.အေ မရိကန္ ကို ရင္ဆိုင္တဲ့ေနရာမွာ မိမိတို ့အေနျဖင့္ လံုး၀ ေနာက္မဆုတ္ဘူး ဟု အီရန္ သမၼတ ေျပာ.

ဇန္နဝါရီ ၉။ ။ အီရန္ဗိုလ္ခ်ဳပ္ႀကီးတစ္ဦး က်ဆုံးရသည့္ အေမရိကန္၏ တိုက္ခိုက္မႈကို တုံ႔ျပန္လိုက္ျခင္းသည္ အီရန္နိုင္ငံအေနျဖင့္ အေမရိကန္ကို ရင္ဆိုင္ရမွာ ေနာက္မဆုတ္ဘူးဆိုသည္ကို ျပသလိုက္ျခင္း ျဖစ္ေၾကာင္း အီရန္သမၼတ ဟတ္ဆန္ရိုဟာနီက ေျပာသည္။

“အေမရိကန္အေနနဲ႔ ရာဇဝတ္မႈ က်ဴးလြန္လာရင္ သိထားသင့္တာက ျပတ္သားတဲ့ တုံ႔ျပန္မႈကို ရင္ဆိုင္ရမယ္ဆိုတာပဲ။”ဟု ႐ုပ္ျမင္သံၾကားမိန႔္ခြန္းမွေန၍ ရိုဟာနီက ေျပာဆိုသည္။

“သူတို႔ဟာ အသိတရားရွိတယ္ဆိုရင္ ဒီအဆင့္မွာ ေနာက္ထပ္ အေရးယူလႈပ္ရွားမႈေတြ လုပ္လာလိမ့္မွာ မဟုတ္ဘူး။”ဟု အေမရိကန္ကို ရည္ညြန္းၿပီး ၎က ဆိုသည္။

အေမရိကန္၏ ေလေၾကာင္းထိုးစစ္အတြင္း အီရန္ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ က်ဆုံးခဲ့ျခင္းကို လက္တုံ႔ျပန္ၿပီး အီရတ္ရွိ အေမရိကန္စစ္စခန္းကို အီရန္က ဒုံးက်ည္တြဲမ်ား ပစ္ခတ္ခဲ့ၿပီး နာရီပိုင္းအတြင္း ရိုဟာနီက ေျပာဆိုလာျခင္း ျဖစ္သည္။

သို႔ေသာ္ အေမရိကန္ဖက္က အျခား အေရးယူလႈပ္ရွားမႈမ်ားအတြက္ အီရန္လက္နက္ကိုင္တပ္မ်ား ျပန္လည္တိုက္ခိုက္ရမည္ဆိုလၽွင္ ယခုအဆင့္ျဖင့္ လုံေလာက္မႈ ရွိမည္မဟုတ္ေၾကာင္း ၎က ဆိုသည္။

“ကၽြန္ေတာ္အျမင္ေတာ့ အေမရိကန္ဟာ ေဒသတြင္းနိုင္ငံေတြက တုံ႔ျပန္မႈႀကီးေတြနဲ႔ ရင္ဆိုင္ရလိမ့္ေတာ့မွာ ျဖစ္တယ္။”ဟု ရိုဟာနီက ေျပာခဲ့သည္။

Credit- MizzimaBurmese

Unicode

.အေ မရိကန် ကို ရင်ဆိုင်တဲ့နေရာမှာ မိမိတို ့အနေဖြင့် လုံးဝ နောက်မဆုတ်ဘူး ဟု အီရန် သမ္မတ ပြော.

ဇန်နဝါရီ ၉။ ။ အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးရသည့် အမေရိကန်၏ တိုက်ခိုက်မှုကို တုံ့ပြန်လိုက်ခြင်းသည် အီရန်နိုင်ငံအနေဖြင့် အမေရိကန်ကို ရင်ဆိုင်ရမှာ နောက်မဆုတ်ဘူးဆိုသည်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောသည်။

“အမေရိကန်အနေနဲ့ ရာဇဝတ်မှု ကျူးလွန်လာရင် သိထားသင့်တာက ပြတ်သားတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်ဆိုတာပဲ။”ဟု ရုပ်မြင်သံကြားမိန့်ခွန်းမှနေ၍ ရိုဟာနီက ပြောဆိုသည်။

“သူတို့ဟာ အသိတရားရှိတယ်ဆိုရင် ဒီအဆင့်မှာ နောက်ထပ် အရေးယူလှုပ်ရှားမှုတွေ လုပ်လာလိမ့်မှာ မဟုတ်ဘူး။”ဟု အမေရိကန်ကို ရည်ညွန်းပြီး ၎င်းက ဆိုသည်။

အမေရိကန်၏ လေကြောင်းထိုးစစ်အတွင်း အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ကျဆုံးခဲ့ခြင်းကို လက်တုံ့ပြန်ပြီး အီရတ်ရှိ အမေရိကန်စစ်စခန်းကို အီရန်က ဒုံးကျည်တွဲများ ပစ်ခတ်ခဲ့ပြီး နာရီပိုင်းအတွင်း ရိုဟာနီက ပြောဆိုလာခြင်း ဖြစ်သည်။

သို့သော် အမေရိကန်ဖက်က အခြား အရေးယူလှုပ်ရှားမှုများအတွက် အီရန်လက်နက်ကိုင်တပ်များ ပြန်လည်တိုက်ခိုက်ရမည်ဆိုလျှင် ယခုအဆင့်ဖြင့် လုံလောက်မှု ရှိမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်အမြင်တော့ အမေရိကန်ဟာ ဒေသတွင်းနိုင်ငံတွေက တုံ့ပြန်မှုကြီးတွေနဲ့ ရင်ဆိုင်ရလိမ့်တော့မှာ ဖြစ်တယ်။”ဟု ရိုဟာနီက ပြောခဲ့သည်။

Credit- MizzimaBurmese