…အီ ရန္ႏွ င့္ ေနာက္ ထပ္ စစ္ေရး ပဋိ ပကၡ ျဖစ္မည့္အေရးကို ေဒၚနယ္ထရမ့္ ေရွာင္လြဲ လိုက္ၿပီ…

ဇန္ နဝါရီ ၉ ။ ။ အီရတ္ရွိ အေမရိကန္စစ္စခန္းမ်ားကို အီရန္က ဒုံးက်ည္ပစ္လႊတ္တိုက္ခိုက္ခဲ့သည့္ျဖစ္စဥ္ ဇန္နဝါရီ ၈ ရက္ေန႔ အေစာပိုင္းက ေပၚေပါက္ၿပီးေနာက္ ယင္းေန႔မွာပင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က မိန႔္ခြန္းတစ္ရပ္ ေျပာဆိုသြားခဲ့သည္။

ယင္းသို႔ မိန႔္ခြန္းေျပာဆိုစဥ္ သမၼတ ထရမ့္သည္ အီရန္ႏွင့္အၾကား ေနာက္ထပ္ စစ္ေရးအရ ထိပ္တိုက္ေတြ႕မည့္အေျခအေနဆီ ဦးတည္ျခင္းမရွိဘဲ ေနာက္ဆုတ္ေရွာင္လြဲသည့္ သေဘာထားကို ျပသသြားခဲ့သည္။

အီရန္တို႔၏ ဒုံးက်ည္တိုက္ခိုက္မႈေၾကာင့္ အေမရိကန္တပ္ဖြဲ႕ဝင္တစ္ဦးတစ္ေယာက္မွ ထိခိုက္ဒဏ္ရာရျခင္းမရွိဘဲ ေဘးကင္းခဲ့ေၾကာင္း ထရမ့္က ယင္းမိန႔္ခြန္းထဲတြင္ ေျပာသြားသည္။

ယခုကဲ့သို႔ ဒုံးက်ည္ျဖင့္ တိုက္ခိုက္ခဲ့သည့္ အီရန္အေပၚ စီးပြားေရးအရ အေရးယူပိတ္ဆို႔မႈ လုပ္ေဆာင္သြားမည္ဟု ထရမ့္က ေျပာသြားသည္။

အလားတူ အေရွ႕အလယ္ပိုင္းေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေနတိုးအဖြဲ႕ ပိုမို ပါဝင္လုပ္ေဆာင္ေရး ေတာင္းဆိုသြားမည္ဟုလည္း ထရမ့္က ေျပာသြားသည္။

အေမရိကန္ဘက္ကေတာ့ တည္ၿငိမ္ေအးခ်မ္းမႈကို ေပြ႕ဖက္ရန္ အသင့္ရွိေနသည္ဟု ၎က ေျပာသြားသည္။

ယခုကဲ့သို႔ အီရတ္ရွိ အေမရိကန္တပ္ဖြဲ႕ဝင္တို႔၏ စခန္းမ်ားကို ဒုံးက်ည္မ်ားျဖင့္ ပစ္လႊတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အီရန္တို႔အေနျဖင့္ ေရွ႕ဆက္မတိုးေတာ့ဘဲ ေနာက္ဆုတ္သြားမည့္ပုံ ရေၾကာင္း ထရမ့္က ေျပာသြားသည္။

“ ကၽြန္ေတာ္တို႔ စစ္သည္ေတြ အားလုံး ေဘးကင္းပါတယ္၊ ေနာက္ၿပီး ကၽြန္ေတာ္တို႔ စစ္အေျခစိုက္စခန္းေတြမွာ ပ်က္စီးမႈ အနည္းငယ္ပဲ ရွိခဲ့ပါတယ္၊ ကၽြန္ေတာ္တို႔ရဲ့ ႀကီးက်ယ္တဲ့ အေမရိကန္တပ္ဖြဲ႕ေတြကေတာ့ အရာရာတိုင္းအတြက္ အသင့္ျပင္ထားၿပီးသားပါ” ဟု ထရမ့္က အိမ္ျဖဴေတာ္ မိန႔္ခြန္းတြင္ ေျပာသြားသည္။

“ ၾကည့္ရတာ အီရန္တို႔ဘက္က ရန္လိုတဲ့ လုပ္ရပ္ေတြ ထပ္မလုပ္ဘဲ ရပ္ဆိုင္းသြားမယ့္ပုံရပါတယ္၊ ဒါကလည္း စိုးရိမ္ပူပန္ေနသူအားလုံးအတြက္ ေကာင္းတဲ့ ကိစၥပါ၊ ကမၻာႀကီးအတြက္ အရမ္းေကာင္းတဲ့ ကိစၥပါ၊ အေမရိကန္ေရာ အီရတ္ပါ ဘယ္သူမွ အသက္မဆုံးရႈံးခဲ့ပါဘူး” ဟု ထရမ့္က ေျပာသြားသည္။

