အ သည်းနှင့်အကျိတ်အတွက်သင်္ဘော အဖိုပင် (အသီးမသီးပဲ အပွင့်သာပွင့်သည်) နှင့်အံဩဖွယ်ရာတိုင်းရင်းဆေးပညာ ( အသည်းနှင့် အကျိတ် )ဘန်ကောက်ဆေးရုံမှ ဆရာဝန်တွေ ကိုယ်တိုင် အံ့သြ ခဲ့ကြရပါတယ်..



ဆေးနည်း






နောက်ဆုံးတော့ ဆရာဝန်တွေလည်း အတင်းမေးတာနဲ့ သင်္ဘော အဖိုရွက်ကို ထောင်းပြီး သောက်တယ် ပြောတော့ သူတို့လည်း အံ့သြပြီး ကိုယ်တိုင် ဓါတ်ခွဲကြည့်မယ်လို့ ပြောပြီး ကျေကျေနပ်နပ် လက်ခံခဲ့တယ်တဲ့ဗျ..ဆရာဝန်တွေလည်း ဘယ်လောက်တောင် စိတ်ဝင်စားသလဲတော့ မသိဘူး ရက်ပိုင်း အတွင်း အဖြေလာပြောတော့တာဆိုပဲဗျ..တကယ် သူတို့လည်း လက်ခံပါတယ်တဲ့ သင်္ဘော အဖိုရွက်နဲ့ အမရွက် ပါဝင်တဲ့ ဓါတ်တွေ မတူတဲ့ အပြင် အကျိုးပြု ပုံလည်း မတူဘူးဆိုတာပေါ့ဗျာ..


နောက်ဆက်တွဲ

1 အစာအိမ်ဖြစ်တဲ့သူတွေလဲသောက်နိုင်ပါတယ်အရမ်းကောင်းပါတယ်




5 ကျနော်ကတော့သင်္ဘောရွက်လတ်လတ်ဆတ်ဆတ်ကိုပြုတ်လည်းစားတယ်မီးမြှိုက်ပြီးလည်း ရေစင်စင်ဆေးငပိချက်နဲ့တို့စားပါတယ်ထူးခြားချက်ကတော့ကျနော်ဝမ်းနဲ့ပတ်သက်တဲ့ရောဂါအစာအိမ်ဝေဒနာလုံးဝမရှိကြောင်းပါ။



ဆရာကဒီလူနာကဆေး၃ကြိမ်ပဲရှိသေးတယ်ပါးစပ်ထဲမှာဘာအနာမှမရှိတော့ပါလား တစ်ချို့ဆို၆ကြိမ်သွင်းရတယ်ဒါနဲ့ပဲ၃ကြိမ်သွင်းပြီးဓါတ်ကင်လိုက်ရတယ်ဗျာ သဘော်ရွက်ကမန်းလဲအနိုင်ဆုံးပဲ ယခုဆိုအကုန်ပြီးလို့နာနေတာ၁နှစ်ခွဲရှိပြီဘာမှမဖြစ်တော့ဘူး ကင်တာသမားတွေကိုဆေးကောင်းတစ်လက်ထပ်ပေးချင်တယ်

ကင်ဆာသမားများဟာဆေးသွန်းတဲ့ဒဏ်တွေဓါတ်ကင်တဲ့ဒဏ်ကြောင့်အားပျက်တယ်ခဏခဏမူးပြီးလဲတယ် အဲဒီဒဏ်တွေ ပျက်နေတဲ့အားတွေပြန်ပြည့်စေဖို့အာလူးစိမ်းဖျော်ရည်ကို ပြန်ပြီးမှီးဝဲပေးရတယ် သဘော်ရွက်လိုပဲထောင်းသောက်ရပါတယ်ဖျော်စက်နဲ့လည်းရတယ် လေဆာဓါတ်ရောင်ခြည်အဆိပ်သင့်နေတာတွေအကုန်လုံးဖြေပြီးအားအင်တွေပြည့်ကာအရင်လိုခန္ဓာကိုယ်အနေတိုင်းပြန်ဖြစ်လာပြီးစိမ်ချမ်းသာစွာနေနိုင်ပါပြီ။ကျေးဇူးတင်ပါတယ်

Credit Original Post

အ သည်းနှင့်အကျိတ်အတွက်သင်္ဘော အဖိုပင် (အသီးမသီးပဲ အပွင့်သာပွင့်သည်) နှင့်အံဩဖွယ်ရာတိုင်းရင်းဆေးပညာ ( အသည်းနှင့် အကျိတ် )ဘန်ကောက်ဆေးရုံမှ ဆရာဝန်တွေ ကိုယ်တိုင် အ့ံသြ ခဲ့ကြရပါတယ်..

