ရဲ မွဴး ေဌးေအာင္ (CID) ကေန သတင္းစာ ရွင္းလင္းပြဲမွာ အခုလို ေျပာခဲ့ပါတယ္။

ကြၽန္ေတာ္ တို႔ သက္ေသခံပစၥည္း ကြၽန္ေတာ္တို႔္တပ္ဖြဲ႕ဝင္ေတြနဲ႔ သြားေရာက္သိမ္းဆည္းတဲ့အခါမွာ ကြၽန္ေတာ္တို႔ HD ကိုသိမ္းခဲ့ပါတယ္ HD တင္မဟုတ္ပါဘူး စက္လိုက္ ယူခဲ့ပါတယ္ စက္လိုက္ယူၿပီးေတာ့ ကြၽန္ေတာ္တို႔ ကြၽမ္းက်င္တဲ့ ကြၽန္ေတာ္ဆီမွာ ရွိတဲ့ကြၽမ္းက်င္သူကို အပ္ပါတယ္။ အပ္ၿပီးေတာ့ ကြၽန္ေတာ္တို႔္စစ္ပါတယ္။ စစ္တဲ့အခါမွာ ဒီစက္မွာ ေဒတာ မက်န္ေတာ့ပါဘူးခင္ဗ် ကြၽန္ေတာ္တို႔က အမႈကို လႊဲတဲ့အခါမွာ ၁၇ ရက္ၾကာသြားပါတယ္။ ၁၇ ရက္ၾကာသြားၿပီးၿပီ ကြၽန္ေတာ္တို႔က ၂ ရက္အၾကာမွာ သြားသိမ္းတာျဖစ္တဲအတြက္ ၁၅ ရက္ၾကာမွ သိမ္းတာျဖစ္တဲ့အတြက္ ဘာေဒတာမွ မက်န္ေတာ့ပါဘူးခင္ဗ်။ ေဒတာေတြ မက်န္တာျဖစ္တဲ့အေပၚမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီသက္ေသခံပစၥည္း ကိုကြၽန္ေတာ္တို႔ မသိမ္းဆည္းခဲ့တာပါ။

ေဒတာမက်န္ဘူးဆိုရင္လည္း CID စက္ႀကီးနဲ႕သာ Recover လုပ္ခဲ့ရင္ အထပ္ထပ္ ျပန္ၿပီး ေဒတာမွတ္ထားတာ overwrite မရိွေသးတဲ့အတြက္ မွတ္တမ္းေတြဟာ အျပတ္အေတာက္မရိွ ျပန္လည္ ရရိွႏိုင္ပါေသးတယ္။ အနည္းဆံုး မူရင္းသက္ေသအေနနဲ႕ သိမ္းထားရင္ေတာင္မွ အခုအခ်ိန္မွာ ျပန္လည္ ေဖၚလို႕ ရပါလိမ့္မယ္။ အခုေတာ့…

ပညာရွင္ေတြ DVR နဲ႕ အထဲမွာ ပါတဲ့ Hard Disk ကို စစ္တဲ့အခါ ေတြ႕ရိွခ်က္ေတြကို တင္ျပပါ့မယ္။

DVR စက္ကို စစ္ေဆးျခင္း

DVRစက္ဟာ ထူးျခားခ်က္အေနနဲ႕ log file ေတြကို System board မွာပဲ မွတ္ေပးတာပါ။ log file ဆိုတာက အရပ္သားနားလည္ေအာင္ ေျပာရရင္ ဒီစက္ကို ဘယ္ႏွစ္နာရီမွ ဖြင့္တယ္၊ ဘယ္ႏွစ္နာရီမွာ ပါ၀ါျပတ္တယ္၊ ဘယ္ႏွစ္နာရီမွာ စက္ထဲကို ၀င္ၿပီး ဘယ္ဖိုင္ေတြ ကူးသြားတယ္ဆိုတာ အလိုအေလ်ာက္မွတ္တမ္းတင္ထားတဲ့ ဖိုင္ေတြပါ။ ဒီ log file ေတြကို DVR စက္ထဲမွာပဲ မွတ္တမ္းတင္ထားတဲ့အတြက္ Hard Disk က သတ္သတ္ ထည့္ထားရင္ေတာင္ မွတ္တမ္းေတြ က်န္ခဲ့တာပါ။ (ကံေကာင္းတာပါ)

