








တစ်ကယ်လိုအပ်နေတဲ့ ဒေသတွေမှာ အခုလို အချိန်ကုန် ငွေကုန်ခံပီး လှူတန်းပေးနေတာဟာ သာမန်လူတွေမလုပ်နိုင်တဲ့အလုပ်မျိုးပါပဲနော်။



ခါ ကာဘိုရာဇီ ရေခဲတောင်ခြေကဒေသတွေဟာ သွာရေးလာရေး အရမ်းခက်ခဲတာဟာ အားလုံးသိပြီးဖြစ်မှာပါ။

ဒီတစ်ခေါက်မှာတော့ စေတနာရှင်အလှူ့ရှင်များနဲ့ကလေးတွေအတွက်အနွေထည်များကိုခက်ခက်ခဲခဲသယ်ပြီးလှူဒါန်ပေးနေတဲ့အာဂကျောင်းဆရာလေး အကြောင်းကို မျှဝေပေးပါရစေ။

“ပန်နန်းဒင်ကနေ ငါးရက်တာ လမ်းလျောက်ရတဲ့ခါကာဘိုရာဇီ ရေခဲတောင်ခြေကတဆူထု ရွာလေးဆီနွေးထွေးခြင်းတွေ သယ်ဆောင်သွားပါပြီ။

အနွေးထည် ၆ သိန်းကျော်ဖိုးကိုရန်ကုန်ကနေ တဆူထုရွာလေးဆီ လမ်းစရိတ် ၃ သိန်းကျော် ကျသင့်ပါတယ်။

ဒါတောင်မှ တဆူထုရွာက ရွာသူရွာသားတွေပန်နန်းဒင်အထိ(အသွားအပြန် ဆယ်ရက် လမ်းလျှောက် ခရီးကို) လာကြိုလို့ သက်သာတာပါ။

မဟုတ်ရင် ဒီထက် နှစ်ဆ သုံးဆ ပိုမိုပြီးလမ်းစရိတ်ကျသင့်မှာပါ။

ကျောင်းဆရာလေး UKyaw ZinWine ရဲ့ကြိုးစားပေးမှုကြောင့် ကလေးတွေအတွက် လှူဒါန်းခွင့်ရခဲ့ပါတယ်။

(ကလေးတွေကို လှူဒါန်းနေတဲ့ ပုံများကိုတော့နွေရာသီကျောင်းပိတ်ရက် ဆရာလေးပြန်လာမှသာရရှိတော့မှာဖြစ်ပါတယ်..)

ဦးအောင်ဇော်ဝင်းနှင့်တကွ အလှူရှင်များအားလုံးကိုသာဓု သာဓု သာဓု ခေါ်ဆိုအပ်ပါတယ်ခင်ဗျာ။” ဆိုပြီး ရေးသားထားပါတယ်။

တစ်ကယ်လိုအပ်နေတဲ့ ဒေသတွေမှာ အခုလို အချိန်ကုန် ငွေကုန်ခံပီး လှူတန်းပေးနေတာဟာ သာမန်လူတွေမလုပ်နိူင်တဲ့အလုပ်မျိုးပါပဲနော်။

အခုလိုမျိုးစိတ်ထားကောင်းတဲ့ အလှူ့ရှင်များနဲ့ခက်ခက်ခဲခဲသယ်ယူပြီး လှူတန်းပေးနေတဲ့ အာဂကျောင်းဆရာလေးတို့ရဲ့ စိတ်ထားဟာတစ်ကယ်ကို လေးစာဖွယ်ရာပါပဲနော်

လေးစားစွာဖြင့်ခရက်ဒစ်#Soe Htike