ဇန္ နဝါရီ ၈ ။ ။အီရတ္ရွိ အေမရိကန္စစ္စခန္းမ်ားကို ဇန္နဝါရီ ၈ ရက္တြင္ အီရန္က ဒုံးက်ည္မ်ားျဖင့္ ပစ္လႊတ္တိုက္ခိုက္ခဲ့ရာ အေမရိကန္တပ္ဖြဲ႕ဝင္အေယာက္ ၈၀ ေသဆုံးသြားခဲ့ေၾကာင္း အီရန္ နိုင္ငံပိုင္ ႐ုပ္သံက ထုတ္ျပန္ေျပာဆိုသည္။

အီရတ္ရွိ အေမရိကန္ႏွင့္ အေမရိကန္ဦးေဆာင္ေသာ အျခားညြန႔္ေပါင္းတပ္ဖြဲ႕မ်ား အသုံးျပဳေသာ စစ္စခန္းမ်ားကို အီရန္တို႔ဘက္က ဒုံးက်ည္ ၂၂ စင္း တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း အီရတ္စစ္တပ္က ေျပာသည္။

“ ဒီ တိုက္ခိုက္မႈမွာ အနည္းဆုံး အေမရိကန္စစ္သည္ ၈၀ ေသဆုံးသြားခဲ့ပါတယ္” ဟု အီရန္နိုင္ငံပိုင္ ႐ုပ္သံဝက္ဆိုဒ္တြင္ ေဖာ္ျပသည္။

ယင္းအျပင္ အဆိုပါ တိုက္ခိုက္မႈေၾကာင့္ ေမာင္းသူမဲ့ ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား၊ အျခား စစ္ဘက္သုံးပစၥည္းမ်ားလည္း ႀကီးႀကီးမားမား ပ်က္စီးသြားခဲ့သည္ဟု အီရန္ နိုင္ငံပိုင္ ႐ုပ္သံ မီဒီယာက ေဖာ္ျပသည္။

ေဒသတြင္းရွိ အေမရိကန္ႏွင့္ ယင္း၏ မဟာမိတ္ ပစ္မွတ္ ၁၄၀ ထက္မနည္းကို အီရန္တို႔ဘက္က ခြဲထုတ္ေရြးခ်ယ္ထားၿပီးျဖစ္ေၾကာင္း၊ အကယ္၍ အေမရိကန္ဘက္က ေနာက္တစ္ႀကိမ္ အမွား က်ဴးလြန္လာခဲ့မည္ ဆိုပါက ယင္း ေရြးခ်ယ္ထားေသာ ပစ္မွတ္ ၁၄၀ ကို တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း အီရန္ ေတာ္လွန္ေရးအေစာင့္တပ္ သတင္းရင္းျမစ္တစ္ဦးက ေျပာသြားသည္။

Mizzimaburmese

ဇန် နဝါရီ ၈ ။ ။အီရတ်ရှိ အမေရိကန်စစ်စခန်းများကို ဇန်နဝါရီ ၈ ရက်တွင် အီရန်က ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင်အယောက် ၈၀ သေဆုံးသွားခဲ့ကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ပြောဆိုသည်။

အီရတ်ရှိ အမေရိကန်နှင့် အမေရိကန်ဦးဆောင်သော အခြားညွန့်ပေါင်းတပ်ဖွဲ့များ အသုံးပြုသော စစ်စခန်းများကို အီရန်တို့ဘက်က ဒုံးကျည် ၂၂ စင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အီရတ်စစ်တပ်က ပြောသည်။

“ ဒီ တိုက်ခိုက်မှုမှာ အနည်းဆုံး အမေရိကန်စစ်သည် ၈၀ သေဆုံးသွားခဲ့ပါတယ်” ဟု အီရန်နိုင်ငံပိုင် ရုပ်သံဝက်ဆိုဒ်တွင် ဖော်ပြသည်။

ယင်းအပြင် အဆိုပါ တိုက်ခိုက်မှုကြောင့် မောင်းသူမဲ့ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အခြား စစ်ဘက်သုံးပစ္စည်းများလည်း ကြီးကြီးမားမား ပျက်စီးသွားခဲ့သည်ဟု အီရန် နိုင်ငံပိုင် ရုပ်သံ မီဒီယာက ဖော်ပြသည်။

ဒေသတွင်းရှိ အမေရိကန်နှင့် ယင်း၏ မဟာမိတ် ပစ်မှတ် ၁၄၀ ထက်မနည်းကို အီရန်တို့ဘက်က ခွဲထုတ်ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်ဘက်က နောက်တစ်ကြိမ် အမှား ကျူးလွန်လာခဲ့မည် ဆိုပါက ယင်း ရွေးချယ်ထားသော ပစ်မှတ် ၁၄၀ ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ် သတင်းရင်းမြစ်တစ်ဦးက ပြောသွားသည်။

Mizzimaburmese