Cele Connections ပ ရိသတ်ကြီးရေ Myanmar Idol Season-4 ရဲ့ Top-5 တွေရဲ့ ထင်ရှားကျော်ကြားတေးသီချင်းများနဲ့ သီဆိုယှဉ်ပြိုင်မှုက တော့ ပြီးဆုံးသွားခဲ့ပါပြီ ။ ပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားပြီး အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုအကြီးကြီးလို့ဆိုရမှာပါ ။ မူရင်းအဆိုရှင်ရဲ့ သီချင်းကို ပျက်စီးမသွားအောင် ကြိုးစားယှဉ်ပြိုင်ရတဲ့အတွက် ပြိုင်ပွဲဝင်တွေအတွက် ခက်ခဲမှုတွေ ရှိခဲ့မယ်လို့ထင်ပါတယ် ။

ဒီ Week မှာတော့ မိန်း ကလေးပရိသတ်တွေရဲ့ အချစ်တော် ဘန်ဂျမင်ဆုမ်ကတော့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်ခဲ့တဲ့ တေးသံရှင် ကော်နီ သီဆိုပြီး တေးရေး ဝေကြီး ရေးသားထားတဲ့ “ဆေး” ဆိုတဲ့သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ် ။ ဒီသီချင်းကိုသီဆိုယှဉ်ပြိုင်မှုနဲ့ပတ်သက်ပြီး ဝေကြီးက အဓိက ကောင်းကောင်းဆိုစေချင်တာဖြစ်ပြီး ကိုယ့်သီချင်းပျက်သွားမှာကိုတော့ စိုးရိမ်ခဲ့တယ်လို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ လူတိုင်းက Perfect မဖြစ်တဲ့အပြင် Live သီဆိုရတာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေအတွက်လဲ တော်တော်ခက်ခဲပါတယ်လို့ ဝေကြီးက သူ့ရဲ့အမြင်တွေကို ပြောပြခဲ့ပါသေးတယ် ။

တစ်ခုစိုးရိမ်တာက မကော်သီဆိုသွားတာ အရမ်းကောင်းတယ်ဆိုတော့ သူသာတစ်ခုခုဖြစ်သွားရင် အပြောခံရမှာ ဆိုတော့ အဲ့တစ်ခုကို အရမ်းစိုးရိမ်ခဲ့ပါတယ်တဲ့ ။ ဒီညီလေး ဆိုရော ဆိုနိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ပေမယ့် အကောင်းဆုံးသီဆိုသွားနိုင်ခဲ့ပါတယ်လို့ ဝေကြီးကပြောပြခဲ့ပါတယ် ။

Source – Cele Connections