မိမိတို ့ရဲ ့အေမရိကန္ တပ္ဖြဲ႕ ဝင္ တစ္ဦးတစ္ေယာက္ မွ အေသအေပ်ာက္ မရွိခဲ့ဘူး လို႔ ထရမ့္ ေျပာၿပီ

အီရတ္မွာရွိ တဲ့ အေမရိကန္ အေျခစိုက္ စခန္းႏွစ္ခု ဇန္နဝါရီ ၈ ရက္ ဗုဒၶဟူး မနက္အေစာပိုင္းမွာ ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ခံရၿပီးေနာက္ အီရန္က ေလၽွာ့သြားပုံရတယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေျပာလိုက္ပါတယ္။

အဲ ဒီတိုက္ခိုက္ခံရမႈမွာ အေမရိကန္တပ္ဖြဲ႕ဝင္ တစ္ဦးတစ္ေယာက္မွ အေသအေပ်ာက္မရွိခဲ့ဘူးလို႔ သူက ေျပာပါတယ္။ ဒါ့အျပင္ စခန္းေတြလည္း အပ်က္အစီး အနည္းဆုံး အေျခအေနမွာပဲ ရွိတယ္လို႔ ေျပာပါတယ္။

အီရတ္မွာရွိတဲ့ အယ္ဘီလ္ နဲ႔ အယ္လ္ အာဆတ္ အေမရိကန္ စစ္အေျခစိုက္စခန္း ႏွစ္ခုကို ေဒသ အခ်ိန္ မနက္ပိုင္းမွာ အီရန္ဘက္က လက္တုံ႔ျပန္တိုက္ခိုက္ခဲ့တာပါ။

အဲဒီတိုက္ခိုက္မႈဟာ အီရန္ ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ ဆူေလမာနီကို အေမရိကန္က ေသာၾကာေန႔တုန္းက တိုက္ခိုက္ခဲ့တာကို လက္စားေခ်တိုက္ခိုက္တာလို႔ အီရန္က ေျပာပါတယ္။

BBC Burmese

Unicode

မိမိတို ့ရဲ ့အမေရိကန် တပ်ဖွဲ့ ဝင် တစ်ဦးတစ်ယောက် မှ အသေအပျောက် မရှိခဲ့ဘူး လို့ ထရမ့် ပြောပြီ

အီရတ်မှာရှိ တဲ့ အမေရိကန် အခြေစိုက် စခန်းနှစ်ခု ဇန်နဝါရီ ၈ ရက် ဗုဒ္ဓဟူး မနက်အစောပိုင်းမှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရပြီးနောက် အီရန်က လျှော့သွားပုံရတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

အဲ ဒီတိုက်ခိုက်ခံရမှုမှာ အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ အသေအပျောက်မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ ဒါ့အပြင် စခန်းတွေလည်း အပျက်အစီး အနည်းဆုံး အခြေအနေမှာပဲ ရှိတယ်လို့ ပြောပါတယ်။

အီရတ်မှာရှိတဲ့ အယ်ဘီလ် နဲ့ အယ်လ် အာဆတ် အမေရိကန် စစ်အခြေစိုက်စခန်း နှစ်ခုကို ဒေသ အချိန် မနက်ပိုင်းမှာ အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုဟာ အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အမေရိကန်က သောကြာနေ့တုန်းက တိုက်ခိုက်ခဲ့တာကို လက်စားချေတိုက်ခိုက်တာလို့ အီရန်က ပြောပါတယ်။

BBC Burmese