ဘု ရားပန်းထိုးဖို့ပဲဖြစ််ဖြစ်၊ အလှပန်းအိုးထိုးဖို့ပဲဖြစ်ဖြစ် ဝယ်လာတဲ့ နှင်းဆီပန်းပွင့်ရဲ့ ပင်စည်လေးကို ပြန်ပြီး အပင်အဖြစ်စိုက်ပျိုးလို့ ရပါတယ်နော်။ ကိုယ့်ရဲ့ အိမ်လေးမှာ ပန်းအိုးသေးသေးလေးနဲ့ အလွယ်တကူ စိုက်ပျိုးထားလိုက်ရုံနဲ့ နှင်းဆီပန်းလေးတွေ ဝေဝေဆာဆာ ပွင့်လာမှာပါ။

နှင်းဆီပန်းကို ဘယ်အချိန်မဆို ပြေးဝယ်လိုက််လို့ရတယ်ဆိုပေမယ့် ကိုယ့်ရဲ့ အိမ်မှာ ကိုယ်တိုင်စိုက်ပျိုးပြီးမှ ရလာတဲ့ ပန််းပွင့်လေးကိုတော့ ပိုတန်ဖိုးထားပြီး ကြည်နူးမှုတစ်မျိုးကို ပေးစွမ်းစေမှာပါ။ ကဲ ဒါဆို နှင်းဆီပန်းပွင့်ပါတဲ့ ပင်စည်လေးကို ဘယ််လိုစိုက်ပျိုးရမလဲ ပြောပြပေးချင်ပါတယ်နော်

Step 1

ပထမဆုံးအနေနဲ့ ဘယ်ပန်းပင်ပဲ စိုက်ပျိုးပါစေ မြေကောင်းကောင်းနဲ့ စိုက်ပျိုးမှ အဲဒီ့အပင်က လှလှပပ ကြီးပြင်းနိုင်မှာပါ။ အဲဒီ့တော့ စိုက်ပျိုးဖို့မြေကောင်းကောင်းလိုအပ်ပါတယ်။ စိုက်ပျိုးတဲ့နေရာမှာ မြေဆိုပြီးရောဆိုပြီး တွေ့ရာမြေနဲ့စိုက်ပျိုးရင်တော့ အဲဒီ့အပင်လေး အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ နှင််းဆီပင်လေးစိုက်ပျိုးဖို့အတွက် အစိုဓာတ်များတဲ့မြေကို ရွေးချယ်ရမှာပါ။

အစိုဓာတ်ရှိတဲ့ မြေတစ်ဝက်နဲ့ ဘဘာဝမြေသြဇာ ဥပမာ- နွားချေး လိုမျိုးရရင် ပိုကောင်းပါတယ် ဒါမှမဟုတ် ပန်းပင်အတွက် ထုတ်ထားတဲ့မြေသြဇာမြေတစ်ဝက်ကို ရောနှောပြီး စိုက်ပျိုးမယ့် ပန်းအိုးထဲမှာ လက်မအနည်းငယ်လောက် ချန်ပြီး ထည့်ပေးရပါမယ်။

Step 2

နောက််တစ်ဆင့်အနေနဲ့ နှင်းဆီပန်းပွင့်ပါတဲ့အပိုင်းကို ကပ်ကြေးနဲ့ ညှပ်ဖယ်လိုက်ပြီးတော့ ပင်စည်ကို ခုနားက မြေကြီးထဲမှာ လက်မအနည်းငယ်လောက် ထိုးပြီး စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေနည်းနည်းလောက် လောင်းပြီး အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမှာ ထားပေးရမှာ ဖြစ်ပါတယ်။

နေရောင်ခြည်တိုက်ရိုက်ထိတွေ့မယ့် နေရာမျိုးမှာ မထားသင့်ပါဘူး။ အပင်ရဲ့ အသစ်ထွက်လာမယ့် အရွက်ကလေးတွေဟာ နေရောင်ခြည်ကြောင့် ပျက်စီးသွားနိုင်တဲ့အတွက််ကြောင့် ဖြစ်ပါတယ်။

