မင္း ကြန္းေဒသမွ အသက္(၁၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္သည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၁၉)ရက္ကတည္းက တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူးခံခဲ့ရျခင္း ျဖစ္ၿပီး တ႐ုတ္-ျမန္မာနယ္စပ္ရွိ အရပ္ဘက္ အဖြဲ႕အစည္းမ်ားႏွင့္ မူဆယ္ၿမိဳ႕ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕တို႔ ပူးေပါင္းကာ လူကုန္ကူးခံရၿပီး ရက္(၅၀)ေက်ာ္အၾကာတြင္ ျပန္လည္ကယ္တင္ႏိုင္ျခင္း ျဖစ္သည္။

“အခု ျပန္ၿပီးေတာ့ မူဆယ္ကို ေရာက္ေနၿပီ၊ ကယ္ဆယ္ႏိုင္ၿပီဆိုတာကေတာ့ ခိုင္မာတဲ့ သတင္းရထားတယ္ေပါ့ဗ်ာ။ ဌာနဆိုင္ရာကေတာ့ မဟုတ္ဘူးေပါ့။ အဲ့ဒီမွာ(မူဆယ္) ကြၽန္ေတာ္တို႔လို လူကုန္ကူးမႈနဲ႔ ပတ္သက္ၿပီးေတာ့ ကူညီကယ္ဆယ္ေနတဲ့ အဖြဲ႕အစည္းတစ္ခုကေပါ့” ဟု မဝင္းျမတ္သူကို ျပန္လည္ကယ္တင္ႏိုင္ရန္ ပူးေပါင္းကူညီခဲ့သည့္ မင္းကြန္းေဒသခံ ကိုေအာင္ျမတ္မင္းက ေျပာသည္။

အသက္(၁၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ကို ၎၏ ပေထြးျဖစ္သူ၏ အမေတာ္စပ္သူက မႏၲေလးၿမိဳ႕ရွိ လက္ဖက္ရည္ဆိုင္မွတဆင့္ တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕သို႔ ေခၚေဆာင္ကာ မထက္ဆိုသူထံ အပ္ႏွံေရာင္းစားခဲ့ၿပီး မထက္က တဆင့္ တ႐ုတ္ႏိုင္ငံရွိ အမည္မသိ အမ်ိဳးသမီးႏွစ္ဦးထံ ထပ္မံေရာင္းစားခဲ့ျခင္း ျဖစ္ေၾကာင္း လူကုန္ကူးခံခဲ့ရသည့္ အမ်ိဳးသမီးငယ္၏ မိခင္ႏွင့္ လူကုန္တားရဲတပ္ဖြဲ႕ တာဝန္ရွိသူမ်ားက ေျပာၾကားထားသည္။

အဆိုပါ လူကုန္ကူးခံရသည့္ အမ်ိဳးသမီးငယ္ကို ျပန္လည္ကယ္တင္ႏိုင္ေရး မိသားစုဝင္မ်ားက ႏိုင္ငံေတာ္သမၼတ႐ုံး၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာနမ်ားသို႔ ဒီဇင္ဘာ(၂၄)တြင္ အသနားခံစာ တင္ခဲ့သည္။

၎ အမ်ိဳးသမီးငယ္သည္ တ႐ုတ္ႏိုင္ငံသို႔ ေရာင္းစားခံခဲ့ရၿပီး‌ တစ္လခြဲခန႔္အၾကာ အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးေနခဲ့ရာမွ မူဆယ္ၿမိဳ႕ လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္း‌ေရး ရဲတပ္ဖြဲ႕၏ ေဆာင္႐ြက္မႈျဖင့္ ျပန္လည္ ကယ္တင္ႏိုင္ခဲ့ကာ ဇန္ဝါရီ(၆)ရက္က မူဆယ္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိေနၿပီဟု ကူညီေဆာင္႐ြက္ေပးေနသည့္ အရပ္ဖက္အဖြဲ႕အစည္းမ်ားက ၎တို႔ထံ အသိေပး အေၾကာင္းၾကားထားေၾကာင္း ကိုေအာင္ျမတ္မင္းက ေျပာသည္။

အမ်ိဳးသမီးငယ္ကို တ႐ုတ္ႏိုင္ငံမွ ျပန္လည္ကယ္တင္ႏိုင္မႈႏွင့္ ပတ္သက္၍ မည္ကဲ့သို႔ ကယ္တင္ခဲ့ရသည္ကိုမူ မသိရွိရေသးဘဲ တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားျခင္း မခံရေသးမီ အခ်ိန္မီ ကယ္တင္ႏိုင္ခဲ့သည္ဟုသာ သိရွိထားေၾကာင္း ၎က ဆိုသည္။

မင္းကြန္းေဒသမွ လူကုန္ကူးခံရသည့္ အသက္(၁၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္

ထို႔အျပင္ ၎တို႔အေနျဖင့္ ယခုရက္ပိုင္းအတြင္းက တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူးခံခဲ့ရသည့္ အသက္(၁၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ တစ္ဦးကိုလည္း မူဆယ္ေဒသ အရပ္ဘက္အဖြဲွအစည္းမ်ားႏွင့္ ခ်ိတ္ဆက္၍ တ႐ုတ္ျပည္မွ ျပန္လည္ကယ္တင္ထားႏိုင္သည္ဟု ကို‌ေအာင္ျမတ္မင္းက ေျပာသည္။

