လာ မယ့် ဇန်နဝါရီ ဆယ်ရက်ပတ်အတွင်း တပြည်လုံးအနှံ့မိုးရွာနိုင်ပြီး ကချင်ပြည်နယ်မှာ ရွာသွန်းမြဲထက်ပိုရွာနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ဒုတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ ကချင်ပြည်နယ်မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်ခန့်ပဲ ရှိနိုင်ပါတယ်။

မြူအခြေအနေခန့်မှန်းချက်မှာတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယားနဲ့ မွန်ပြည်နယ်တို့မှာ ၆ ရက်ကနေ ၈ ရက်ခန့်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ၃ ရက်ကနေ ၅ ရက်ခန့် မနက်ပိုင်းမှာ မြူထူများဆိုင်းနိုင်ပါတယ်။

DVB TV News

လာမယ့္ ဇန္နဝါရီ ဆယ္ရက္ပတ္အတြင္း တျပည္လုံးအႏွံ႔မိုး႐ြာႏိုင္ၿပီး ကခ်င္ျပည္နယ္မွာ ႐ြာသြန္းၿမဲထက္ပို႐ြာႏိုင္တယ္လို႔ မိုးေလဝသဌာနက သတင္းထုတ္ျပန္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီ ဒုတိယ ၁၀ ရက္ပတ္အတြက္ မိုးေလဝသခန႔္မွန္းခ်က္မွာ ကခ်င္ျပည္နယ္မွာ ႐ြာသြန္းၿမဲထက္ပိုႏိုင္ၿပီး၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ႐ြာသြန္းၿမဲခန႔္ မိုး႐ြာႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ ေလဖိအားနည္းရပ္ဝန္း ၁ ႀကိမ္ ျဖစ္ေပၚႏိုင္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ရခိုင္၊ ကယား၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ဇန္နဝါရီလရဲ႕ ပ်မ္းမွ်အပူခ်ိန္ခန႔္ပဲ ရွိႏိုင္ပါတယ္။

ျမဴအေျခအေနခန႔္မွန္းခ်က္မွာေတာ့ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ မႏၲေလးတိုင္း၊ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ရခိုင္၊ ကယားနဲ႔ မြန္ျပည္နယ္တို႔မွာ ၆ ရက္ကေန ၈ ရက္ခန႔္၊ စစ္ကိုင္းတိုင္း ေအာက္ပိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္းနဲ႔ ကရင္ျပည္နယ္တို႔မွာ ၃ ရက္ကေန ၅ ရက္ခန႔္ မနက္ပိုင္းမွာ ျမဴထူမ်ားဆိုင္းႏိုင္ပါတယ္။

DVB TV Newsv