ယခုကိစၥအတြက္ အီရန္အေပၚ ေနာက္ထပ္ ဒဏ္ခတ္မႈ ဆန္ရွင္မ်ားသာ ခ်မွတ္မည္ဟု ထရမ့္က ေျပာသြားၿပီး စစ္ေရးအရ လက္တုန႔္ျပန္မႈ စကားကို ေျပာဆိုသြားျခင္း မရွိေပ။

MizzimaBurmese

Unicode

…အီ ရန်နှ င့် နောက် ထပ် စစ်ရေး ပဋိ ပက္ခ ဖြစ်မည့်အရေးကို ဒေါ်နယ်ထရမ့် ရှောင်လွဲ လိုက်ပြီ…

ဇန် နဝါရီ ၉ ။ ။ အီရတ်ရှိ အမေရိကန်စစ်စခန်းများကို အီရန်က ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ဇန်နဝါရီ ၈ ရက်နေ့ အစောပိုင်းက ပေါ်ပေါက်ပြီးနောက် ယင်းနေ့မှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မိန့်ခွန်းတစ်ရပ် ပြောဆိုသွားခဲ့သည်။

ယင်းသို့ မိန့်ခွန်းပြောဆိုစဉ် သမ္မတ ထရမ့်သည် အီရန်နှင့်အကြား နောက်ထပ် စစ်ရေးအရ ထိပ်တိုက်တွေ့မည့်အခြေအနေဆီ ဦးတည်ခြင်းမရှိဘဲ နောက်ဆုတ်ရှောင်လွဲသည့် သဘောထားကို ပြသသွားခဲ့သည်။

အီရန်တို့၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ဘေးကင်းခဲ့ကြောင်း ထရမ့်က ယင်းမိန့်ခွန်းထဲတွင် ပြောသွားသည်။

ယခုကဲ့သို့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည့် အီရန်အပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှု လုပ်ဆောင်သွားမည်ဟု ထရမ့်က ပြောသွားသည်။

အလားတူ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နေတိုးအဖွဲ့ ပိုမို ပါဝင်လုပ်ဆောင်ရေး တောင်းဆိုသွားမည်ဟုလည်း ထရမ့်က ပြောသွားသည်။

အမေရိကန်ဘက်ကတော့ တည်ငြိမ်အေးချမ်းမှုကို ပွေ့ဖက်ရန် အသင့်ရှိနေသည်ဟု ၎င်းက ပြောသွားသည်။

ယခုကဲ့သို့ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တို့၏ စခန်းများကို ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်တို့အနေဖြင့် ရှေ့ဆက်မတိုးတော့ဘဲ နောက်ဆုတ်သွားမည့်ပုံ ရကြောင်း ထရမ့်က ပြောသွားသည်။

“ ကျွန်တော်တို့ စစ်သည်တွေ အားလုံး ဘေးကင်းပါတယ်၊ နောက်ပြီး ကျွန်တော်တို့ စစ်အခြေစိုက်စခန်းတွေမှာ ပျက်စီးမှု အနည်းငယ်ပဲ ရှိခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ကြီးကျယ်တဲ့ အမေရိကန်တပ်ဖွဲ့တွေကတော့ အရာရာတိုင်းအတွက် အသင့်ပြင်ထားပြီးသားပါ” ဟု ထရမ့်က အိမ်ဖြူတော် မိန့်ခွန်းတွင် ပြောသွားသည်။

“ ကြည့်ရတာ အီရန်တို့ဘက်က ရန်လိုတဲ့ လုပ်ရပ်တွေ ထပ်မလုပ်ဘဲ ရပ်ဆိုင်းသွားမယ့်ပုံရပါတယ်၊ ဒါကလည်း စိုးရိမ်ပူပန်နေသူအားလုံးအတွက် ကောင်းတဲ့ ကိစ္စပါ၊ ကမ္ဘာကြီးအတွက် အရမ်းကောင်းတဲ့ ကိစ္စပါ၊ အမေရိကန်ရော အီရတ်ပါ ဘယ်သူမှ အသက်မဆုံးရှုံးခဲ့ပါဘူး” ဟု ထရမ့်က ပြောသွားသည်။

ယခုကိစ္စအတွက် အီရန်အပေါ် နောက်ထပ် ဒဏ်ခတ်မှု ဆန်ရှင်များသာ ချမှတ်မည်ဟု ထရမ့်က ပြောသွားပြီး စစ်ရေးအရ လက်တုန့်ပြန်မှု စကားကို ပြောဆိုသွားခြင်း မရှိပေ။

MizzimaBurmese