ဒီ DVR စက္ကုိမတ္လ ၇ရက္ ၂၀၁၉ မွာ စသံုးၿပီး စက္ကို တရားရံုးမွာ စစ္ေဆးတဲ့ ဒီဇင္ဘာ ၁၇ ရက္ေန႕အထိ log file မွတ္တမ္းေတြ ရိွေနပါတယ္။ ဒါေပမယ့္ အခင္းျဖစ္ၿပီးေတာ့ ၁၇ရက္ေန႕မွာ မန္မိုရီ စတစ္စိုက္ၿပီး ဗီဒီယို မွတ္တမ္းေတြကို ထုတ္ယူခဲ့ပါတယ္ ဆိုတဲ့ log file မွတ္တမ္း စက္ထဲမွာ မေတြ႕ပါ။ network ကေန ကူးယူတယ္ဆိုတဲ့ မွတ္တမ္းလည္း မေတြ႕ပါ။ ဆိုလိုတာက အခင္းျဖစ္တဲ့ေန႕က CCTV ဖိုင္ေတြဟာ ဒီ DVR စက္ထဲက ထြက္လာတာ မဟုတ္ပါ။ ဒီ DVR စက္နဲ႕ မွတ္တမ္းတင္ထားတာ မဟုတ္ပါ။

Hard Diskကို စစ္ေဆးျခင္း

DVRမွာ Hard Disk ၂လံုးစာ ေနရာ ရိွေပမယ့္ တလံုးပဲ တပ္ဆင္ထားပါတယ္။ က်န္တဲ့တလံုးေနရာမွာ ယခင္က မူလီစုပ္ထားတဲ့ အရာ ေတြ႕ပါတယ္။ ၀ရန္တီအရ ၂၀၁၆ ႏို၀င္ဘာမွာ စသံုးတယ္ ယူဆရပါတယ္။ မန္မိုရီ 2TB ဆန္႕ပါတယ္။ ၉လပိုင္း ၆ရက္၊ ၇ရက္၊ ၈-၉-၁၀ ရက္ေတြအတြက္ CCTV မွတ္တမ္းေတြ ရိွပါတယ္။

၁၂နာရီစာ ဗီဒီယို မွတ္တမ္းတခုဟာ 7G ေလာက္ ရိွတယ္။ စက္စနစ္အရ ၂၄ နာရီ ကင္မရာ ၃၂ လံုးနဲ႕ မွတ္တမ္းတင္ရင္ တရက္ကို 500G ေက်ာ္ေက်ာ္ ကုန္မယ္။ 2TB ျဖစ္လို႕ ဒီစက္နဲ႕ သိမ္းရင္ ၄ရက္စာပဲ ရမယ္။ တကယ္လို႕ စက္ကို ျပန္ေပးကတည္းက ဖြင့္ၿပီး သံုးေနတယ္ ဆိုရင္ အႀကိမ္ႀကိမ္ အထပ္ထပ္ ထပ္ကာတလဲလဲ မွတ္တမ္းတင္ေနတာ ျဖစ္လို႕ ျပန္ေဖၚရင္ ဗီဒီယို မွတ္တမ္းေတြ မွတပါး အျခား ဖိုင္အမ်ိဳးအစား ေတြ႕စရာ အေၾကာင္းမရိွပါ။

အခုေတာ့ အဲဒီ Hard Disk ကို လုပ္လိုက္တဲ့အခါမွာ DVR နဲ႕ မဆိုင္တဲ့ Jpeg file (ရုပ္ပံုဖိုင္) ေတြ sql (ေဆာ့ဖ္၀ဲလ္တခုက ဖိုင္) အမ်ိဳးအစားေတြ ထြက္လာတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ Hard Disk သည္လည္း အဲဒီအခ်ိန္က သံုးခဲ့တဲ့ Hard Disk လို႕ ေထာက္ခံခ်က္ မေပးႏိုင္ပါလို႕ ပညာရွင္ေတြ ထြက္ဆိုပါတယ္။ (ပညာရွင္ အသံုးပါ၊ တည့္တည့္ေျပာရင္ လဲထားတာလို႕ ဆိုလိုတာပါပဲ)

