ဇန္န ဝါရီ ၈။ ။ အေမရိကန္၏ လက္ခ်က္ျဖင့္ အီရန္ထိပ္တန္းဗိုလ္ခ်ဳပ္တစ္ဦး ေသဆုံးၿပီးေနာက္ ေဒသတြင္း တင္းမာမႈျမင့္တက္လ်က္ရွိစဥ္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ရန္သူေတာ္ အီရန္အေနျဖင့္ အစၥေရးကို တိုက္ခိုက္လာပါက အဖက္ဖက္က ထိုးႏွက္တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း ဇန္နဝါရီ ၈ ရက္တြင္ သတိေပးေျပာဆိုသည္။

“ကၽြန္ေတာ္တို႔ကို တိုက္ခိုက္တဲ့ မည္သူမဆို အဖက္ဖက္ကေန ထိုးႏွက္တိုက္ခိုက္တာကို ၾကဳံရမၽွာ ျဖစ္တယ္။”ဟု ဝန္ႀကီးခ်ဳပ္ေနတန္ယာဟုက ေဂ်႐ုဆလင္က သတင္းစာရွင္းလင္းပြဲတစ္ရပ္၌ ေျပာသည္။

အီရန္ဗိုလ္ခ်ဳပ္ႀကီး က်ဆုံးရျခင္းကို လက္တုံ႔ျပန္ၿပီး အီရတ္ရွိ အေမရိကန္တပ္မ်ားကို အီရန္က ဒုံးက်ည္ျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ား ဆင္ႏြဲၿပီးေနာက္တြင္ ေနတန္ယာဟုက သတိေပးလာျခင္းလည္း ျဖစ္သည္။

ၿပီးခဲ့သည့္သီတင္းပတ္က အေမရိကန္၏ ဒ႐ုန္းတိုက္ခိုက္မႈအတြင္း ေသဆုံးေသာ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ နိုင္ငံျခားတပ္ရပ္မႉးခ်ဳပ္ ကာဆမ္သည္ အၾကမ္းဖက္ေခါင္းေဆာင္တစ္ဦးျဖစ္သည္ဟုလည္း ေနတန္ယာဟုက ေျပာဆိုခဲ့သည္။

Mizzimaburmese

Unicode

ဇန်န ဝါရီ ၈။ ။ အမေရိကန်၏ လက်ချက်ဖြင့် အီရန်ထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးပြီးနောက် ဒေသတွင်း တင်းမာမှုမြင့်တက်လျက်ရှိစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ရန်သူတော် အီရန်အနေဖြင့် အစ္စရေးကို တိုက်ခိုက်လာပါက အဖက်ဖက်က ထိုးနှက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်တွင် သတိပေးပြောဆိုသည်။

“ကျွန်တော်တို့ကို တိုက်ခိုက်တဲ့ မည်သူမဆို အဖက်ဖက်ကနေ ထိုးနှက်တိုက်ခိုက်တာကို ကြုံရမျှာ ဖြစ်တယ်။”ဟု ဝန်ကြီးချုပ်နေတန်ယာဟုက ဂျေရုဆလင်က သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောသည်။

အီရန်ဗိုလ်ချုပ်ကြီး ကျဆုံးရခြင်းကို လက်တုံ့ပြန်ပြီး အီရတ်ရှိ အမေရိကန်တပ်များကို အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆင်နွဲပြီးနောက်တွင် နေတန်ယာဟုက သတိပေးလာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးသော အီရန်တော်လှန်ရေးအစောင့်တပ် နိုင်ငံခြားတပ်ရပ်မှူးချုပ် ကာဆမ်သည် အကြမ်းဖက်ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟုလည်း နေတန်ယာဟုက ပြောဆိုခဲ့သည်။

Mizzimaburmese