အိမ် တွင်းအလှဆင်ပင်လေးတွေက ကျွန်တော်တို့ရဲ့အိမ်ကို မျက်စိအေးအောင်၊ နွေးထွေးပျူငှာဖွယ်ဖြစ်အောင် ဖန်တီးပေးပါတယ်။ သို့ပေမယ့် ဒီအစိမ်းရောင်အပင်လေးတွေကို ဂရုစိုက်ဖို့ လူအတော်များများက စိတ်မရှည်တတ်ကြပါဘူး။ ဒါပေမယ့် ရေတကူးတက လောင်းစရာမလိုသလို မြေဆီလွှာအလွယ်တကူမရှိဘဲ စိုက်ပျိုးနိုင်တဲ့ အိမ်တွင်းအလှပင်လေးတွေ ရှိတာကြောင့် သင့်အိမ်မှာ စိုက်ပျိုးလို့ရအောင် လမ်းညွန်ပေးလိုက်ပါတယ်နော်

ကျူးလစ်ပန်း

လူအတော်များများက ကျူးလစ်ပန်းတွေဟာ ဥယျာဉ်ထဲမှာသာ ကြီးထွားနိုင်တယ်လို့ ထင်ကြပါတယ်။ သင့်အိမ်ဘေးမှာ လည်းပဲ ဒီလှပတဲ့ ပန်းပင်လေးတွေ စိုက်ပျိုးနိုင်ပါတယ်။ ရေပမာဏအနည်းငယ်ထည့်ထားတဲ့ပန်းအိုးတစ်ခုထဲမှာ အမြစ်ပါတဲ့ ကျူးလစ်ပန်းဥလေးကို ထည့်ထားပေးပါ။

တရုတ်ဂေါ်ဖီထုပ်

တရုတ်ဂေါ်ဖီထုပ် ဝယ်တဲ့အခါ ဂေါ်ဖီထုပ်ရဲ့အောက်ပိုင်းကို ဖြတ်ပြီးမလွှင့်ပစ်ပါနဲ့။ ဖြတ်ထားတဲ့ အောက်ပိုင်းကို ရေဖန်ခွက်ထဲမှာ ထည့်ထားရင် အရွက်အသစ်လေးတွေ ပြန်ပေါက်နိုင်ပါတယ်။ ပန်းကန်လုံးထဲမှာ ရေတိမ်တိမ်လေးထည့်ပြီး ဖြတ်ထားတဲ့ အပိုငး်ကို ထည့်ပါ။ အလယ်ကနေပြန်ပေါက်လာတာကို တွေ့ရပါလိမ့်မယ်။

ကြက်သွန်မြိတ်

ရေရယ်၊ ဖန်ခွက်တစ်ခွက်ရယ် ကြက်သွန်နီဥ အနည်းငယ်ရယ် လိုအပ်ပါတယ်။ ကြက်သွန်နီတွေ ရေစိုသွားလို့၊ အစို့ပေါက်သွားလို့ လွှင့်မပစ်ပါနဲ့။ ဖန်ခွက်ထဲမှာ ရေထည့်ပြီ ကြက်သွန်နီဥလေးကို ထည့်ထားယုံနဲ့ မကြာခင်မှာကြက်သွန်မြိတ် စိမ်းစိမ်းစိုစိုလေးတွေ ထွက်လာတာကို မြင်ရမှာပါ။

ဗေဒါပန်း

ဒီလှပတဲ့ ပန်းပွင့်လေးတွေကို အိမ်မှာ အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။ ဗေဒါဥလေးတွေကို ကျောက်ခဲများနှင့် ရေပမာဏအနည်းငယ်ထည့်ထားတဲ့ ပန်းအိုးထဲမှာ ထည့်ထားပါ။ ဗေဒါပင်ကြီးထွားလာတဲ့အခါ အလင်းရောင်အလုံအလောက်ရတဲ့နေရာမှာ ထားပေးရပါမယ်။

Amaryllis

ဒီအပင်က ပွင့်ဖို့ မြေဆီလွှာမလိုအပ်တဲ့ အိမ်တွင်းအလှဆင်အပင်ဖြစ်ပါတယ်။ ပန်းအိုးတစ်လုံး၊ ကျောက်စလစ်ခဲတွေနဲ့ ရေလိုအပ်ပါတယ်။

ဝါးပင်

ဝါးပင်က အပြည့်အဝအရွယ်ရောက်တဲ့ အပင်ဖြစ်လာဖို့ လုံလောက်တဲ့ ရေနှင့်အတူ ရိုးရိုးပန်းအိုးတစ်အိုးလိုအပ်ပါတယ်။ အိမ်တွင်းမှာ စိုက်ပျိုးနိုင်တဲ့ ဝါးပင်အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဒါ့ကြောင့် သင်နှစ်သက်ရာ ဝါးပင်အမျိုးအစားကို စိုက်ပျိုးနိုင်ပါတယ်။

