မၾကာေသး ခင္ က အီရတ္မွာ အေမရိကန္တို႔ရဲ့ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရန္ထိပ္တန္းတပ္မႉး ကာဆမ္ ဆိုေလမာနီ ေသဆုံးခဲ့ၿပီးေနာက္ လီဗာပူးလ္ပရိသတ္ေတြဟာ ေဒၚနယ္ထရမ့္ကို အလြန္ေဒါသထြက္ေနတယ္လို႔ Daily Express က သတင္းစာက ေရးသားခဲ့ပါတယ္။

ဇန္နဝါရီ ၂ ရက္၊ ၾကာသပေတးေန႔က အေမရိကန္တို႔ဟာ ဆိုေလမာနီကို ဘဂၢဒက္ၿမိဳ႕ နိုင္ငံတကာေလဆိပ္မွာ ဒ႐ုန္းနဲ႔ ပစ္ခတ္သုတ္သင္ခဲ့တာပါ။

ထရမ့္ရဲ့ ညႊန္ၾကားခ်က္နဲ႔ သုတ္သင္ခံခဲ့ရတဲ့ ဆိုေလမာနီဟာ အီရတ္နဲ႔ ေဒသတစ္ဝန္းမွာ အေမရိကန္တပ္သားေတြနဲ႔ နိုင္ငံသားေတြကို တိုက္ခိုက္မယ့္ အစီအစဥ္ေတြကို တက္တက္ႂကြႂကြ လုပ္ေဆာင္ေနခဲ့သူျဖတယ္လို႔ အေမရိကန္အစိုးရက အခိုင္အမာဆိုထားပါတယ္။

အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါမန္နီရဲ့ ညာလက္႐ုံးျဖစ္တဲ့ ဆိုေလမာနီအတြက္ အီရန္နဲ႔ အခ်ဳပ္အခ်ယ္ကင္းတဲ့ နိုင္ငံေတြကေန လက္စားေခ်တုံ႔ျပန္သြားမယ္လို႔ အီရန္အစိုးရက ကတိေပးခဲ့ၿပီးေနာက္ ဇန္နဝါရီ ၈ ရက္မနက္အေစာပိုင္းက အီရတ္နိုင္ငံ Irbil နဲ႔ Al Asad ရွိ အေမရိကန္စစ္အေျခစိုက္စခန္း ႏွစ္ခုကို ဒုံးလက္နက္ ဒါဇင္ေက်ာ္နဲ႔ ပစ္ခတ္ခဲ့ပါတယ္။

ဒီလက္စားေခ်မႈက အေရွ႕အလယ္ပိုင္းမွာ ထပ္မံ မတည္မၿငိမ္ျဖစ္မႈေတြနဲ႔ တတိယကမၻာစစ္ပင္ျဖစ္လာမွာကို စိုးရိမ္မႈေတြျဖစ္ေစခဲ့ပါတယ္။

လီဗာပူးလ္ပရိသတ္တစ္ေယာက္က “ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲၿပီးတဲ့အထိ က်ေနာ္တို႔ တတိယကမၻာစစ္ကို ေရွာင္လႊဲနိုင္မလား”ဆိုၿပီးေတာ့ တြစ္တာ ေရးတင္ခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ “လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ဖလားရဖို႔ ခင္ဗ်ာ ႏွစ္ေပါင္း ၃၀ ေစာင့္ဆိုင္းေနခဲ့ေပမယ့္ တတိယကမၻာစစ္က အေတာ္အတန္ စတင္ေနပါၿပီ။”

ေဒါသထြက္ေနတဲ့ ေနာက္တစ္ေယာက္ကလည္း “တကယ္ေတာ့ f**k off ပါကြာ။ ထရမ့္တစ္ေယာက္ တတိယကမၻာစစ္ကို စတင္မီးေမႊးေနပါၿပီ။ ဒါေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ ဖလားဆြတ္ခူးဖို႔ ဘယ္ေတာ့ မျဖစ္နိုင္ပါဘူး။”

ႀကိဳးၾကာနီပရိသတ္တစ္ေယာက္က “တကယ္လို႔ ထရမ့္က တတိယကမၻာစစ္ကို ဧၿပီလကုန္အထိ ေရႊ႕ထားနိုင္ရင္ လီဗာပူးလ္အသင္းဟာ ကမၻာ့ခ်န္ပီယံ၊ ဥေရာခ်န္ပီယံနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ အားလုံးျဖစ္နိုင္ပါတယ္။”လို႔ ရာသီကုန္အထိ အီရန္နဲ႔ တင္းမာမႈေတြ ေစာင့္ဆိုင္းေနေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ေနာက္တစ္ေယာက္ေတာ့ ပရီးမီးယားလိဂ္ဇယားထိပ္မွာ ၁၃ မွတ္အသာနဲ ဦးေဆာင္ေနတဲ့ လီဗာပူးလ္ကို ဖလား ေပးအပ္ဖို႔အထိေတာင္းဆိုခဲ့တယ္လို႔ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါေသးတယ္။

