တစ္ ခ်ိန္က ဇာတ္ကားမ်ားစြာကို ဇာတ္ပို႔ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ရိုက္ကူးခဲ့တဲ့ ကိုေပါက္ဟာဆိုရင္ ပရိသတ္ေတြ အားေပးခ်စ္ခင္ရသူပါ။ သူက ခုခ်ိန္မွာ သ႐ုပ္ေဆာင္ တစ္ဦးအျပင္ ေအာင္ျမင္တဲ့ ဒါရိုက္တာ တစ္ဦးအေနနဲ႔ပါ ပရိသတ္ေတြ လက္ခံအားေပးျခင္း ခံထားရသူပဲ ျဖစ္ပါတယ္။

ဒီတစ္ခါမွာေတာ့ ကိုေပါက္ က သူ႔ရဲ့ ေမြးေန႔မွာ ခ်စ္ဇနီးက ေမြးေန႔ Surprise လုပ္ေပးတဲ့ အေၾကာင္းေလးကို ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ကိုေပါက္ က Myanmar Idol Season 3 မွာ ခ်မ္းေျမ့ေမာင္ခ်ိဳ ကို အားေပးဝန္းရံ ခဲ့သူ ပရိသတ္တစ္ဦးပါ။ ၿပိဳင္ပြဲ ၿပီးဆုံးၿပီး ေနာက္ ေမာင္ခ်ိဳ ရဲ့ ပထမဆုံး ေတးစီးရီး ေခြ ျဖစ္တဲ့ Eleven ကိုလည္း သေဘာက် ႏွစ္သက္ၿပီး ပါဝင္တဲ့ သီခ်င္းမ်ားကို လည္း ႀကိဳက္ႏွစ္သက္တယ္ လို႔ သိရပါတယ္။

ဒီေန႔မွာေတာ့ ကို ေပါက္ရဲ့ ေမြးေန႔ ျဖစ္တာေၾကာင့္ သူ႔ရဲ့ ခ်စ္ဇနီးမွ ခ်မ္းေျမ့ေမာင္ခ်ိဳ ကို ေခၚၿပီး ခင္ပြန္း ကို ေမြးေန႔ surprise လုပ္ေပးခဲ့တာပါ။ ကို ေပါက္ က ” ခ်မ္းေျမ့ေမာင္ခ်ိဳ ကၽြန္ေတာ့ဆီေရာက္လာတယ္။ သူဘယ္လိုေရာက္လာခဲ့သလဲ? ကၽြန္ေတာ့ရဲ့ခ်စ္လွစြာေသာဇနီးကေမြးေန႔ လက္ေဆာင္အျဖစ္နဲ႔ ကၽြန္ေတာ္ခ်စ္တဲ့သူကို သူလည္းခ်စ္ရင္း သူတိုက္တဲ့စပရိုက္က အရမ္းကိုခ်ိဳၿမိန္ခဲ့ပါတယ္။

ကၽြန္ေတာ္က ႐ုပ္ရွင္ေတြထဲမွာသာ အႏုပညာဆန္ေပမယ့္ အျပင္မွာအႏုပညာဆန္ဆန္မေနတတ္မလုပ္တတ္ဘူး။မိန္းမက မေမၽွာ္လင့္ပဲ ကၽြန္ေတာ္အားေပးေနတဲ့ေမာင္ခ်ိဳကိုကၽြန္ေတာ့ဆီေရာက္ေအာင္ေခၚလာၿပီးစပရိုက္တိုက္တယ္။”

“ပါဝင္ကူညီအားျဖည့္သူက ရဲထြဋ္ႀကီးပါ။ေမၽွာ္လင့္မထားပဲေတြ႕လိုက္ရေတာ့ ပရိသတ္တစ္ေယာက္အေနနဲ႔ ေပ်ာ္တာ မ်က္ရည္ေတာင္လည္ခဲ့ရတယ္။ရင္ေတြကိုခုန္လို႔ေပ်ာ္တာဆို မေျပာပါနဲ႔။ တစ္ခါတစ္ခါပရိသတ္ျဖစ္ရတဲ့ခံစားမႈက ရိုးရွင္းလြန္းပါတယ္။ ေမာင္ခ်ိဳတို႔ သားငယ္တို႔ အက္စတာတို႔နဲ႔ရင္းႏွီးေအာင္ခ်ိတ္ဆက္ဖို႔က ကၽြန္ေတာ့အတြက္မခဲရင္းပါဘူး။အရမ္းလြယ္ပါတယ္။ဒါေပမယ့္ ဘယ္သူ႔ကိုမွ ခ်ိတ္ဆက္ခိုင္းတာမ်ိဳးမလုပ္ပဲ ပရိသတ္ေနရာကေန ရိုးရိုးရွင္းရွင္းအားေပးခဲ့တယ္။

ေမာင္ခ်ိဳကို I DOL seson3 တုန္းကလည္းအားေပးခဲ့တယ္။ အခုေခြထြက္ေတာ့လည္း ဝယ္ၿပီးအားေပး။ၿပီးေတာ့ ေစတနာအမွန္နဲ႔ေၾကာ္ျငာေပးခဲ့တယ္။ ရိုးရွင္းတဲ့အားေပးမႈေတြနဲ႔အတူအႏုပညာရွင္ေမာင္ႏွမေတြ ရိုးရိုးရွင္းေတြ႕ဆုံခင္မင္ခဲ့ၾကတာ အရသာရွိလိုက္တာ။ စပရိုက္တိုက္တဲ့ မိန္းမရဲ့စိတ္ကူးနဲ႔စြမ္းေဆာင္ခ်က္ကိုမေလးစားပဲမေနနိုင္ေအာင္ ေက်းဇူးတင္ပါတယ္ ခ်စ္သူမိန္းမေရ။ ” ခ်စ္ဇနီး ရဲ့ ေမြးေန႔ Surprise ေၾကာင့္ မ်က္ရည္ ဝဲရေလာက္ေအာင္ ေပ်ာ္ေနတဲ့ ကိုေပါက္ ရဲ့ အေၾကာင္း ကို ပရိသတ္ေတြ သိရေလာက္ၿပီ ထင္ပါတယ္။

