Credit – Thet Zin Htoo
အီ ရန်ကတော့ အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကိုစတင်တိုက်ခိုက်လိုက်ပါပြီ။
အ မေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အမိန့်ပေးတါနဲ့တပြိုင်နက် အီရန်ရဲ့အဓိကပစ်မှတ် ၅၂ နေရာကိုတိုက်ခိုက်ဖို့ အမေရိကန် ကြည်း။ရေ။လေ တပ်ဖွဲ့အစုံက အသင့်ပြင်ဆင်ပြီးဖြစ်ပါတယ်။
F35 a လေယာဉ်အချို့ကတော့လေထုထဲတက်သွားကြပြီဖြစ်ပြီး လေကြောင်းစစ်ဆင်ရေးစတင်ဖို့ဖြစ်မယ်လို့ယူဆရပြီး ဦးတည်ရာပစ်မှတ်ကို မသိရသေးပါ။
အီရတ်ရှိ အမေရိကန်လေတပ် စစ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို အမေရိကန်က လက်တုံ့ပြန်သည့်အနေဖြင့် အီရန်မြေကို တိုက်ခိုက်လာပါက အမေရိကန်နိုင်ငံတွင်း၊ UAE ဒူဘိုင်း၊ အစ္စရေးHaifa မြို့ကြီးများကို ပစ်မှတ်ထား ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း အီရန်စစ်ဘက်က ပြောဆိုသည်။
အမေရိကန်သမ္မတ ထရမ့်ကလည်း နိုင်ငံတော်သို့ အရေးပေါ် မိန့်ခွန်း ပြောဆိုရန် ရှိသည်ဆိုသော သတင်းများ ပေါ်ထွက်နေသော်လည်း အိမ်ဖြူတော်ဘက်မူ မိန့်ခွန်းပြောရန်မရှိကြောင်း၊ လတ်တလော အိမ်ဖြူတော်ကိုလည်း လုံခြုံရေးတိုးမြှင့်ချထားကြောင်း သတင်းများက ဖော်ပြသည်။
အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို တိုက်ခိုက်သည့် ဓာတ်ပုံ၊ ဗီဒီယိုများ ထွက်ပေါ်လာနေပြီး လတ်တလော အီရတ်ရှိ အမေရိကန်စစ်အေခြစိုက်စခန်းများမှ အပျက်အစီးနှင့် လူသေဆုံးဒဏ်ရာရရှိမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။
Credit – Thet Zin Htoo