…စစ္ အေျခစိုက္ စခန္း မ်ား အား အီရန္ ဘက္ မွ တိုက္ခိုက္မည္ ကို အေမရိကန္တိုက႔ ႀကိဳသိေနခဲ့ဟု ဆို…

အီ ရတ္ ရွိ အေမရိ ကန္ႏွင့္ညြန႔္ေပါင္းမဟာမိတ္တပ္ဖြဲ႕မ်ား၏ စစ္အေျခစိုက္စခန္းမ်ားအား အီရန္တို႔က ဒုံးလက္နက္မ်ားျဖင့္ တိုက္ခိုက္မည္ကို အေမရိကန္တို႔က သိေနခဲ့ၿပီး ႀကိဳတင္သတိေပးခ်က္မ်ားလုပ္ေဆာင္နိုင္ခဲ့သည္ဟု ဆိုသည္။

အီရန္၏ ဩဇာႀကီး ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆိုေလမာနီကို ေဒၚနယ္ထရမ့္၏အမိန႔္ျဖင့္ သုတ္သင္ခဲ့ၿပီးေနာက္ အီရန္တို႔က လက္တုံ႔ျပန္သည့္အေနျဖင့္ ဇန္နဝါရီ ၈ ရက္က အီရတ္ရွိ အေမရိကန္တို႔၏ အယ္လ္အာဆတ္ႏွင့္ အယ္ဘယ္ ေလတပ္အေျခစိုက္စခန္း ၂ ခု ကို ပစ္မွတ္ထားကာ ပဲ့ထိန္းဒုံးက်ည္ ၂၂ စင္းပစ္လႊတ္၍ တိုက္ခိုက္ခဲ့သည္။

မဟာမိတ္တပ္ဖြဲ႕ ၁၅၀၀ ခန႔္ တပ္စြဲထားသည့္ ဘဂၢဒက္အေနာက္ဘက္ မိုင္ ၁၀၀ ခန႔္အကြာ အယ္လ္အာဆတ္စခန္းရွိ ေလယာဥ္႐ုံတစ္ခုမွာ ဆိုးဆိုးရြားရြားပ်က္စီးသြားခဲ့သည္။

ႀကိဳတင္သတိေပးခ်က္ေၾကာင့္ တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ လုံျခဳံမႈရွိသည့္ေနရာ၌ အကာအကြယ္ယူနိုင္ခဲ့ေၾကာင္း၊ ISIS စစ္ဆင္ေရးအတြက္ အီရတ္တြင္ ေရာက္ရွိေနသည့္ အေမရိကန္ႏွင့္ညြန႔္ေပါင္းတပ္ဖြဲ႕မ်ားသည္ အခ်ိန္မေရြးက်ေရာက္လာနိုင္သည့္ ဒုံးလက္နက္မ်ားအတြက္ စစ္ေရးေလ့က်င့္မႈမ်ား အျမဲလုပ္ေဆာင္ေနေၾကာင္း ၊ ႀကိဳတင္သတိေပးခ်က္က အလုပ္ျဖစ္ေၾကာင္း အမည္မေဖာ္လိုသူ အေမရိကန္တပ္မွ တာဝန္ရွိသူတစ္ဦးကဆိုသည္။

Credit – Mizzima Burmese

Unicode

…စစ် အခြေစိုက် စခန်း များ အား အီရန် ဘက် မှ တိုက်ခိုက်မည် ကို အမေရိကန်တိုက့ ကြိုသိနေခဲ့ဟု ဆို…

အီ ရတ် ရှိ အမေရိ ကန်နှင့်ညွန့်ပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ စစ်အခြေစိုက်စခန်းများအား အီရန်တို့က ဒုံးလက်နက်များဖြင့် တိုက်ခိုက်မည်ကို အမေရိကန်တို့က သိနေခဲ့ပြီး ကြိုတင်သတိပေးချက်များလုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

အီရန်၏ ဩဇာကြီး ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီကို ဒေါ်နယ်ထရမ့်၏အမိန့်ဖြင့် သုတ်သင်ခဲ့ပြီးနောက် အီရန်တို့က လက်တုံ့ပြန်သည့်အနေဖြင့် ဇန်နဝါရီ ၈ ရက်က အီရတ်ရှိ အမေရိကန်တို့၏ အယ်လ်အာဆတ်နှင့် အယ်ဘယ် လေတပ်အခြေစိုက်စခန်း ၂ ခု ကို ပစ်မှတ်ထားကာ ပဲ့ထိန်းဒုံးကျည် ၂၂ စင်းပစ်လွှတ်၍ တိုက်ခိုက်ခဲ့သည်။

မဟာမိတ်တပ်ဖွဲ့ ၁၅၀၀ ခန့် တပ်စွဲထားသည့် ဘဂ္ဂဒက်အနောက်ဘက် မိုင် ၁၀၀ ခန့်အကွာ အယ်လ်အာဆတ်စခန်းရှိ လေယာဉ်ရုံတစ်ခုမှာ ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့သည်။

ကြိုတင်သတိပေးချက်ကြောင့် တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံမှုရှိသည့်နေရာ၌ အကာအကွယ်ယူနိုင်ခဲ့ကြောင်း၊ ISIS စစ်ဆင်ရေးအတွက် အီရတ်တွင် ရောက်ရှိနေသည့် အမေရိကန်နှင့်ညွန့်ပေါင်းတပ်ဖွဲ့များသည် အချိန်မရွေးကျရောက်လာနိုင်သည့် ဒုံးလက်နက်များအတွက် စစ်ရေးလေ့ကျင့်မှုများ အမြဲလုပ်ဆောင်နေကြောင်း ၊ ကြိုတင်သတိပေးချက်က အလုပ်ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်တပ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

Credit – Mizzima Burmese