၂ ဝ၂ဝ)ပြည့်ခုနှစ် စနေသားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း
ယခုနှစ်တွင်မိမိလက်ရှိလုပ်ကိုင်နေသောအလုပ်အကိုင်မှာအကျိုးအမြတ်ထူးထူးခြားခြားရရှိပါလိမ့်မည်။အလှူအတန်းပြုရခြင်းနှင့်မင်္ဂလာပွဲများစီစဉ်ပေးရခြင်းများပြုလုပ်ရတတ်သည်။
အလုပ်နေရာအိမ်နေရာပြောင်းရွှေ့ရတတ်ခြင်းရွှေဝင်မည်ရတနာပစ္စည်းများဝင်မည်။စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်လုပ်လျှင်အောင်မြင်၍ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ဝန်ထမ်းဖြစ်စေကြီးပွားတိုးတက်အောင်မြင်မည့်ကာလနှစ်ဖြစ်သည်။
မိမိအလိုဆန္ဒပြည့်ဝနိုင်ရန်မိမိကိုယ်တိုင်ကိုယ်ကျစီမံခန့်ခွဲပြီးလုပ်ငန်းလုပ်ကိုင်ရမည်။မိတ်သင်္ဂဟအခြွေအရံများပေါများလာအောင်လူမှုရေးကိစ္စများလုပ်ပါ။အများလေးစားကြည်ညိုခံရတတ်ပြီးဘဝအထွဠ်အထိပ်ကိုရောက်ရှိပါမည်။
အဝိစီ၊ရေတွင်း၊ရေကန်ကိစ္စများဆောင်ရွက်လျှင်အောင်မြင်မည်။အဖိုးတန်ယာဉ်တွေ၊စက်တွေဝင်လာမည်။ဘုရာဖူးခရီး၊ စိတ်ချမ်းသာဖွယ်ခရီးတွေလည်းသွားရတတ်ပါသည်။
ယခုနှစ်တွင်စနေသားသမီးများမိဘကိုကောင်းစွာပြုစုစောင့် ရှောက်နိုင်မည့်စီးပွားသိသိသာသာတိုးတက်ပြီး” သိကြားမင်း”မလိုက်သကဲ့သို့လက်ရှိအခြေအနေထက်ဘဝကံများစွာမြင့်တက်သွားပါလိမ့်မည်။
ယခင်နှစ်များကကုန်ဆုံးသောဥစ္စာဓနများ ရွှေ၊ ငွေ၊ ရတနာများယခုနှစ်ထဲတွင်ရရှိစုဆောင်းနိုင်လိမ့်မည်။ စီးပွားရေး အထည်လက်လီလက်ကားအရောင်းအဝယ်၊ ဆေးလုပ်ငန်း၊ ရေနံလုပ်ငန်း၊ရေလုပ်ငန်းအကျိူးဖြစ်မည်။ပဲလုပ်ငန်း၊ မြေအရောင်း အဝယ်အခက်အခဲတွေ့ရတတ်သည်။
အထူးလုပ်ငန်းပြိုင်ရှိသလို့မိတ်ဆွေ၊အပေါင်းအသင်းသစ္စာဖောက်အံ့၊မည်သူကိုမျှယုံကြည့်၍မရပါ။ငွေကြေးအရင်း အနှီးစိုက်ထုတ်ပါ။မနိုင်ဝန်ကိုမထမ်းပါနှင့်တရားသောနည်းလမ်းဖြင့်ငွေကြေးများစွာပိုင်ဆိုင်နိုင်ပါသည်။အစိုးရနှင့်ပတ်သက်သောအမှူဖြစ်တတ်၏။
အစစ်အဆေးအမေးအမြန်း ခံရတတ်၏ ။ပညာရေးအတွက်စနေသားသမီးများဂုဏ်ထူး၊ဘွဲ့ထူးခံရမည့်နှစ်ဖြစ်သည်။ ပညာရေးကဏ္ဌအသီးသီးရှိလူကြီး၊လူငယ်လူတန်းစားမရွေးဆက်လက်ကြိုးစားလုပ်ကိုင်ကြရန်အကြံပြုပါသည်။ဝန်ထမ်းလောကတွင်လုပ်ကိုင်နေပါကအမှောင်နည်းလမ်းဖြင့်ငွေကြေးရှာဖွေခြင်းကိုလုံးဝစွန့်လွတ်ပါ။ဒုက္ခရောက်တတ်သည်။
အပျို ၊လူပျိုများမိမိစိတ်ကြိုက်ရွေးချယ်ရန်အတွက်အခွင့်အလန်းများရှိသည်။သို့သော်အမုန်းပွားစေတတ်သောအပြစ်မကင်းသောအမှုကိစ္စများမကြူးလွန်ရန်သတိပြုပါ။ချစ်သူရည်းစားလုဖက်ကြောင့်ရန်သူအပေါင်းစုပေါင်းလုပ်ကြံလာတတ်သည်။အချစ်ရေးသမားများအတွက်မိမိအားဂုဏ်သိက္ခာကျဆင်းစေရန်ရည် ရွယ်ချက်ဖြင့်အမျိုးသား၊အမျိုးသမီးအချို့ချဉ်းကပ်လာတတ် သည်။