Credit – Mizzima Burmese

Unicode

…ထရန် ့ကြောင့် တတိယ ကမ္ဘာ့စစ်ဖြစ်လာပြီး ချန်ပီယံ ဆု မဆွတ်ခူးမှာ ကို စိုးရိမ် ပူပန်နေ တဲ့ လီဗာပူးလ် ပရိသတ်တွေက ဒေါ်သထွက်နေ…

မကြာသေးခင် က အီရတ်မှာ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းတပ်မှူး ကာဆမ် ဆိုလေမာနီ သေဆုံးခဲ့ပြီးနောက် လီဗာပူးလ်ပရိသတ်တွေဟာ ဒေါ်နယ်ထရမ့်ကို အလွန်ဒေါသထွက်နေတယ်လို့ Daily Express က သတင်းစာက ရေးသားခဲ့ပါတယ်။

ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့က အမေရိကန်တို့ဟာ ဆိုလေမာနီကို ဘဂ္ဂဒက်မြို့ နိုင်ငံတကာလေဆိပ်မှာ ဒရုန်းနဲ့ ပစ်ခတ်သုတ်သင်ခဲ့တာပါ။

ထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ သုတ်သင်ခံခဲ့ရတဲ့ ဆိုလေမာနီဟာ အီရတ်နဲ့ ဒေသတစ်ဝန်းမှာ အမေရိကန်တပ်သားတွေနဲ့ နိုင်ငံသားတွေကို တိုက်ခိုက်မယ့် အစီအစဉ်တွေကို တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့သူဖြတယ်လို့ အမေရိကန်အစိုးရက အခိုင်အမာဆိုထားပါတယ်။

အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမန်နီရဲ့ ညာလက်ရုံးဖြစ်တဲ့ ဆိုလေမာနီအတွက် အီရန်နဲ့ အချုပ်အချယ်ကင်းတဲ့ နိုင်ငံတွေကနေ လက်စားချေတုံ့ပြန်သွားမယ်လို့ အီရန်အစိုးရက ကတိပေးခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်မနက်အစောပိုင်းက အီရတ်နိုင်ငံ Irbil နဲ့ Al Asad ရှိ အမေရိကန်စစ်အခြေစိုက်စခန်း နှစ်ခုကို ဒုံးလက်နက် ဒါဇင်ကျော်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒီလက်စားချေမှုက အရှေ့အလယ်ပိုင်းမှာ ထပ်မံ မတည်မငြိမ်ဖြစ်မှုတွေနဲ့ တတိယကမ္ဘာစစ်ပင်ဖြစ်လာမှာကို စိုးရိမ်မှုတွေဖြစ်စေခဲ့ပါတယ်။

လီဗာပူးလ်ပရိသတ်တစ်ယောက်က “ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးတဲ့အထိ ကျနော်တို့ တတိယကမ္ဘာစစ်ကို ရှောင်လွှဲနိုင်မလား”ဆိုပြီးတော့ တွစ်တာ ရေးတင်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ “လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားရဖို့ ခင်ဗျာ နှစ်ပေါင်း ၃၀ စောင့်ဆိုင်းနေခဲ့ပေမယ့် တတိယကမ္ဘာစစ်က အတော်အတန် စတင်နေပါပြီ။”

ဒေါသထွက်နေတဲ့ နောက်တစ်ယောက်ကလည်း “တကယ်တော့ f**k off ပါကွာ။ ထရမ့်တစ်ယောက် တတိယကမ္ဘာစစ်ကို စတင်မီးမွှေးနေပါပြီ။ ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ဖလားဆွတ်ခူးဖို့ ဘယ်တော့ မဖြစ်နိုင်ပါဘူး။”

ကြိုးကြာနီပရိသတ်တစ်ယောက်က “တကယ်လို့ ထရမ့်က တတိယကမ္ဘာစစ်ကို ဧပြီလကုန်အထိ ရွှေ့ထားနိုင်ရင် လီဗာပူးလ်အသင်းဟာ ကမ္ဘာ့ချန်ပီယံ၊ ဥရောချန်ပီယံနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ အားလုံးဖြစ်နိုင်ပါတယ်။”လို့ ရာသီကုန်အထိ အီရန်နဲ့ တင်းမာမှုတွေ စောင့်ဆိုင်းနေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နောက်တစ်ယောက်တော့ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ၁၃ မှတ်အသာနဲ ဦးဆောင်နေတဲ့ လီဗာပူးလ်ကို ဖလား ပေးအပ်ဖို့အထိတောင်းဆိုခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။