အနု ပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်လက်အပါအဝင်ဖြစ်တဲ့ နန္ဒာလှိုင်က သမီးလေး နှစ်ယောက်နဲ့အတူ သူမကို ချစ်မြတ်နိုးပြီးတန်ဖိုးထားတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ မိသားစုဘဝလေးကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမယ့် စီးပွားရေးလုပ်ငန်းတွေကိုတော့ တဆက်တည်း လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။

နန္ဒာလှိုင်က သူမကိုယ်တိုင်ဦးဆောင်ပြီးတော့ Missha အလှကုန်ပစ္စည်းတွေကို ဖြန့်ဖြူးရောင်းချနေတာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်သော်လည်းကောင်း၊ အိမ်ထောင်ရှင်မကောင်းအဖြစ်သော်လည်းကောင်း၊ မိခင်ကောင်းအဖြစ်သော်လည်းကောင်း အဘက်ဘက်ကနေ ရပ်တည်နေတဲ့ နန္ဒာလှိုင်ဟာ အင်မတန် ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်လို့ဆိုရမှာပါ။နန္ဒာလှိုင်ဟာ လက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သမီးလေး (၃) ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အငယ်ဆုံး သမီးလေး မဒီကတော့ အမေထက်ပိုတော်တဲ့ အမိုက်စား အိုက်တင်တွေကို ထုတ်ပြတတ်နေပြီဖြစ်ပါတယ်။

ခရစ္စမတ်အတွက်ပြုလုပ်ပေးတဲ့ ကျောင်းကပွဲတစ်ခုမှာ သမီးလေး မဒီတစ်ယောက် Country Style လေး ဝတ်ဆင်ပြီး ကပြခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ အမိုက်စားဝတ်ဆင်မှုနဲ့ ပို့စ်ပေးကြမ်းတဲ့ပုံလေးတွေကို မေမေနန္ဒာလှိုင်တစ်ယောက် မျှဝေပေးခဲ့တာဖြစ်ပါတယ်။

ပို့စ်ပေးကြမ်းနေတဲ့ မဒီလေးရဲ့ပုံလေးတွေကို ပရိသတ်တွေက သူမဆီက ပြန်သင်ယူရမယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ မေမေနန္ဒာလှိုင်က မင်းသမီးဖြစ်တဲ့ သူမတောင် အရံှုးပေးရလောက်အောင် အိုက်တင်ထုတ်တတ်တဲ့ သမီးလေးပါလို့ မှတ်ချက်ပြန်ပေးခဲ့တာ တွေ့ရပါတယ်။ကဲ…မေမေနန္ဒာလှိုင်ကိုကျော်ပြီး သမီးလေး မဒီတစ်ယောက် ဘယ်လို ပို့စ်ပေးကြမ်းခဲ့လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။