စာရေးသူ၏ ဖခင် သူငယ်ချင်းတယောက် ဘန်ကောက်မှာ ဆေးကုသခဲ့ပါတယ်.. ဖြစ်တဲ့ ရောဂါကအသဲမှာ အကျိတ်တွေ့တာပါ.. ဖြသ်ချင်တော့လည်း ခွဲစိတ်ရခက်တဲ့ နေရာမှာပါ..

ဒီလိုနဲ့ပဲ အားလုံး စမ်းသပ် စစ်ဆေးပြီး မခွဲသေးပဲ ဆေးပေးပြီး အခြေနေစောင့်ကြည့်ဖို့ ရန်ကုန်ပြန်လွှတ်ခဲ့ပါတယ်.. နောက် ၁လ နေရင်ပြန်လာခဲ့ဖို့ အဲ့ဒီ အချိန်မှ ခွဲမယ်ဆိုပြီး ပြန်လာခဲ့တာပါ..

ဆေးနည်း

ရန်ကုန်ပြန်ရောက်တော့ အသိမိတ်ဆွေတွေ ပြောတာရယ်ကြောင့် ရေနစ်သူအတွက် ကောက်ရိုးတမျှင်ပဲ ဆိုပြီး သင်္ဘောရွက် (အဖို) ကို ငရုတ်ဆုံထဲ ထည့်ထောင်းပြီး အဖတ်ကို ပိတ်ဖြူထဲထည့် အရည် သီးသန့်ဖြစ်အောင် ညှစ်ချပြီး တနေ့ (အကြမ်းပန်းကန်လုံး) ၁ခွက် ကနေ ၂ ခွက် အများဆုံး သောက်ခဲ့ပါတယ်..

အဲ့လိုနဲ့ ၁လ ပြည့်သွားပေမယ့် အလုပ်မအားတာရယ်ကြောင့် မသွားဖြစ်ခဲ့ပဲ ၂လ ကျော်မှ သွားဖြစ်ခဲ့ပါတယ်.. ဘန်ကောက်ရောက်တော့ CT ပြန်ရိုက် အကုန် ပြန်စစ်ဆေးတော့ နဂိုရှိတဲ့ နေရာမှာ အကျိတ် မတွေ့တော့ပါဘူး.. ဆရာဝန်တွေလည်း ထူးဆန်းပြီး အရင် result နဲ့ ပြန်တိုက် စစ်တော့လည်း နေရာက မှန်တယ် အကျိတ်လည်း ရှိခဲ့တယ်..

ဒါပေမယ့် ခုမရှိတော့ဘူး ဆိုတော့ သူတို့လည်း စဉ်းစားရ ကြပ်နေတယ်.. ဒါနဲ့ပဲ လူနာကိုရော လူနာရှင်ကိုပါ မေးတယ်.. အကျိတ်ကတော့ မတွေ့တော့ဘူး နေရာ ပြောင်းသွားလား ဆိုပြီး ရှာလည်း မတွေ့ဘူး ဒါပေမယ့် ခွဲချင်လား လို့မေးတယ်..

လူနာရှင်ကလည်း ခွဲဖို့ သဘောတူတယ်.. ဒါနဲ့ပဲ ခွဲဖြစ်တယ် ဆိုပါတော့ဗျာ..ဗိုက်ဖွင့်ပြီး ဘယ်လို ရှာရှာ တနေရာ မှာမှ မတွေ့တော့ဘူးတဲ့.. ဒါလည်း ဆရာဝန်တွေက မလျှော့သေးဘူး.. အရင် အကျိတ်ရှိခဲ့တဲ့ နေရာကို ကွက်ပြီး လှီးလိုက်တယ် (အသည်းက ပြန်ပြည့်လို့ လုပ်ခဲ့တာပါ) ပြီးတော့ လှီးထုတ်ခဲ့တဲ့ အပိုင်းကို ကြက်သွန်နီ လှီးသလို ပါးပါးလှီး ပြီးရှာလည်း မတွေ့ခဲ့ဘူးတဲ့ဗျာ..

