Source – Shwe MyintMo
Chilli – CeleGabar
အ ဆိုတော် အစ္စဏီကို ရည်စားဟောင်းဖြစ်သူစူးရှထက်က ပုဒ်မ(၃)ခုနဲ့ တရားဆွဲဆိုထားခဲ့တဲ့ အမှုကတော့ လက်ရှိမှာ (၁)နှစ်နဲ့ (၇)လနီးပါးရှိနေပြီလည်း ဖြစ်ပါတယ်။အမှုဖြစ်ပွားပြီး (၁)နှစ်ကျော်ကြာမြင့်ခဲ့ချိန်မှာတော့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းခဲ့ကြရာကနေပြီးတော့ ပြေလည်မှုတွေရရှိခဲ့ပြီး မော်ဒယ်စူးရှထက်ဘက်ကနေ အမှု(၃)ခုကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပါသေးတယ်။
သို ့ပေမဲ့လည်း မနေ့က ဇန်နဝါရီလ (၇)ရက်နေ့မှာတော့ အဆိုတော် အစ္စဏီကိုပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်(၇)နှစ်ကို တာမွေတရားရုံးက ချမှတ်လိုက်ပါတယ်။ဒီသတင်းကြောင့် အဆိုတော် အစ္စဏီရဲ့ပရိသတ်တွေရဲ့ကြားထဲမှာလည်း အတော်လေးကို ဂယက်ထခဲ့ပြီး စိတ်မကောင်းတော်တော်လေးဖြစ်ခဲ့ရပါတယ်။အစ္စဏီရဲ့သတင်းအတွက်ကို စိတ်မကောင်းဖြစ်ကြတဲ့ သူတွေထဲမှာ မော်ဒယ်လ်သရုပ်ဆောင် ရွှေမြင့်မိုရ်ကလည်း တစ်ယောက်အနေနဲ့အပါအဝင်ပဲဖြစ်ပါတယ်။
ရွှေမြင့်မိုရ်ကတော့ “ကိုကြီး အစ္စဏီ ဘာလို့ခုနစ်နှစ်ကျတာလဲ။ မတရားလိုက်တာ လောကကြီးက မတရားဘူး။ လူတွေမတရားဘူး။ မြေနှိမ့်ရာလှံစိုက်ကြတယ်။”ဆိုပြီး အစ္စဏီအမှုနဲ့ပတ်သက်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ အစ္စဏီကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် ပရိသတ်တွေရော ကျေနပ်မှုရှိရဲ့လား။အမြင်လေးတွေကိုပြောသွားပေးပါဦး။
Source – Shwe MyintMo
Chilli – CeleGabar