ဒူဘို င်းအခြေဆိုက် အမေရိကန်လေတပ်ကနေ F-35 ဗုံးကျဲလေယာဉ်အုပ်စု စတင်ထွက်ခွာနေပြီလို့ Global Times သတင်းမှာဖေါ်ပြထားပါတယ်။ လေယာဉ် အရေအတွက်ကိုတော့ အတိအကျ မဖေါ်ပြထားပါဘူး…

ဒီ ကနေ့ မနက်အစောပိုင်းမှာ အီရတ်မှာ စခန်းချထားတဲ့ အမေရိကန်လေတပ်စခန်းကို ဖျက်အားပြင်း ပဲ့ထိန်း ဒုံးကျည် ဒါဇင်လိုက်နဲ့ အီရန်ကနေ ပစ်ခတ်ခဲ့တယ်ပါတယ်။ အီရန်ဘက်ကတော့ သူတို့ရဲ့ စစ်တပ်အကြီးအကဲ ကာဆမ်ဆူလေမာနီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ပေးသတ်ဖြတ်မှုအပြီး အီရန်က တုန့်ပြန်ခဲ့တာဖြစ်တယ်လို့တိုက်ခိုက်မှုအပြီးမှာ အီရန်ရဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပါတယ်။

အန ည်းဆုံးတော့ အဲဘယ် နဲ့ အာအဆက် လေတပ်စခန်း ၂ခုလုံးမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပင်တဂွန်က ထုတ်ပြန်ပါတယ်။

အီရန်နိုင်ငံရှိ ပစ်မှတ် ၅၂ ခုကို တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ရာ အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံကြား စစ်ပွဲကိုစတင်လိုက်ပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောနေကြပါတယ် ။

နောက်သတင်းတခုကတော့ လူဦးရေ ၁၈၀ လောက်ပါတဲ့ ယူကရိန်းခရီးသည်တင် ဘိုးအင်း ၇၃၇ လေယာဉ်တစ်စင်း အီရန်နိုင်ငံ တီဟီရန်လေဆိပ်က ပျံတက်ပြီးမကြာမီအတွင်းမှာ ပျက်ကျခဲ့တယ် လို့ အီရန်မီဒီယာက ကြေညာထားပါတယ်။

အီရန်ဘက်ကတော့ အမေရိကန်အနေနဲ့ အီရန်ဘက်ကို နောက်တစ်ကြိမ်တိုက်ခိုက်မယ်ဆိုရင် ယခုထက်ပိုမိုပြင်းထန်တဲ့ တုန့်ပြန်မှုမျိုးကို ခံစားရလိမ့်မယ်လို့ အီရန်အစိုးရပိုင် သတင်းဌာနက ကြေညာထားပါတယ်။

ဘာတွေဆက်ဖြစ်လာအုန်းမလဲ ဆိုတာတော့ ဆက်လက်စောင့်ကြည့်ကြတာပေါ့…

xyzs
Credit – Blacker