Step 3

စိုက်ပျိုးပြီးသွားရင်တော့ နှင်းဆီပင်လေးကို ဂရုတစိုက်နဲ့ စောင့်ကြည့်ဖို့ပဲ လိုပါတော့တယ်။ နှင်းဆီပင် စိုက်ပျိုးထားတဲ့မြေကို အစိုဓာတ်ရအောင် မြေကြီးခြောက်သွေ့နေပြီဆိုတာနဲ့ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းသိမ်းနိုင်အောင် ရေကို ပုံမှန်လောင်းပေးရမှာ ဖြစ်ပါတယ်။ နှစ်ပတ်၊ သုံးပတ်လောက်နေရင််တော့ အမြစ်လေးတွေထွက်လာမှာပါ။

ဒါပေမယ့် အမြစ်တွေထွက်ပြီလားဆိုပြီး ပင်စည်လေးကို ဆွဲနှုတ်မကြည့်ရပါဘူးနော်။ အမြစ်ထွက်လာရင်တော့ မကြာခင်မှာ အရွက်လေးတွေ ထွက်လာပါလိမ့်မယ်။ ဒီလိုဆို ကိုယ့်ရဲ့အိမ်လေးမှာ နှင်းဆီပင်လေးကို အလွယ်တကူစိုက်ပျိုးပြီး နှင်းဆီန့ံလေးတွေ တစ်အိမ်လုံးမွေးပျံ့နေတော့မှာပါနော်။ ဒီနည်းလမ်းလေးကို အသုံးပြုပြီး ကိုယ်တိုင်နှင်းဆီပင်လေးစိုက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Khin ခရက်ဒစ် အန်တီမေ

ႏွင္းဆီရိုးတံေလးကို အပင္ျဖစ္ေအာင္ လြယ္လြယ္ကူကူစိုက္ပ်ိဳးနည္း

ႏွင္းဆီပန္းရိုးတံေလးကို အပင္သစ္ေလးျဖစ္ေအာင္ လြယ္လြယ္ကူကူျပန္စိုက္နည္း

ဘုရားပန္းထိုးဖို႔ပဲျဖစ္္ျဖစ္၊ အလွပန္းအိုးထိုးဖို႔ပဲျဖစ္ျဖစ္ ဝယ္လာတဲ့ ႏွင္းဆီပန္းပြင့္ရဲ႕ ပင္စည္ေလးကို ျပန္ၿပီး အပင္အျဖစ္စိုက္ပ်ိဳးလို႔ ရပါတယ္ေနာ္။ ကိုယ့္ရဲ႕ အိမ္ေလးမွာ ပန္းအိုးေသးေသးေလးနဲ႔ အလြယ္တကူ စိုက္ပ်ိဳးထားလုိက္႐ံုနဲ႔ ႏွင္းဆီပန္းေလးေတြ ေဝေဝဆာဆာ ပြင့္လာမွာပါ။

ႏွင္းဆီပန္းကို ဘယ္အခ်ိန္မဆို ေျပးဝယ္လုိက္္လို႔ရတယ္ဆိုေပမယ့္ ကိုယ့္ရဲ႕ အိမ္မွာ ကိုယ္တိုင္စိုက္ပ်ိဳးၿပီးမွ ရလာတဲ့ ပန္္းပြင့္ေလးကိုေတာ့ ပိုတန္ဖိုးထားၿပီး ၾကည္ႏူးမႈတစ္မ်ိဳးကို ေပးစြမ္းေစမွာပါ။ ကဲ ဒါဆို ႏွင္းဆီပန္းပြင့္ပါတဲ့ ပင္စည္ေလးကို ဘယ္္လုိစိုက္ပ်ိဳးရမလဲ ေျပာျပေပးခ်င္ပါတယ္ေနာ္

Step 1

ပထမဆံုးအေနနဲ႔ ဘယ္ပန္းပင္ပဲ စိုက္ပ်ိဳးပါေစ ေျမေကာင္းေကာင္းနဲ႔ စိုက္ပ်ိဳးမွ အဲဒီ႔အပင္က လွလွပပ ၾကီးျပင္းႏုိင္မွာပါ။ အဲဒီ႔ေတာ့ စိုက္ပ်ိဳးဖို႔ေျမေကာင္းေကာင္းလုိအပ္ပါတယ္။ စိုက္ပ်ိဳးတဲ့ေနရာမွာ ေျမဆိုၿပီးေရာဆိုၿပီး ေတြ႕ရာေျမနဲ႔စိုက္ပ်ိဳးရင္ေတာ့ အဲဒီ႔အပင္ေလး အသက္႐ွင္ႏုိင္မွာမဟုတ္ပါဘူး။ ႏွင္္းဆီပင္ေလးစိုက္ပ်ိဳးဖုိ႔အတြက္ အစုိဓာတ္မ်ားတဲ့ေျမကို ေ႐ြးခ်ယ္ရမွာပါ။