Epipremnum aureum

ဒီအိမ်တွင်းအလှပင်ကို အများအားဖြင့် မြေဆီလွှာထည့်ထားတဲ့ အိုးနဲ့ စိုက်ပျိုးကြပေမယ့် ရေထဲမှာလည်း ကောင်းကောင်း ကြီးထွားနိုင်ပါတယ်။ Epipremnum aureumရဲ့ တခြားနာမည်ကတော့ Devil’s Ivyဖြစ်ပါတယ် ။အပင်က တော်ယုံမသေနိုင်သလို အမှောင်ထဲမှာ ထားရင်လည်း စိမ်းလန်းနေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအပင်ကို သင့်အိမ်မှာ အလှဆင်အပင်အဖြစ် စိုက်ပျိုးနိုင်ပါတယ်။

မုန်လာဥနီ

ထိပ်ပိုင်းဖြတ်ထားတဲ့ မုန်လာဥနီလေးတွေကို ရေတိမ်တိမ်ထည့်ထားတဲ့ ပန်းကန်လုံးထဲမှာ ထည့်ထားရင် အစိမ်းရောင်အညှောင့်သစ်လေးတွေ ထွက်လာပါလိမ့်မယ်။ ဒီအစိမ်းရောင်အရွက်လေးတွေက စားသုံးလို့ရတာကြောင့် ပျားရည်နဲ့ ရောပြီးဖြစ်စေ၊ သင့်အသုတ်ထဲမှာထည့်ပြီးဖြစ်စေ စားသုံးနိုင်ပါတယ်။

ကြက်သွန်မိတ်(Leeks)

ကြက်သွန်မိတ် ဝယ်တဲ့အခါ အမြစ်ပါတဲ့ အောက်ခြေပိုင်းကို လွှင့်မပစ်ပဲ ပြန်စိုက်ပျိုးလို့ရပါတယ်။ ကြက်သွန်မိတ်ရဲ့ အောက်ခြေအပို်င်းက ၂လက်မလောက်ရှည်ဖို့ လိုပါတယ်။ ရေဖန်ခွက်ထဲမှာ ထည့်ထားယုံပါပဲ။

ပူစီနံ

ပူစံနံပင်က ကြီးထွားဖို့ လွယ်ကူပါတယ်။ ရေထဲမှာ ၎င်းအမြစ်လေးတွေကို ထည့်ထားယုံပါပဲ။

ပင်စိမ်း

ပင်စိမ်းရွက်တွေ ဝယ်တာများပြီး ပိုနေရင် နောက်တခါပြန်သုံးလို့ရအောင် ရေဖန်ခွက်လေးထဲမှာ ထည့်ထားပေးပါ။ ပင်စိမ်းရွက်လေးတွေ အလွယ်တကူရှင်သန်နိုင်ပါတယ်။ အမြစ်လေးတွေ ၂လက်မလောက်ရှည်လာရင် အိုးတစ်ခုထဲမှာ ပြောင်းစိုက်ပေးပါ။ များများပွားလာတာကို တွေ့ရမှာပါနော်။

Chinese Evergreen (Aglaonema)

Chinese Evergreen ကို မြေဆီလွှာအိုးထဲမှာ အများအားဖြင့် စိုက်ပျိုးတာကြောင့် ရေထဲမှာ စိုက်တဲ့အပင်မဟုတ်ပါဘူး။ အလွယ်တကူ ရှင်သန်တဲ့အပင်တစ်ပင်ဖြစ်တာကြောင့် မြေဆီလွှာထဲမှာလိုတော့ မြန်မြန်ကြီးထွားမှာ မဟုတ်သော်လည်း ရေထဲမှာလည်းပဲ ကောင်းကောင်းရှင်သန်ပါတယ်။

Source – brightside ခရက်ဒစ် မူရင်း

ဖန္ခြက္တစ္ခြက္ရွိယံုနဲ႔ စုိက္ပ်ိဳးလို႔ရႏိုင္တဲ့ အပင္မ်ား

ေရတစ္ဖန္ခြက္ရွိယံုနဲ႔ စုိက္ပ်ိဳးလို႔ရႏိုင္တဲ့ အိမ္တြင္းအလွပန္းပင္မ်ားႏွင့္ ဟင္းသီးဟင္းရြက္ပင္မ်ား

