သ ႐ုပ္ေဆာင္ ေမသန္းႏုအား တိုက္ခန္းစရံေငြ သိန္း ၄၀၀ လိမ္လည္ရယူမူျဖင့္ တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း ရန္ကင္း တရား႐ုံးမွ တရား႐ုံးသတင္းျပန္ၾကားေရး အရာရွိ ရန္ကင္းၿမိဳ႕နယ္ တရားသူႀကီး ဦးထြန္းနိုင္ဝင္းကေျပာၾကားခဲ့သည္။

ရန္ ကင္းတရား႐ုံးမွ တရား႐ုံးသတင္းျပန္ၾကားေရး အရာရွိ ရန္ကင္းၿမိဳ႕နယ္ တရားသူႀကီး ဦးထြန္းနိုင္ဝင္းက “ရန္ကင္းၿမိဳ႕နယ္ တရား႐ုံး ၂၀၁၆ ခုႏွစ္ ရာဇဝတ္ႀကီး မူ အမွတ္ ၂၈၂ အမူျဖစ္ပါတယ္။အဲ့ဒီ အမူမွာ တရားလို ေဒၚစန္းစန္းျမင့္ကေနၿပီးေတာ့ ေမသန္းႏုအေပၚမွာ တိုက္ခန္းစရံေငြ သိန္း ၄၀၀ လိမ္လည္ရယူသြားတယ္ဆိုၿပီးေတာ့ တိုင္တန္းရာကေန ျဖစ္ေပၚလာတဲ့အမူျဖစ္ျဖစ္ပါတယ္။အဲ့ဒီအမူမွာ ႏွစ္ဖက္သက္ေသ ၁၃ ဦးကို စစ္ေဆးၿပီးတဲ့အခါမွာ ျပစ္မူထင္ရွားတဲ့အတြက္ ၂ရက္ ၁လ ၂၀၂၀ မွာရာဇသတ္ႀကီးပုဒ္မ၄၂၀ အရ ေထာင္ဒဏ္ တစ္ႏွစ္ခ်မွတ္လိုက္တာျဖစ္ပါတယ္။အယူခံဝင္ျခင္း၊မဝင္ျခင္းကေတာ့ ကာယခံရွင္မ်ားရဲ႕ ဆႏၵျဖစ္တဲ့အတြက္ ႐ုံးအေနနဲ႕ကေတာ့ မသိေသးပါဘူး။သိန္း၁၂၀၀ ဆိုတာ တိုက္ခန္းတန္ဖိုးကိုေျပာ တာပါ။ဒါေပမဲ့ စရံေငြက သိန္း၄၀၀ ပဲယူထားတာပါ။သိန္း ၄၀၀ အတြက္ပဲ တရားလိုကတရားစြဲတာျဖစ္ပါတယ္။ သိန္း ၁၂၀၀ မဟုတ္ပါဘူး။”ဟု ေျပာၾကား ခဲ့သည္။

တရားခံတစ္ေယာက္အား ျပစ္ဒဏ္ခ်မွတ္ရာတြင္ ယင္ေငြပမာဏေၾကာင့္ ေထာင္ဒဏ္ခ်မွတ္ျခင္း မဟုတ္ေၾကာင္း၊တရားခံတစ္ေယာက္အား ျပစ္မူထင္ရွား၍ အျပစ္ေပးရာတြင္ ေနာက္ခံရာဇဝင္မ်ား၊ ယခင္ျပစ္မူရွိ မရွိႏွင့္ အက်င့္စာရိတၱစသည့္ အခ်က္မ်ားကို ၾကည့္ရႈ ထည့္သြင္း စဥ္းစားေၾကာင္း၊ေမသန္းႏုသည္ ယခုလက္ရွိ သိန္း၄၀၀ အတြက္ အေရွ႕ပိုင္းခရိုင္းတရား႐ုံးတြင္ တရားမဇာရီမူကိုရင္ဆိုင္ေနရေၾကာင္းတင္ျပခ်က္မ်ားအရ သိရသည္။

ထို႔အျပင္ ေမသန္းႏုအေနျဖင့္ အယူခံျပင္ဆင္ပါက ခရိုင္း႐ုံးမွ ၾကားနာမည္ျဖစ္ၿပီး ၾကားနာမည္ဆိုပါက အမူတြဲအားေတာင္းခံမည္ျဖစ္ရာ ခရိုင္း႐ုံးအား အမူတြဲ တင္ျပေပးရမည္ျဖစ္ေၾကာင္း၊ယင္းအမူအာ ၂၀၁၆ ခုႏွစ္ဒီဇင္ဘာလ ၁၃ ရက္တြင္ တရားစြဲခဲ့ၿပီး အာမခံအား အဆိုပါေန႕တြင္ က်ပ္သိန္း ၁၀၀တန္ ခံဝင္သူႏွစ္ေယာက္ျဖင့္ အာမခံေပးထားခဲ့ျခင္းျဖစ္ေၾကာင္း၊၎ကို လက္ရွိတြင္ အင္းစိန္အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