အချစ်ရေး၊အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦးအထင်အမြင်လွဲမှားတာလေးတွေကြုံပြီးလမ်းခွဲရတတ်သလိုအသစ်ကိုမျှော်ရည်တမ်းတခြင်းများလည်းဖြစ်ပေါ်တတ်ပါသည်။သားရတနာ မရှိသူများထွန်းကားအံ့၊သားသမီးကြောင့်ဂုဏ်သတင်းကြားရတတ်သည်။
ကျန်းမာရေးညံ့သောသက်ကြီးရွယ်အိုများအိမ်သို့လာရောက်တည်းခိုလျှင်ဆုံးပါးသွားတတ်ခြင်းကြုံတွေရတတ်သည်။ နှလုံး နှင့်လေရောဂါပတ်သက်၍ကျန်းမာရေးညံ ဒူး၊ နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။
အမျိုးသမီးများ သွေး၊ လေ၊ မီးယပ်ဆိုင်ရာမိန်းမရောဂါများအထူးဂရုစိုက်ရပါ။ကျန်းမာရေးအတွက်စည်းကမ်းစနစ်တကျစားသောက်ခြင်း၊ အနားယူခြင်း၊အပန်းဖြေခရီးသွားလာခြင်း၊ ကျန်းမာရေးစင်တာများတွင်စစ်ဆေးခံယူခြင်းများ ပြုလုပ်ပါ။
သဘာဝဘေးအန္တရာယ်နှင့်လူပယောဂအမျိုးမျိုးကြောင့် မိမိပိုင်ဆိုင်ထားရှိသမျှအားလုံးတိုက်ခိုက်ခံရ၍ ပျက်စီးရတတ်သည်။ရန်သူအပေါင်းစုပေါင်းလုပ်ကြံလာတတ်သည်။မထင်မှတ်သော လောကဓံတရားများရိုက်ခတ်လာနိုင် သည်။ယုံကြည်ရာဘာသာတရားအတိုင်း အပတ်စဉ်၊လစဉ်၊ ဒါနကုသိုလ်၊သီလကုသိုလ်၊ ဘာဝနာကုသိုလ်ပြုလုပ်ပါ။
စနေသားသမီးများထီထိုးရန် သူတစ်ပါးအတွက်ရည်စူး၍ ကြုံရာထီဂဏန်းကို ထိုးပါ။ထီပေါက် နိုင်ပါသည်။
ထီးထိုးရန်- အကျိူးပေး အက္ခရာနှင့်ဂဏန်း-{ န၊ ဏ၊ ကဆ၊ င} ၇ အစ, ဝ အဆုံး ၇၇အပူး ထီးထိုးပေးပါ။
အထူးသဖြင့်ဤနှစ် သားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များအတွက်တော့ “ရာဟု, ကြာသပတေး” ထိုနေနံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင်အထူးသတိထားသင့်သည် …။
အကျိူးပေးအက္ခရာ -{ န၊ ဏ၊ ကဆ၊ င}
အကျိူးပေးဂဏန်း-{ ၇၊ ၂၊ ၄၊ ဝ}
အကျိူးမပေးနေနံ-{“ ရာဟု, ကြာသပတေး”}
အကျိူးပေးအရောင်- အဝါ၊ အစိမ်း၊ အကွက်ပြောင်ရောင်
အကျိူးမပေးအရောင်- မိုးပြာရောင်၊ လိမ္မော်ရောင်
ဆောင်ရန်- နက်ပြာရောင်ရှိသောနီလာရတနာ
ယတြာ – မိမိနေနံ မွေးနေ့တွင် အပတ်စဉ် နှင်းဆီပန်း(၉)ပွင့်၊နွားနို့(၃)ခွက်၊ နိုထမင်းဆွမ်း ဘုရားရှင်အားကပ်လှူ ပူဇော်၍ ငါးပါးသီလခံ၊ဂုဏ်တော်ကိုးပါးရွတ်ပွားပြိး လိုရာဆုတောင်ပါ။တောင်အရပ်မှ တံတားခင်ခြင်း၊ ရေအိုးစင်ဆောက်လှူ ခြင်းနှင့် ဘုန်းကြီးကျောင်း ရေတွင်းရေကန်ဆောက်လှူဒါန်းခြင်းကုသိုလ်ပြုပါ။
credit-Orginal uploader
ထီးထိုးရန်- အကျိုးပေး အက္ခရာနှင့်ဂဏန်း-{ န၊ ဏ၊ ကဆ၊ င} ၇ အစ, ဝ အဆုံး ၇၇အပူး ထီးထိုးပေးပါ။
အကျိုးပေးအက္ခရာ -{ န၊ ဏ၊ ကဆ၊ င}
အကျိုးပေးဂဏန်း-{ ၇၊ ၂၊ ၄၊ ဝ}
အကျိုးမပေးနေနံ-{“ ရာဟု, ကြာသပတေး”}
အကျိုးပေးအရောင်- အဝါ၊ အစိမ်း၊ အကွက်ပြောင်ရောင်
အကျိုးမပေးအရောင်- မိုးပြာရောင်၊ လိမ္မော်ရောင်