အိမ္တြင္းအလွဆင္ပင္ေလးေတြက ကၽြန္ေတာ္တို႔ရဲ႕အိမ္ကို မ်က္စိေအးေအာင္၊ ေႏြးေထြးပ်ဴငွာဖြယ္ျဖစ္ေအာင္ ဖန္တီးေပးပါတယ္။ သို႔ေပမယ့္ ဒီအစိမ္းေရာင္အပင္ေလးေတြကို ဂရုစိုက္ဖို႔ လူအေတာ္မ်ားမ်ားက စိတ္မရွည္တတ္ၾကပါဘူး။ ဒါေပမယ့္ ေရတကူးတက ေလာင္းစရာမလိုသလို ေျမဆီလႊာအလြယ္တကူမရွိဘဲ စိုက္ပ်ိဳးႏိုင္တဲ့ အိမ္တြင္းအလွပင္ေလးေတြ ရွိတာေၾကာင့္ သင့္အိမ္မွာ စိုက္ပ်ိဳးလို႔ရေအာင္ လမ္းညြန္ေပးလုိက္ပါတယ္ေနာ္

က်ဴးလစ္ပန္း

လူအေတာ္မ်ားမ်ားက က်ဴးလစ္ပန္းေတြဟာ ဥယ်ာဥ္ထဲမွာသာ ႀကီးထြားႏိုင္တယ္လို႔ ထင္ၾကပါတယ္။ သင့္အိမ္ေဘးမွာ လည္းပဲ ဒီလွပတဲ့ ပန္းပင္ေလးေတြ စိုက္ပ်ိဳးႏိုင္ပါတယ္။ ေရပမာဏအနည္းငယ္ထည့္ထားတဲ့ပန္းအိုးတစ္ခုထဲမွာ အျမစ္ပါတဲ့ က်ဴးလစ္ပန္းဥေလးကို ထည့္ထားေပးပါ။

တရုတ္ေဂၚဖီထုပ္

တရုတ္ေဂၚဖီထုပ္ ဝယ္တဲ့အခါ ေဂၚဖီထုပ္ရဲ႕ေအာက္ပိုင္းကို ျဖတ္ၿပီးမလႊင့္ပစ္ပါနဲ႔။ ျဖတ္ထားတဲ့ ေအာက္ပိုင္းကို ေရဖန္ခြက္ထဲမွာ ထည့္ထားရင္ အရြက္အသစ္ေလးေတြ ျပန္ေပါက္ႏိုင္ပါတယ္။ ပန္းကန္လံုးထဲမွာ ေရတိမ္တိမ္ေလးထည့္ၿပီး ျဖတ္ထားတဲ့ အပိုငး္ကို ထည့္ပါ။ အလယ္ကေနျပန္ေပါက္လာတာကို ေတြ႕ရပါလိမ့္မယ္။

ၾကက္သြန္ၿမိတ္

ေရရယ္၊ ဖန္ခြက္တစ္ခြက္ရယ္ ၾကက္သြန္နီဥ အနည္းငယ္ရယ္ လိုအပ္ပါတယ္။ ၾကက္သြန္နီေတြ ေရစိုသြားလို႔၊ အစို႔ေပါက္သြားလို႔ လႊင့္မပစ္ပါနဲ႔။ ဖန္ခြက္ထဲမွာ ေရထည့္ၿပီ ၾကက္သြန္နီဥေလးကို ထည့္ထားယံုနဲ႔ မၾကာခင္မွာၾကက္သြန္ၿမိတ္ စိမ္းစိမ္းစိုစိုေလးေတြ ထြက္လာတာကို ျမင္ရမွာပါ။

ေဗဒါပန္း

ဒီလွပတဲ့ ပန္းပြင့္ေလးေတြကို အိမ္မွာ အလြယ္တကူ စိုက္ပ်ိဳးႏိုင္ပါတယ္။ ေဗဒါဥေလးေတြကို ေက်ာက္ခဲမ်ားႏွင့္ ေရပမာဏအနည္းငယ္ထည့္ထားတဲ့ ပန္းအိုးထဲမွာ ထည့္ထားပါ။ ေဗဒါပင္ႀကီးထြားလာတဲ့အခါ အလင္းေရာင္အလံုအေလာက္ရတဲ့ေနရာမွာ ထားေပးရပါမယ္။

Amaryllis

ဒီအပင္က ပြင့္ဖို႔ ေျမဆီလႊာမလိုအပ္တဲ့ အိမ္တြင္းအလွဆင္အပင္ျဖစ္ပါတယ္။ ပန္းအိုးတစ္လံုး၊ ေက်ာက္စလစ္ခဲေတြနဲ႔ ေရလိုအပ္ပါတယ္။

