Uni
ကျွန်တော် တို့ နေထိုင်ရာလောကမှာ ဆန်းကြယ်မှှုတွေက များစွာရှိပါတယ်။ ဒါတွေဟာအကြောင်းကြောင့် အကျိုးဖြစ်ရတယ်ဆိုပေမယ့် ဒေသန္တရ ဗဟုသုတဖြစ်အောင် ဖော်ပြပေးရမှာဖြစ်ပါတယ်။ အဲ့တာကတော့ ထန်းပင်တွေဟာ ကိုင်းဆက် မျိုးပွားထားခြင်းမရှိပဲနဲ့ တစ်ပင်တည်းကနေ ကိုးပင် တိတိ ပွားများ ရှင်သန်နေတာဖြစ်ပါတယ်။
အ ထူးသဖြင့် ထန်းပင်ရဲ့ သဘောသဘာဝက တစ်ပင်တည်းသာ ထီးထီးရပ်တည်လေ့ရှိပါတယ်။ ဘယ်အရပ်ဒေသမှာ ဖြစ်ဖြစ် ထန်းပင် နှစ်ပင်က လိမ်ပြီးပူးနေတာကိုသာ တွေ့ကောင်းတွေ့ရပါလိမ့်မယ်အခုလို ထန်းပင်တစ်ပင်တည်းကနေ ကိုးပင် တိတိပွားနေတာကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။
ဒီထန်းကိုးပင်ကတော့ မန္တလေးတိုင်း ၊ပုဂံ ညောင်ဦးမြို့နယ် ၊ သဲပြင်တောရွာမှာ ရှိနေတယ်လို့ သိရပါတယ်။ တကယ်လို့ ပုဂံဘက် ဘုရားဖူးရောက်ခဲ့ရင်လည်း ဝင်ရောက်လေ့လာနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Writer- SMT(Shwe Yaung Lan)