သတင္း : ခိုင္သူဇာ Myanmar_Online_News

Unicode

သ ရုပ်ဆောင် မေသန်းနုအား တိုက်ခန်းစရံငွေ သိန်း ၄၀၀ လိမ်လည်ရယူမူဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကင်း တရားရုံးမှ တရားရုံးသတင်းပြန်ကြားရေး အရာရှိ ရန်ကင်းမြို့နယ် တရားသူကြီး ဦးထွန်းနိုင်ဝင်းကပြောကြားခဲ့သည်။

ရန် ကင်းတရားရုံးမှ တရားရုံးသတင်းပြန်ကြားရေး အရာရှိ ရန်ကင်းမြို့နယ် တရားသူကြီး ဦးထွန်းနိုင်ဝင်းက “ရန်ကင်းမြို့နယ် တရားရုံး ၂၀၁၆ ခုနှစ် ရာဇဝတ်ကြီး မူ အမှတ် ၂၈၂ အမူဖြစ်ပါတယ်။အဲ့ဒီ အမူမှာ တရားလို ဒေါ်စန်းစန်းမြင့်ကနေပြီးတော့ မေသန်းနုအပေါ်မှာ တိုက်ခန်းစရံငွေ သိန်း ၄၀၀ လိမ်လည်ရယူသွားတယ်ဆိုပြီးတော့ တိုင်တန်းရာကနေ ဖြစ်ပေါ်လာတဲ့အမူဖြစ်ဖြစ်ပါတယ်။အဲ့ဒီအမူမှာ နှစ်ဖက်သက်သေ ၁၃ ဦးကို စစ်ဆေးပြီးတဲ့အခါမှာ ပြစ်မူထင်ရှားတဲ့အတွက် ၂ရက် ၁လ ၂၀၂၀ မှာရာဇသတ်ကြီးပုဒ်မ၄၂၀ အရ ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။အယူခံဝင်ခြင်း၊မဝင်ခြင်းကတော့ ကာယခံရှင်များရဲ့ ဆန္ဒဖြစ်တဲ့အတွက် ရုံးအနေနဲ့ကတော့ မသိသေးပါဘူး။သိန်း၁၂၀၀ ဆိုတာ တိုက်ခန်းတန်ဖိုးကိုပြော တာပါ။ဒါပေမဲ့ စရံငွေက သိန်း၄၀၀ ပဲယူထားတာပါ။သိန်း ၄၀၀ အတွက်ပဲ တရားလိုကတရားစွဲတာဖြစ်ပါတယ်။ သိန်း ၁၂၀၀ မဟုတ်ပါဘူး။”ဟု ပြောကြား ခဲ့သည်။

တရားခံတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ရာတွင် ယင်ငွေပမာဏကြောင့် ထောင်ဒဏ်ချမှတ်ခြင်း မဟုတ်ကြောင်း၊တရားခံတစ်ယောက်အား ပြစ်မူထင်ရှား၍ အပြစ်ပေးရာတွင် နောက်ခံရာဇဝင်များ၊ ယခင်ပြစ်မူရှိ မရှိနှင့် အကျင့်စာရိတ္တစသည့် အချက်များကို ကြည့်ရှု ထည့်သွင်း စဉ်းစားကြောင်း၊မေသန်းနုသည် ယခုလက်ရှိ သိန်း၄၀၀ အတွက် အရှေ့ပိုင်းခရိုင်းတရားရုံးတွင် တရားမဇာရီမူကိုရင်ဆိုင်နေရကြောင်းတင်ပြချက်များအရ သိရသည်။

ထို့အပြင် မေသန်းနုအနေဖြင့် အယူခံပြင်ဆင်ပါက ခရိုင်းရုံးမှ ကြားနာမည်ဖြစ်ပြီး ကြားနာမည်ဆိုပါက အမူတွဲအားတောင်းခံမည်ဖြစ်ရာ ခရိုင်းရုံးအား အမူတွဲ တင်ပြပေးရမည်ဖြစ်ကြောင်း၊ယင်းအမူအာ ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၁၃ ရက်တွင် တရားစွဲခဲ့ပြီး အာမခံအား အဆိုပါနေ့တွင် ကျပ်သိန်း ၁ဝဝတန် ခံဝင်သူနှစ်ယောက်ဖြင့် အာမခံပေးထားခဲ့ခြင်းဖြစ်ကြောင်း၊၎င်းကို လက်ရှိတွင် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

သတင်း : ခိုင်သူဇာ Myanmar_Online_News