Uni

တစ် ချိန်က ဇာတ်ကားများစွာကို ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ကိုပေါက်ဟာဆိုရင် ပရိသတ်တွေ အားပေးချစ်ခင်ရသူပါ။ သူက ခုချိန်မှာ သရုပ်ဆောင် တစ်ဦးအပြင် အောင်မြင်တဲ့ ဒါရိုက်တာ တစ်ဦးအနေနဲ့ပါ ပရိသတ်တွေ လက်ခံအားပေးခြင်း ခံထားရသူပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ကိုပေါက် က သူ့ရဲ့ မွေးနေ့မှာ ချစ်ဇနီးက မွေးနေ့ Surprise လုပ်ပေးတဲ့ အကြောင်းလေးကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ကိုပေါက် က Myanmar Idol Season 3 မှာ ချမ်းမြေ့မောင်ချို ကို အားပေးဝန်းရံ ခဲ့သူ ပရိသတ်တစ်ဦးပါ။ ပြိုင်ပွဲ ပြီးဆုံးပြီး နောက် မောင်ချို ရဲ့ ပထမဆုံး တေးစီးရီး ခွေ ဖြစ်တဲ့ Eleven ကိုလည်း သဘောကျ နှစ်သက်ပြီး ပါဝင်တဲ့ သီချင်းများကို လည်း ကြိုက်နှစ်သက်တယ် လို့ သိရပါတယ်။

ဒီနေ့မှာတော့ ကို ပေါက်ရဲ့ မွေးနေ့ ဖြစ်တာကြောင့် သူ့ရဲ့ ချစ်ဇနီးမှ ချမ်းမြေ့မောင်ချို ကို ခေါ်ပြီး ခင်ပွန်း ကို မွေးနေ့ surprise လုပ်ပေးခဲ့တာပါ။ ကို ပေါက် က ” ချမ်းမြေ့မောင်ချို ကျွန်တော့ဆီရောက်လာတယ်။ သူဘယ်လိုရောက်လာခဲ့သလဲ? ကျွန်တော့ရဲ့ချစ်လှစွာသောဇနီးကမွေးနေ့ လက်ဆောင်အဖြစ်နဲ့ ကျွန်တော်ချစ်တဲ့သူကို သူလည်းချစ်ရင်း သူတိုက်တဲ့စပရိုက်က အရမ်းကိုချိုမြိန်ခဲ့ပါတယ်။

ကျွန်တော်က ရုပ်ရှင်တွေထဲမှာသာ အနုပညာဆန်ပေမယ့် အပြင်မှာအနုပညာဆန်ဆန်မနေတတ်မလုပ်တတ်ဘူး။မိန်းမက မမျှော်လင့်ပဲ ကျွန်တော်အားပေးနေတဲ့မောင်ချိုကိုကျွန်တော့ဆီရောက်အောင်ခေါ်လာပြီးစပရိုက်တိုက်တယ်။”

“ပါဝင်ကူညီအားဖြည့်သူက ရဲထွဋ်ကြီးပါ။မျှော်လင့်မထားပဲတွေ့လိုက်ရတော့ ပရိသတ်တစ်ယောက်အနေနဲ့ ပျော်တာ မျက်ရည်တောင်လည်ခဲ့ရတယ်။ရင်တွေကိုခုန်လို့ပျော်တာဆို မပြောပါနဲ့။ တစ်ခါတစ်ခါပရိသတ်ဖြစ်ရတဲ့ခံစားမှုက ရိုးရှင်းလွန်းပါတယ်။ မောင်ချိုတို့ သားငယ်တို့ အက်စတာတို့နဲ့ရင်းနှီးအောင်ချိတ်ဆက်ဖို့က ကျွန်တော့အတွက်မခဲရင်းပါဘူး။အရမ်းလွယ်ပါတယ်။ဒါပေမယ့် ဘယ်သူ့ကိုမှ ချိတ်ဆက်ခိုင်းတာမျိုးမလုပ်ပဲ ပရိသတ်နေရာကနေ ရိုးရိုးရှင်းရှင်းအားပေးခဲ့တယ်။

မောင်ချိုကို I DOL seson3 တုန်းကလည်းအားပေးခဲ့တယ်။ အခုခွေထွက်တော့လည်း ဝယ်ပြီးအားပေး။ပြီးတော့ စေတနာအမှန်နဲ့ကြော်ငြာပေးခဲ့တယ်။ ရိုးရှင်းတဲ့အားပေးမှုတွေနဲ့အတူအနုပညာရှင်မောင်နှမတွေ ရိုးရိုးရှင်းတွေ့ဆုံခင်မင်ခဲ့ကြတာ အရသာရှိလိုက်တာ။ စပရိုက်တိုက်တဲ့ မိန်းမရဲ့စိတ်ကူးနဲ့စွမ်းဆောင်ချက်ကိုမလေးစားပဲမနေနိုင်အောင် ကျေးဇူးတင်ပါတယ် ချစ်သူမိန်းမရေ။ ” ချစ်ဇနီး ရဲ့ မွေးနေ့ Surprise ကြောင့် မျက်ရည် ဝဲရလောက်အောင် ပျော်နေတဲ့ ကိုပေါက် ရဲ့ အကြောင်း ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။