









ကဲ…နှစ် သစ်လည်း ရောက်ပြီဆိုတော့ စိတ်သစ်၊လူသစ်နဲ့ဖြတ်သန်းဖို့ အသင့်ဖြစ်နေကြပြီဟုတ်။ဒါဆိုဒီနှစ်သစ်ရဲ့ ၁၂ ရာသီဖွားတွေကြားထဲမှာကံတရားက ဖေးမနေတဲ့ရာသီခွင်လေးတွေကကော ဘာတွေများလဲ။ဖတ်ကြည့်လိုက်ရအောင်နော်။

ကျားနှစ်ဖွား (၁၉၇၄၊ ၁၉၈၆၊ ၁၉၉၈၊၂၀၁၀၊ ၂၀၂၂၊ ၂၀၃၄ နှစ်ဖွားများ)

ကျားနှစ်ဖွားတွေအတွက်တော့ကံ ကောင်း ခြင်းတွေပြည့်နှက်နေတဲ့ နှစ်တစ်နှစ်ပေါ့။ကံကောင်းခြင်းတွေကြားထဲမှာမှ အထူးကောင်းမွန်မှာကပညာရေး၊ ပြီးတော့ငွေကြေး။အစပိုင်းမှာအတိုက်အခံနဲ့ ကြုံသလိုထင်ရပေမယ့်မပူပါနဲ့။စိတ်အားထက်သန်မှုနဲ့ ပြိုင်ဆိုင်မှုကိုနှစ်သက်တဲ့ ကျားနှစ်ဖွားတွေအတွက်အရာအားလုံး ပြေလည်သွားမှာဖြစ်ပါတယ်။

မြွေနှစ်ဖွား (၁၉၇၇၊ ၁၉၈၉၊ ၂၀၀၁၊ ၂၀၁၃၊၂၀၂၅၊ ၂၀၃၇ နှစ်ဖွားများ )

အောင်မြင်မှုတွေပိုင်ဆိုင်မယ့်နှစ်ဖြစ်ပါတယ်။ဇွဲရှိရှိနဲ့ ကြိုးစားတဲ့မြွေနှစ်ဖွားတွေရဲ့စရိုက်ကြောင့်ပညာရေး၊ငွေကြေး၊ အချစ်ရေး၊လူမှုဆက်ဆံရေးအပြင် အ လုပ်ကံကောင်းမယ့်နှစ်လည်းဖြစ်ပါတယ်။

ကြွက်နှစ်ဖွား (၁၉၇၂၊ ၁၉၈၄၊၁၉၉၆၊ ၂၀၀၈၊ ၂၀၂၀၊ ၂၀၃၂ နှစ်ဖွားများ)

စုတ်ကေ လာဘ်ကောကောင်းနေချိန်ပေါ့။ လုပ်ငန်းခွင်မှာလည်းထိပ်တန်းရောက်မှာဖြစ်သလိုအချစ်ရေးမှာလည်း FA တွေတောင် RS ချိတ်မယ့်နှစ်တစ်နှစ်ပါနော်။

နဂါးနှစ်ဖွား (၁၉၇၆၊ ၁၉၈၈၊ ၂၀၀၀၊၂၀၁၂၊ ၂၀၂၄၊၂၀၃၆ နှစ်ဖွားများ )

သြဇာကြီးမားတဲ့နဂါးနှစ်ဖွားတွေအနေနဲ့ ကျန်းမာရေးကိုတော့ဂရုပြုပေးပါ။ အ လုပ်အကိုင်၊အချစ်ရေး၊ငွေကြေးကံ ကောင်းပေမယ့်လူမှုဆက်ဆံရေးမှာ နဂါးနှစ်ဖွားတွေရဲ့ပင်ကိုယ်တကိုယ်ကောင်းဆန်စိတ်ကိုအနည်းငယ်လျော့နိုင်ရင်ဖြင့် လူချစ်လူခင်များမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။

Ref; thechinesezodiacsign