အစိုဓာတ္႐ွိတဲ့ ေျမတစ္ဝက္နဲ႔ ဘဘာဝေျမၾသဇာ ဥပမာ- ႏြားေခ်း လုိမ်ိဳးရရင္ ပိုေကာင္းပါတယ္ ဒါမွမဟုတ္ ပန္းပင္အတြက္ ထုတ္ထားတဲ့ေျမၾသဇာေျမတစ္ဝက္ကို ေရာေႏွာၿပီး စိုက္ပ်ိဳးမယ့္ ပန္းအိုးထဲမွာ လက္မအနည္းငယ္ေလာက္ ခ်န္ၿပီး ထည့္ေပးရပါမယ္။

Step 2

ေနာက္္တစ္ဆင့္အေနနဲ႔ ႏွင္းဆီပန္းပြင့္ပါတဲ့အပိုင္းကို ကပ္ေၾကးနဲ႔ ညွပ္ဖယ္လုိက္ၿပီးေတာ့ ပင္စည္ကို ခုနားက ေျမႀကီးထဲမွာ လက္မအနည္းငယ္ေလာက္ ထိုးၿပီး စိုက္ပ်ိဳးရမွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ေရနည္းနည္းေလာက္ ေလာင္းၿပီး အလင္းေရာင္ေကာင္းေကာင္းရတဲ့ ေနရာမွာ ထားေပးရမွာ ျဖစ္ပါတယ္။

ေနေရာင္ျခည္တုိက္႐ိုက္ထိေတြ႕မယ့္ ေနရာမ်ိဳးမွာ မထားသင့္ပါဘူး။ အပင္ရဲ႕ အသစ္ထြက္လာမယ့္ အ႐ြက္ကေလးေတြဟာ ေနေရာင္ျခည္ေၾကာင့္ ပ်က္စီးသြားႏုိင္တဲ့အတြက္္ေၾကာင့္ ျဖစ္ပါတယ္။

Step 3

စိုက္ပ်ိဳးၿပီးသြားရင္ေတာ့ ႏွင္းဆီပင္ေလးကို ဂ႐ုတစိုက္နဲ႔ ေစာင့္ၾကည့္ဖို႔ပဲ လိုပါေတာ့တယ္။ ႏွင္းဆီပင္ စိုက္ပ်ိဳးထားတဲ့ေျမကို အစိုဓာတ္ရေအာင္ ေျမႀကီးေျခာက္ေသြ႕ေနၿပီဆိုတာနဲ႔ ေရေလာင္းေပးဖို႔ လိုအပ္ပါတယ္။ အစိုဓာတ္ထိန္းသိမ္းႏုိင္ေအာင္ ေရကို ပံုမွန္ေလာင္းေပးရမွာ ျဖစ္ပါတယ္။ ႏွစ္ပတ္၊ သံုးပတ္ေလာက္ေနရင္္ေတာ့ အျမစ္ေလးေတြထြက္လာမွာပါ။

ဒါေပမယ့္ အျမစ္ေတြထြက္ၿပီလားဆိုၿပီး ပင္စည္ေလးကို ဆြဲႏႈတ္မၾကည့္ရပါဘူးေနာ္။ အျမစ္ထြက္လာရင္ေတာ့ မၾကာခင္မွာ အ႐ြက္ေလးေတြ ထြက္လာပါလိမ့္မယ္။ ဒီလုိဆို ကိုယ့္ရဲ႕အိမ္ေလးမွာ ႏွင္းဆီပင္ေလးကို အလြယ္တကူစိုက္ပ်ိဳးၿပီး ႏွင္းဆီန႔ံေလးေတြ တစ္အိမ္လံုးေမြးပ်ံ႕ေနေတာ့မွာပါေနာ္။ ဒီနည္းလမ္းေလးကို အသံုးျပဳၿပီး ကိုယ္တုိင္ႏွင္းဆီပင္ေလးစိုက္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

Khin ခရက္ဒစ္ အန္တီေမ