ဝါးပင္

ဝါးပင္က အျပည့္အဝအရြယ္ေရာက္တဲ့ အပင္ျဖစ္လာဖို႔ လံုေလာက္တဲ့ ေရႏွင့္အတူ ရိုးရိုးပန္းအိုးတစ္အိုးလိုအပ္ပါတယ္။ အိမ္တြင္းမွာ စိုက္ပ်ိဳးႏိုင္တဲ့ ဝါးပင္အမ်ိဳးအစား အမ်ိဳးမ်ိဳးရွိပါတယ္။ ဒါ့ေၾကာင့္ သင္ႏွစ္သက္ရာ ဝါးပင္အမ်ိဳးအစားကို စိုက္ပ်ိဳးႏိုင္ပါတယ္။

Epipremnum aureum

ဒီအိမ္တြင္းအလွပင္ကို အမ်ားအားျဖင့္ ေျမဆီလႊာထည့္ထားတဲ့ အိုးနဲ႔ စိုက္ပ်ိဳးၾကေပမယ့္ ေရထဲမွာလည္း ေကာင္းေကာင္း ႀကီးထြားႏိုင္ပါတယ္။ Epipremnum aureumရဲ႕ တျခားနာမည္ကေတာ့ Devil’s Ivyျဖစ္ပါတယ္ ။အပင္က ေတာ္ယံုမေသႏိုင္သလို အေမွာင္ထဲမွာ ထားရင္လည္း စိမ္းလန္းေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီအပင္ကို သင့္အိမ္မွာ အလွဆင္အပင္အျဖစ္ စိုက္ပ်ိဳးႏိုင္ပါတယ္။

မုန္လာဥနီ

ထိပ္ပိုင္းျဖတ္ထားတဲ့ မုန္လာဥနီေလးေတြကို ေရတိမ္တိမ္ထည့္ထားတဲ့ ပန္းကန္လံုးထဲမွာ ထည့္ထားရင္ အစိမ္းေရာင္အေညွာင့္သစ္ေလးေတြ ထြက္လာပါလိမ့္မယ္။ ဒီအစိမ္းေရာင္အရြက္ေလးေတြက စားသံုးလို႔ရတာေၾကာင့္ ပ်ားရည္နဲ႔ ေရာၿပီးျဖစ္ေစ၊ သင့္အသုတ္ထဲမွာထည့္ၿပီးျဖစ္ေစ စားသံုးႏိုင္ပါတယ္။

ၾကက္သြန္မိတ္(Leeks)

ၾကက္သြန္မိတ္ ဝယ္တဲ့အခါ အျမစ္ပါတဲ့ ေအာက္ေျခပိုင္းကို လႊင့္မပစ္ပဲ ျပန္စိုက္ပ်ိဳးလို႔ရပါတယ္။ ၾကက္သြန္မိတ္ရဲ႕ ေအာက္ေျခအပို္င္းက ၂လက္မေလာက္ရွည္ဖို႔ လိုပါတယ္။ ေရဖန္ခြက္ထဲမွာ ထည့္ထားယံုပါပဲ။

ပူစီနံ

ပူစံနံပင္က ႀကီးထြားဖို႔ လြယ္ကူပါတယ္။ ေရထဲမွာ ၎အျမစ္ေလးေတြကို ထည့္ထားယံုပါပဲ။

ပင္စိမ္း

ပင္စိမ္းရြက္ေတြ ဝယ္တာမ်ားၿပီး ပိုေနရင္ ေနာက္တခါျပန္သံုးလို႔ရေအာင္ ေရဖန္ခြက္ေလးထဲမွာ ထည့္ထားေပးပါ။ ပင္စိမ္းရြက္ေလးေတြ အလြယ္တကူရွင္သန္ႏိုင္ပါတယ္။ အျမစ္ေလးေတြ ၂လက္မေလာက္ရွည္လာရင္ အိုးတစ္ခုထဲမွာ ေျပာင္းစိုက္ေပးပါ။ မ်ားမ်ားပြားလာတာကို ေတြ႕ရမွာပါေနာ္။

Chinese Evergreen (Aglaonema)

Chinese Evergreen ကို ေျမဆီလႊာအိုးထဲမွာ အမ်ားအားျဖင့္ စိုက္ပ်ိဳးတာေၾကာင့္ ေရထဲမွာ စိုက္တဲ့အပင္မဟုတ္ပါဘူး။ အလြယ္တကူ ရွင္သန္တဲ့အပင္တစ္ပင္ျဖစ္တာေၾကာင့္ ေျမဆီလႊာထဲမွာလိုေတာ့ ျမန္ျမန္ႀကီးထြားမွာ မဟုတ္ေသာ္လည္း ေရထဲမွာလည္းပဲ ေကာင္းေကာင္းရွင္သန္ပါတယ္။

Source – brightside ခရက္ဒစ္ မူရင္း