ရန္ ကုန္၊ ဇန္နဝါရီ ၈
ရန္ကုန္ၿမိဳ႕ျမန္မာ့စီးပြားေရးဘဏ္ခြဲ(၃) အနီးတြင္ တစ္ေထာင္က်ပ္တန္ဗိုလ္ခ်ဳပ္ပိုက္ဆံတစ္႐ြက္ကို ေငြႏွစ္ေထာင္က်ပ္ႏွင့္ေရာင္းခ်လွ်က္ရွိေနသည္။
“တစ္႐ြက္ကိုႏွစ္ေထာင္၊ ႏွစ္႐ြက္ကိုေလးေထာင္၊ လူတိုးရတာနဲ႕ တန္းစီတာနဲ႕ ဘာမွမထူဘူး”ဟု ဗိုလ္ခ်ဳပ္ပိုက္ဆံေရာင္းခ်သဴကေျပာသည္။
ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္မွလက္ရွိ ရန္ကုန္ၿမိဳ႕ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားတြင္ဘဏ္တစ္တစ္ခုကိုတစ္ေန႕လွ်င္ ဗိုလ္ခ်ဳပ္ပုံပါပိုက္ဆံ အ႐ြက္(၃၀၀၀)ခ်ေပးလွ်က္ရွိေၾကာင္း ဘဏ္ခြဲ(၃)ဝန္ထမ္းတစ္ဦးကေျပာသည္။
“အ႐ြက္ေရ (၃၀၀၀)ပဲခ်ေပးတာ၊ တစ္ဦးကိုႏွစ္႐ြက္ႏႈန္းနဲ႕လဲေပးတယ္။ လူ၁၅၀၀စာပဲရတယ္”ဟု၎ကေျပာသည္။
ျမန္မာ့စီးပြားေရးဘဏ္ခြဲ (၂)တြင္ ေငြေၾကးလွဲလွယ္သူမ်ားျပားျခင္းေၾကာင့္ ရပ္တန႔္ထားရေၾကာင္း အဆိုပါဘဏ္၏ တာဝန္ရွိသူေျပာသည္။
“လိုခ်င္ရင္မနက္ကိုးနာရီကတည္းကလာပါ။မနက္အေစာပိုင္းမွာ ငါး႐ြက္စီေပးတယ္။လူမ်ားလာေတာ့ တစ္ေယာက္တစ္႐ြက္ပဲရတယ္။လူေတြကတန္းစီမပ်က္ဘူး။ေနာက္ေန႕စာမက်န္မွာစိုးလို႔ အေပးရပ္လိုက္ရတယ္”ဟု၎ကေျပာသည္။
ျမန္မာ့စီးပြားေရးဘဏ္သို႔ ေငြေၾကးလာေရာက္လဲလွယ္သူတစ္ဦးက” တစ္႐ြက္ပဲရတယ္ဗ်၊ လစာထုတ္ရင္ေတာ့ မွ်ေပးမွာပဲ”ဟုေျပာသည္။
လက္ရွိဗိုလ္ခ်ဳပ္ပုံပါတစ္ေထာင္က်ပ္တန္ပိုက္ဆံကို တန္းစီစနစ္ျဖင့္ လဲလွယ္ေနရျခင္း၊ အကန႔္အသတ္ျဖင့္သာရရွိျခင္းေၾကာင့္ ေမွာင္ခိုေဈးကြက္ျဖစ္ေပၚေနၿပီး ဘဏ္သို႔လာေရာက္လဲလွယ္သူမ်ားထံမွ ေငြက်ပ္(၁၃၀၀)ျဖင့္ ျပန္လည္ဝယ္ယူမႈမ်ားလည္းရွိေနေၾကာင္း ဗိုလ္ခ်ဳပ္ပိုက္ဆံလာေရာက္လဲလွယ္သူမ်ားထံမွသိရသည္။
Unicode
ရန် ကုန်၊ ဇန်နဝါရီ ၈
ရန်ကုန်မြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ(၃) အနီးတွင် တစ်ထောင်ကျပ်တန်ဗိုလ်ချုပ်ပိုက်ဆံတစ်ရွက်ကို ငွေနှစ်ထောင်ကျပ်နှင့်ရောင်းချလျှက်ရှိနေသည်။
“တစ်ရွက်ကိုနှစ်ထောင်၊ နှစ်ရွက်ကိုလေးထောင်၊ လူတိုးရတာနဲ့ တန်းစီတာနဲ့ ဘာမှမထူဘူး”ဟု ဗိုလ်ချုပ်ပိုက်ဆံရောင်းချသူကပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလက်ရှိ ရန်ကုန်မြို့မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင်ဘဏ်တစ်တစ်ခုကိုတစ်နေ့လျှင် ဗိုလ်ချုပ်ပုံပါပိုက်ဆံ အရွက်(၃၀၀၀)ချပေးလျှက်ရှိကြောင်း ဘဏ်ခွဲ(၃)ဝန်ထမ်းတစ်ဦးကပြောသည်။
“အရွက်ရေ (၃၀၀၀)ပဲချပေးတာ၊ တစ်ဦးကိုနှစ်ရွက်နှုန်းနဲ့လဲပေးတယ်။ လူ၁၅ဝဝစာပဲရတယ်”ဟု၎င်းကပြောသည်။
မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂)တွင် ငွေကြေးလှဲလှယ်သူများပြားခြင်းကြောင့် ရပ်တန့်ထားရကြောင်း အဆိုပါဘဏ်၏ တာဝန်ရှိသူပြောသည်။
“လိုချင်ရင်မနက်ကိုးနာရီကတည်းကလာပါ။မနက်အစောပိုင်းမှာ ငါးရွက်စီပေးတယ်။လူများလာတော့ တစ်ယောက်တစ်ရွက်ပဲရတယ်။လူတွေကတန်းစီမပျက်ဘူး။နောက်နေ့စာမကျန်မှာစိုးလို့ အပေးရပ်လိုက်ရတယ်”ဟု၎င်းကပြောသည်။
မြန်မာ့စီးပွားရေးဘဏ်သို့ ငွေကြေးလာရောက်လဲလှယ်သူတစ်ဦးက” တစ်ရွက်ပဲရတယ်ဗျ၊ လစာထုတ်ရင်တော့ မျှပေးမှာပဲ”ဟုပြောသည်။
လက်ရှိဗိုလ်ချုပ်ပုံပါတစ်ထောင်ကျပ်တန်ပိုက်ဆံကို တန်းစီစနစ်ဖြင့် လဲလှယ်နေရခြင်း၊ အကန့်အသတ်ဖြင့်သာရရှိခြင်းကြောင့် မှောင်ခိုဈေးကွက်ဖြစ်ပေါ်နေပြီး ဘဏ်သို့လာရောက်လဲလှယ်သူများထံမှ ငွေကျပ်(၁၃၀၀)ဖြင့် ပြန်လည်ဝယ်ယူမှုများလည်းရှိနေကြောင်း ဗိုလ်ချုပ်ပိုက်ဆံလာရောက်လဲလှယ်သူများထံမှသိရသည်။