

လင်းမြတ် က ကျိန်စာပြယ် ဒဏ္ဍါရီ ၊ ရွှေကြာဖူးသစ် စတဲ့ ဇာတ်လမ်းတွဲများ ကို သရုပ်ဆောင်ထားသလို လက်ရှိမှာ ပြသနေတဲ့ အခန်း နံပါတ် ? ဇာတ်လမ်းတွဲမှာ ရောင်ထွန်း ဇာတ်ရုပ် ကို ပီပီပြင်ပြင် သရုပ်ဆောင် နေတာ တွေရပါတယ်။




Moekalay
Source;lin myint

Unicode

မွေးနေ့ အလှူ အဖြစ် စာအုပ် လိုက်ရောင်း တဲ့ ဆရာကြီးတွေကို လှူဖြစ်တယ် ဆိုတဲ့ လင်းမြတ်

MRTV 4 မင်းသားလေး လို့ လူသိများ တဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသားချော လင်းမြတ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် လင်းမြတ် က သူ့ရဲ့ မွေးနေ့အကြို အလှူအဖြစ် တစ်အိမ်တက် တစ်အိမ်ဆင်း စာအုပ်လိုက်ရောင်းတဲ့ ဆရာကြီးတွေကို လှူဖြစ်တယ် ဆိုတဲ့ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်။

လင်းမြတ် က ကျိန်စာပြယ် ဒဏ္ဍါရီ ၊ ရွှေကြာဖူးသစ် စတဲ့ ဇာတ်လမ်းတွဲများ ကို သရုပ်ဆောင်ထားသလို လက်ရှိမှာ ပြသနေတဲ့ အခန်း နံပါတ် ? ဇာတ်လမ်းတွဲမှာ ရောင်ထွန်း ဇာတ်ရုပ် ကို ပီပီပြင်ပြင် သရုပ်ဆောင် နေတာ တွွေရပါတယ်။

ဒီတစ်ခါမှာတော့ လင်းမြတ် က ” ကိုယ့်မွေးနေ့အကြိုကုသိုလ်အဖြစ် ဒီဆရာကြီးတွေစာအုပ်လိုက်ရောင်းနေတာမကြည့်ရက်လို့ စားချင်တာစား သောက်ချင်တာသောက်ဆိုတော့ အအေးလေးပဲသောက်ပြီး စားစရာတော့အိမ်ကမိသားစုနဲ့စားပါရစေဆိုလို့ ထမင်းကြော်တွေ ခေါက်ဆွဲကြော်တွေစိတ်ကြိုက်လှူလိုက်ပါတယ် တိုင်းပြည်အတွက်တာဝန်တွေထမ်းဆောင်ပေးခဲ့တာလေးစားလို့ပါ !N.B – ကျနော့်ကိုခင်ရင် အဲ့လိုလူတွေကိုတွေ့ရင် တတ်နိုင်သလောက် လက်ဆင့်ကမ်းအလှူလေးတွေလုပ်ပေးကြပါလို့တောင်းဆိုပါတယ် 🙏🙏🙏” ဆိုပြီး ပြောထားသလို။

” ပြန်တော့ လေးစားပါတယ် ဗိုလ်ကြီးဆိုပြီးအလေးပြုတော့ ရင်ထဲနှင့်သွားတာပဲ ” ဆိုပြီး ပြောထားပါတယ်။

သရုပ်ဆောင် လင်းမြတ် ရဲ့ မွန်မြတ်တဲ့ မွေးနေ့အလှူ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။

Moekalay
Source;lin myint