အ ဆိုေတာ္ အစၥဏီ (ခ) ဟန္ထြန္းေဇာ္ကို ဒီေန႔မွာ အလုပ္ နဲ႔ ေထာင္ဒဏ္ (၇) ႏွစ္က်ခံဖို႔ အမိန႔္ခ်ခဲ့ၿပီျဖစ္ပါတယ္။ အဆိုေတာ္ အစၥဏီဟာဆိုရင္ ၂၀၁၈ ခုႏွစ္ ဧၿပီလက ေမာ္ဒယ္ စူးရွထက္ကို အတင္းအဓမၼျပဳက်င့္မႈ ၊ အျပင္းအထန္ နာက်င္ေစမႈနဲ႔ တရားစြဲဆိုခံခဲ့ရတာျဖစ္ၿပီးေတာ့ အမႈကို ၁ ႏွစ္ေက်ာ္ ၾကာတဲ့အခါမွာ အခုလို ျပစ္ဒဏ္က်ခံခဲ့ရတာျဖစ္ပါတယ္။

အမႈ ရင္ဆိုင္စဥ္မွာ ႏွစ္ဖက္ မေၾကလည္မႈေတြရွိေနခဲ့ေပမယ့္ အဆိုေတာ္ အစၥဏီက ဒူးေထာက္ေတာင္းပန္ရင္ ခြင့္လႊတ္မယ္လို႔ စူးရွထက္က ဆိုခဲ့တဲ့အတြက္လည္း အစၥဏီတစ္ေယာက္ သူ႔အမွားအတြက္ ေတာင္းပန္ခဲ့ပါတယ္။ ဒီအတြက္လည္း တရား႐ုံးမွာ စူးရွထက္တစ္ေယာက္က အမႈကို ေက်ေအးေပးခဲ့ေပမယ့္ တရားသူႀကီးက အမ်ားျပည္သူအက်ိဳး ၊ တရားူဥပေဒစိုးမိုးေရးကို ေရွ႕ရႈၿပီးေတာ့ အမႈကို ဆက္လက္ စစ္ေဆးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အခုေတာ့ ေထာင္ဒဏ္ ၇ ႏွစ္ က်ခံလိုက္ရတာျဖစ္ပါတယ္။ ဒီအတြက္ အစၥဏီရဲ့မိခင္ဟာလည္း သားရဲ့ သီခ်င္းဆိုတဲ့ေငြေပၚ တည္မွီစားေသာက္ေနရတာျဖစ္ၿပီးေတာ့ က်န္းမာေရးလည္း မေကာင္းဘူးလို႔ သိရပါတယ္။ အစၥဏီ ရဲ့ သတင္းကိုၾကားတဲ့အခါမွာေတာ့ ခ်စ္သူေဟာင္း စူးရွထက္လည္း စိတ္မေကာင္းျဖစ္သလို ၊ သူ႔ရဲ့ ပရိသတ္ေတြအားလုံးကလည္း စိတ္မေကာင္းျဖစ္ေနၾကတယ္လို႔ သိရပါတယ္။

Unicode

အ ဆိုတော် အစ္စဏီ (ခ) ဟန်ထွန်းဇော်ကို ဒီနေ့မှာ အလုပ် နဲ့ ထောင်ဒဏ် (၇) နှစ်ကျခံဖို့ အမိန့်ချခဲ့ပြီဖြစ်ပါတယ်။ အဆိုတော် အစ္စဏီဟာဆိုရင် ၂၀၁၈ ခုနှစ် ဧပြီလက မော်ဒယ် စူးရှထက်ကို အတင်းအဓမ္မပြုကျင့်မှု ၊ အပြင်းအထန် နာကျင်စေမှုနဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီးတော့ အမှုကို ၁ နှစ်ကျော် ကြာတဲ့အခါမှာ အခုလို ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။

အမှု ရင်ဆိုင်စဉ်မှာ နှစ်ဖက် မကြေလည်မှုတွေရှိနေခဲ့ပေမယ့် အဆိုတော် အစ္စဏီက ဒူးထောက်တောင်းပန်ရင် ခွင့်လွှတ်မယ်လို့ စူးရှထက်က ဆိုခဲ့တဲ့အတွက်လည်း အစ္စဏီတစ်ယောက် သူ့အမှားအတွက် တောင်းပန်ခဲ့ပါတယ်။ ဒီအတွက်လည်း တရားရုံးမှာ စူးရှထက်တစ်ယောက်က အမှုကို ကျေအေးပေးခဲ့ပေမယ့် တရားသူကြီးက အများပြည်သူအကျိုး ၊ တရားူဥပဒေစိုးမိုးရေးကို ရှေ့ရှုပြီးတော့ အမှုကို ဆက်လက် စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုတော့ ထောင်ဒဏ် ၇ နှစ် ကျခံလိုက်ရတာဖြစ်ပါတယ်။ ဒီအတွက် အစ္စဏီရဲ့မိခင်ဟာလည်း သားရဲ့ သီချင်းဆိုတဲ့ငွေပေါ် တည်မှီစားသောက်နေရတာဖြစ်ပြီးတော့ ကျန်းမာရေးလည်း မကောင်းဘူးလို့ သိရပါတယ်။ အစ္စဏီ ရဲ့ သတင်းကိုကြားတဲ့အခါမှာတော့ ချစ်သူဟောင်း စူးရှထက်လည်း စိတ်မကောင်းဖြစ်သလို ၊ သူ့ရဲ့ ပရိသတ်တွေအားလုံးကလည်း စိတ်မကောင်းဖြစ်နေကြတယ်လို့ သိရပါတယ်။