတ္ ကိုယ္လိမ္းေပါင္ဒါျဖဴးထားလိုက္ျပီး မိနစ္အနည္းငယ္ၾကာရင္ ေလွ်ာ္လိုက္ပါ။ ဆား သို႕မဟုတ္ ကိုယ္လိမ္းေပါင္ဒါက အဝတ္အစားေပၚက ဆီေတြကိုစုပ္ယူသြားတာေၾကာင့္ နဂိုအတုိင္းျပန္ျဖစ္ေစပါတယ္။

လက္သည္းနီအစြန္းေတြကိုေတာ့ လက္သည္းဖ်က္ေဆးနဲ႕ပြတ္ျပီးဖ်က္ေပးရင္ လံုးဝေျပာင္စင္သြားပါလိမ့္မယ္။အက်ႌေကာ္လံေနရာမွာ ေၾကးေတြစြဲေနရင္ ေခါင္းေလွ်ာ္ရည္နဲ႕ေလွ်ာ္ေပးလိုက္ပါ။

အျဖဴေရာင္အဝတ္အထည္ေတြမွာ ရႊံ႕ေတြေပလာတာမ်ိဳး၊ ေရညွိတက္ေနတဲ့အုတ္နံရံနဲ႕ပြတ္တိုက္မိတာမ်ိဳးေတြျဖစ္လာရင္ ေပလာတဲ့ေနရာကို သြားတိုက္ေဆးနဲ႕ပြတ္တိုက္ေပးလိုက္ပါ။

လက္ဖက္ရည္ေတြစြန္းလာရင္ အဲ့ဒီစြန္းလာတဲ့အဝတ္အထည္ကိုေျပာင္းျပန္လွန္ျပီး ေရေအးနဲ႕ခဏေလာက္စိမ္ထားပါ။ ျပီးမွ ပန္းကန္ေဆးဆပ္ျပာနဲ႕ေလွ်ာ္ေပးလိုက္ပါ။

ဝိုင္နီေတြစြန္းသြားရင္ စြန္းသြားတဲ့ေနရာမွာ မုန္႕ဖုတ္ဆိုဒါနဲ႕ဆားကိုေရာျပီးျဖဴးေပးပါ။ ၅ မိနစ္ေလာက္ထားျပီး ေရေႏြးပူပူနဲ႕ေလွ်ာ္ေပးလိုက္ပါ။

အက်ႌေပၚကိုဖေယာင္းစက္ေတြက်သြားခဲ့ရင္ အဲ့ဒီအက်ႌအေပၚမွာ သတင္းစာစကၠူကိုထားျပီး အဲ့ဒီအေပၚကေန မီးပူနဲ႕တိုက္ေပးလိုက္ပါ။ အက်ႌေပၚကဖေယာင္းစက္ေတြက သတင္းစာစကၠူေပၚကိုေရာက္သြားပါလိမ့္မယ္။

အဝတ္အစားေတြမွာ ပီေကေတြကပ္သြားတယ္ဆိုရင္ေတာ့ ပီေကကပ္တဲ့ေနရာကို ေရခဲနဲ႕ပြတ္တိုက္ေပးျပီး ျဖည္းျဖည္းခ်င္းခြာေပးလိုက္ပါ။

written by PP

From သမီးေလးဖတ္ဖို႔ဘဝစာေပ