ဒီေတာ့ အရင္ဆံုး ေပးထားတဲ့ CCTV files ေတြကလည္း ျဖတ္ေတာက္ထားခဲ့တယ္။ မူရင္းဖိုင္ ျပန္ရွာဖို႕ ေတာင္းလိုက္တဲ့ DVRေတြ Hard Disk ေတြကိုလည္ လဲထားတယ္ ဆိုေတာ့ သံသယ ျဖစ္စရာက ဘယ္ေနရာမွာပါလဲ။

ျပည္သူေတြ သိထားသင့္ပါတယ္…

သကၠမိုးညိဳ

Unicode Version

ရဲ မှူး ဌေးအောင် (CID) ကနေ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့ပါတယ်။

ကျွန်တော် တို့ သက်သေခံပစ္စည်း ကျွန်တော်တို့်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်သိမ်းဆည်းတဲ့အခါမှာ ကျွန်တော်တို့ HD ကိုသိမ်းခဲ့ပါတယ် HD တင်မဟုတ်ပါဘူး စက်လိုက် ယူခဲ့ပါတယ် စက်လိုက်ယူပြီးတော့ ကျွန်တော်တို့ ကျွမ်းကျင်တဲ့ ကျွန်တော်ဆီမှာ ရှိတဲ့ကျွမ်းကျင်သူကို အပ်ပါတယ်။ အပ်ပြီးတော့ ကျွန်တော်တို့်စစ်ပါတယ်။ စစ်တဲ့အခါမှာ ဒီစက်မှာ ဒေတာ မကျန်တော့ပါဘူးခင်ဗျ ကျွန်တော်တို့က အမှုကို လွှဲတဲ့အခါမှာ ၁၇ ရက်ကြာသွားပါတယ်။ ၁၇ ရက်ကြာသွားပြီးပြီ ကျွန်တော်တို့က ၂ ရက်အကြာမှာ သွားသိမ်းတာဖြစ်တဲအတွက် ၁၅ ရက်ကြာမှ သိမ်းတာဖြစ်တဲ့အတွက် ဘာဒေတာမှ မကျန်တော့ပါဘူးခင်ဗျ။ ဒေတာတွေ မကျန်တာဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဒီသက်သေခံပစ္စည်း ကိုကျွန်တော်တို့ မသိမ်းဆည်းခဲ့တာပါ။

ဒေတာမကျန်ဘူးဆိုရင်လည်း CID စက်ကြီးနဲ့သာ Recover လုပ်ခဲ့ရင် အထပ်ထပ် ပြန်ပြီး ဒေတာမှတ်ထားတာ overwrite မရှိသေးတဲ့အတွက် မှတ်တမ်းတွေဟာ အပြတ်အတောက်မရှိ ပြန်လည် ရရှိနိုင်ပါသေးတယ်။ အနည်းဆုံး မူရင်းသက်သေအနေနဲ့ သိမ်းထားရင်တောင်မှ အခုအချိန်မှာ ပြန်လည် ဖေါ်လို့ ရပါလိမ့်မယ်။ အခုတော့…

ပညာရှင်တွေ DVR နဲ့ အထဲမှာ ပါတဲ့ Hard Disk ကို စစ်တဲ့အခါ တွေ့ရှိချက်တွေကို တင်ပြပါ့မယ်။

DVR စက်ကို စစ်ဆေးခြင်း

DVRစက်ဟာ ထူးခြားချက်အနေနဲ့ log file တွေကို System board မှာပဲ မှတ်ပေးတာပါ။ log file ဆိုတာက အရပ်သားနားလည်အောင် ပြောရရင် ဒီစက်ကို ဘယ်နှစ်နာရီမှ ဖွင့်တယ်၊ ဘယ်နှစ်နာရီမှာ ပါ၀ါပြတ်တယ်၊ ဘယ်နှစ်နာရီမှာ စက်ထဲကို ဝင်ပြီး ဘယ်ဖိုင်တွေ ကူးသွားတယ်ဆိုတာ အလိုအလျောက်မှတ်တမ်းတင်ထားတဲ့ ဖိုင်တွေပါ။ ဒီ log file တွေကို DVR စက်ထဲမှာပဲ မှတ်တမ်းတင်ထားတဲ့အတွက် Hard Disk က သတ်သတ် ထည့်ထားရင်တောင် မှတ်တမ်းတွေ ကျန်ခဲ့တာပါ။ (ကံကောင်းတာပါ)

