






ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါရင့်မင်းသမီးတစ်ဦးဖြစ်တဲ့ မေသန်းနုတစ်ယောက် ငွေကြေးလိမ်လည်မှုနဲ့ ထောင် တစ်နှစ်ချမှတ်ခံခဲ့ရတဲ့သတင်းဟာ လူမှုကွန်ရက်စာမျက်နှာမှာ အတော်ရိုက်ခတ်ခဲ့ပါတယ်… ဒါ့အပြင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရိုတကလည်း မေသန်းနုဆီက အကြွေး သိန်း ၄၀ ရစရာရှိတယ်ဆိုတဲ့အကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တာကြောင့် ဂယက်တွေက ပိုမိုထခဲ့ရပါတယ်…

အခုအခါမှာတော့ ရိုတက သူပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး ထိခိုက်နစ်နာတာတွေ ရှိသွားရတဲ့ မေသန်းနုကို အင်တာဗျူးတစ်ခုကနေ တောင်းပန်လိုက်တဲ့အကြောင်းတွေ ဆိုခဲ့ပါတယ်…
သိန်း ၄၀ နဲ့ ပတ်သက်ပြီး နစ်နာသွားတယ်ဆိုလို့ရှိရင် အားလုံးကိုယ်စားတောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ..

ပရိသတ်ရှေ့မှာလည်း တောင်းပန်ချင်ပြီး သူ့မှာ ကာယကံရှင်ကို ထိခိုက်နစ်နာစေလိုတဲ့စိတ်မရှိတဲ့အကြောင်း ဆိုခဲ့ပါတယ်….ခံစားချက်ကြောင့် သိန်း ၄၀ ကိစ္စပြောမိတာဖြစ်ပြီး အကြောင်းတွေ တိုက်ဆိုင်သွားလို့ ကာယကံရှင်တွေ နစ်နာခဲ့ရတဲ့အပေါ် တောင်းပန်တာဖြစ်ပြီး ပရိသတ်တွေကိုလည်း နားလည်ပေးကြပါလို့ ရိုတက ဆိုခဲ့တာပါ…

ဒီအကြောင်းအပြည့်အစုံကိုတော့ အောက်ကဗီဒီယိုလေးထဲမှာ ကြည့်ရှုနိုင်ဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်နော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source : Cele Gabar