မင္းကြန္းေဒသမွ အသက္(၁၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ကို တ႐ုတ္ျပည္သို႔ ေရာင္းစားခဲ့သူမ်ားထဲမွ မထက္ ဆိုသူကို ဒီဇင္ဘာ(၁၂)ရက္တြင္ မႏၲေလး-လားရႈိးကားလမ္း (၁၆)မိုင္ဂိတ္၌ ဖမ္းဆီးရမိထားသည္။ မထက္သည္ အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးတစ္ဦးတို႔ႏွင့္ ပူးေပါင္းကာ အျခား အမ်ိဳးသမီးႏွစ္ဦးကို တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူးရန္ ေခၚေဆာင္လာစဥ္ ဖမ္းဆီးခံရျခင္း ျဖစ္ၿပီး လက္ရွိတြင္ လူကုန္ကူးမႈ ပုဒ္မျဖင့္ အမူဖြင့္ခံထားရသည္။

မင်း ကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်သည် ပြီးခဲ့သည့် နိုဝင်ဘာ(၁၉)ရက်ကတည်းက တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရခြင်း ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လူကုန်ကူးခံရပြီး ရက်(၅၀)ကျော်အကြာတွင် ပြန်လည်ကယ်တင်နိုင်ခြင်း ဖြစ်သည်။

“အခု ပြန်ပြီးတော့ မူဆယ်ကို ရောက်နေပြီ၊ ကယ်ဆယ်နိုင်ပြီဆိုတာကတော့ ခိုင်မာတဲ့ သတင်းရထားတယ်ပေါ့ဗျာ။ ဌာနဆိုင်ရာကတော့ မဟုတ်ဘူးပေါ့။ အဲ့ဒီမှာ(မူဆယ်) ကျွန်တော်တို့လို လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ ကူညီကယ်ဆယ်နေတဲ့ အဖွဲ့အစည်းတစ်ခုကပေါ့” ဟု မဝင်းမြတ်သူကို ပြန်လည်ကယ်တင်နိုင်ရန် ပူးပေါင်းကူညီခဲ့သည့် မင်းကွန်းဒေသခံ ကိုအောင်မြတ်မင်းက ပြောသည်။

အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို ၎င်း၏ ပထွေးဖြစ်သူ၏ အမတော်စပ်သူက မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်မှတဆင့် တရုတ်နယ်စပ် မူဆယ်မြို့သို့ ခေါ်ဆောင်ကာ မထက်ဆိုသူထံ အပ်နှံရောင်းစားခဲ့ပြီး မထက်က တဆင့် တရုတ်နိုင်ငံရှိ အမည်မသိ အမျိုးသမီးနှစ်ဦးထံ ထပ်မံရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးငယ်၏ မိခင်နှင့် လူကုန်တားရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားထားသည်။

အဆိုပါ လူကုန်ကူးခံရသည့် အမျိုးသမီးငယ်ကို ပြန်လည်ကယ်တင်နိုင်ရေး မိသားစုဝင်များက နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများသို့ ဒီဇင်ဘာ(၂၄)တွင် အသနားခံစာ တင်ခဲ့သည်။

၎င်း အမျိုးသမီးငယ်သည် တရုတ်နိုင်ငံသို့ ရောင်းစားခံခဲ့ရပြီး‌ တစ်လခွဲခန့်အကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခဲ့ရာမှ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်း‌ရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုဖြင့် ပြန်လည် ကယ်တင်နိုင်ခဲ့ကာ ဇန်ဝါရီ(၆)ရက်က မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိနေပြီဟု ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများက ၎င်းတို့ထံ အသိပေး အကြောင်းကြားထားကြောင်း ကိုအောင်မြတ်မင်းက ပြောသည်။

အမျိုးသမီးငယ်ကို တရုတ်နိုင်ငံမှ ပြန်လည်ကယ်တင်နိုင်မှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ကယ်တင်ခဲ့ရသည်ကိုမူ မသိရှိရသေးဘဲ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခြင်း မခံရသေးမီ အချိန်မီ ကယ်တင်နိုင်ခဲ့သည်ဟုသာ သိရှိထားကြောင်း ၎င်းက ဆိုသည်။

မင်းကွန်းဒေသမှ လူကုန်ကူးခံရသည့် အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်

ထို့အပြင် ၎င်းတို့အနေဖြင့် ယခုရက်ပိုင်းအတွင်းက တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် အသက်(၁၉)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကိုလည်း မူဆယ်ဒေသ အရပ်ဘက်အဖွဲှအစည်းများနှင့် ချိတ်ဆက်၍ တရုတ်ပြည်မှ ပြန်လည်ကယ်တင်ထားနိုင်သည်ဟု ကို‌အောင်မြတ်မင်းက ပြောသည်။

မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်ပြည်သို့ ရောင်းစားခဲ့သူများထဲမှ မထက် ဆိုသူကို ဒီဇင်ဘာ(၁၂)ရက်တွင် မန္တလေး-လားရှိုးကားလမ်း (၁၆)မိုင်ဂိတ်၌ ဖမ်းဆီးရမိထားသည်။ မထက်သည် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နှင့် ပူးပေါင်းကာ အခြား အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးရန် ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး လက်ရှိတွင် လူကုန်ကူးမှု ပုဒ်မဖြင့် အမူဖွင့်ခံထားရသည်။