ဒီ DVR စက်ကိုမတ်လ ရရက် ၂၀၁၉ မှာ စသုံးပြီး စက်ကို တရားရုံးမှာ စစ်ဆေးတဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ log file မှတ်တမ်းတွေ ရှိနေပါတယ်။ ဒါပေမယ့် အခင်းဖြစ်ပြီးတော့ ၁ရရက်နေ့မှာ မန်မိုရီ စတစ်စိုက်ပြီး ဗီဒီယို မှတ်တမ်းတွေကို ထုတ်ယူခဲ့ပါတယ် ဆိုတဲ့ log file မှတ်တမ်း စက်ထဲမှာ မတွေ့ပါ။ network ကနေ ကူးယူတယ်ဆိုတဲ့ မှတ်တမ်းလည်း မတွေ့ပါ။ ဆိုလိုတာက အခင်းဖြစ်တဲ့နေ့က CCTV ဖိုင်တွေဟာ ဒီ DVR စက်ထဲက ထွက်လာတာ မဟုတ်ပါ။ ဒီ DVR စက်နဲ့ မှတ်တမ်းတင်ထားတာ မဟုတ်ပါ။

Hard Diskကို စစ်ဆေးခြင်း

DVRမှာ Hard Disk ၂လုံးစာ နေရာ ရှိပေမယ့် တလုံးပဲ တပ်ဆင်ထားပါတယ်။ ကျန်တဲ့တလုံးနေရာမှာ ယခင်က မူလီစုပ်ထားတဲ့ အရာ တွေ့ပါတယ်။ ဝရန်တီအရ ၂၀၁၆ နိုဝင်ဘာမှာ စသုံးတယ် ယူဆရပါတယ်။ မန်မိုရီ 2TB ဆန့်ပါတယ်။ ၉လပိုင်း ၆ရက်၊ ရရက်၊ ၈-၉-၁၀ ရက်တွေအတွက် CCTV မှတ်တမ်းတွေ ရှိပါတယ်။

၁၂နာရီစာ ဗီဒီယို မှတ်တမ်းတခုဟာ 7G လောက် ရှိတယ်။ စက်စနစ်အရ ၂၄ နာရီ ကင်မရာ ၃၂ လုံးနဲ့ မှတ်တမ်းတင်ရင် တရက်ကို 500G ကျော်ကျော် ကုန်မယ်။ 2TB ဖြစ်လို့ ဒီစက်နဲ့ သိမ်းရင် ၄ရက်စာပဲ ရမယ်။ တကယ်လို့ စက်ကို ပြန်ပေးကတည်းက ဖွင့်ပြီး သုံးနေတယ် ဆိုရင် အကြိမ်ကြိမ် အထပ်ထပ် ထပ်ကာတလဲလဲ မှတ်တမ်းတင်နေတာ ဖြစ်လို့ ပြန်ဖေါ်ရင် ဗီဒီယို မှတ်တမ်းတွေ မှတပါး အခြား ဖိုင်အမျိုးအစား တွေ့စရာ အကြောင်းမရှိပါ။

အခုတော့ အဲဒီ Hard Disk ကို လုပ်လိုက်တဲ့အခါမှာ DVR နဲ့ မဆိုင်တဲ့ Jpeg file (ရုပ်ပုံဖိုင်) တွေ sql (ဆော့ဖ်ဝဲလ်တခုက ဖိုင်) အမျိုးအစားတွေ ထွက်လာတာ တွေ့ရပါတယ်။ ဒါကြောင့် Hard Disk သည်လည်း အဲဒီအချိန်က သုံးခဲ့တဲ့ Hard Disk လို့ ထောက်ခံချက် မပေးနိုင်ပါလို့ ပညာရှင်တွေ ထွက်ဆိုပါတယ်။ (ပညာရှင် အသုံးပါ၊ တည့်တည့်ပြောရင် လဲထားတာလို့ ဆိုလိုတာပါပဲ)

ဒီတော့ အရင်ဆုံး ပေးထားတဲ့ CCTV files တွေကလည်း ဖြတ်တောက်ထားခဲ့တယ်။ မူရင်းဖိုင် ပြန်ရှာဖို့ တောင်းလိုက်တဲ့ DVRတွေ Hard Disk တွေကိုလည် လဲထားတယ် ဆိုတော့ သံသယ ဖြစ်စရာက ဘယ်နေရာမှာပါလဲ။

ပြည်သူတွေ သိထားသင့်ပါတယ်…

သက္ကမိုးညို