အဲ့ဒါနဲ့ပဲ ဘာမှ မလုပ်ခဲ့ပဲ ဒီတိုင်း ဗိုက်ပြန်ချုပ်ခဲ့ရတယ်..လူနာလည်း သက်တောင့် သက်သာ ရှိရော သူတို့က မေးတယ်.. မြန်မာပြည် ပြန်သွားတဲ့ ၂ လ မှာ ဘာဆေးသောက်ခဲ့လဲ ဘယ်ဆရာဝန်နဲ့ ပြခဲ့လဲပေါ့.. လူနာကလည်း ပြောချင်ပေမယ့် မပြောရဲဘူးပေါ့ (ထုံးစံ အတိုင်း မြန်မာပြည်က ဆရာဝန်တွေက သဘာဝဆို အထင်မကြီးဘူးလေ ကြိုက်လည်း မကြိုက်ကြဘူး ဆေးမှီးတို ဘာညာနဲ့)..

နောက်ဆုံးတော့ ဆရာဝန်တွေလည်း အတင်းမေးတာနဲ့ သင်္ဘော အဖိုရွက်ကို ထောင်းပြီး သောက်တယ် ပြောတော့ သူတို့လည်း အ့ံသြပြီး ကိုယ်တိုင် ဓါတ်ခွဲကြည့်မယ်လို့ ပြောပြီး ကျေကျေနပ်နပ် လက်ခံခဲ့တယ်တဲ့ဗျ..ဆရာဝန်တွေလည်း ဘယ်လောက်တောင် စိတ်ဝင်စားသလဲတော့ မသိဘူး ရက်ပိုင်း အတွင်း အဖြေလာပြောတော့တာဆိုပဲဗျ..တကယ် သူတို့လည်း လက်ခံပါတယ်တဲ့ သင်္ဘော အဖိုရွက်နဲ့ အမရွက် ပါဝင်တဲ့ ဓါတ်တွေ မတူတဲ့ အပြင် အကျိုးပြု ပုံလည်း မတူဘူးဆိုတာပေါ့ဗျာ..

အချုပ်ပြောရရင်တော့ ဆေးမှီးတို ဆိုတာထက် သဘာဝ (organic) ဆိုတာကို လက်ခံတတ်ဖို့နဲ့ လေ့လာဖို့တော့ လိုပြီလို့ မြန်မာပြည်က ဆရာဝန်တွေကို အသိပေးချင်တာလေးပါ.. ဆေးမှီးတို နဲ့ ဘိမ်းတောဆေး မတူပါဘူး ဆိုတာရောပေါ့ဗျာ..

နောက်ဆက်တွဲ

1 အစာအိမ်ြဖြစ်တဲ့သူတွေလဲသောက်နိုင်ပါတယ်အရမ်းကောင်းပါတယ်

2 အဖိုပင်ပါ သူ့အမြစ်ကို သကြားနဲ့ရောပြုပ်ပြီးစားရင် အသည်းရောဂါပျောက်ပါတယ်

3 အကြမ်းပန်ကန်လုံးနဲ့မနက်တခွက်ညတခွက်သောက်ပေးပါတပါတ်အတွင်းသိသာလာလိမ့်မယ အဖိုပင်ပါ သူ့အမြစ်ကို သကြားနဲ့ရောပြုပ်ပြီးစားရင် အသည်းရောဂါပျောက်ပါတယ်

4 သဘောပင်အဖို အမသိချင်ရင်အမြစ်အဖျားကိုကြည့်ပါ အမြစ်အခွပါရင်အမ အခွမပါရင်အဖို ။Justin Phyoအသည်းရောင်အသားဝါဖြစ်နိုင်ပါတယ်လယ်ကဇွန်း (ရိုးနီ )ကို ထန်းလျက်နဲ့ ၃ ခွက် ၁ ခွက်တင် ကြိုသောက်ရင်ပျောက်ပါတယ်ဘိစပ်ရွက် (ဂျာမဏီရွက် )ပြုတ်သောက်ရင်လဲပျောက်ပါတယ်

5 ကျနော်ကတော့သင်္ဘောရွက်လတ်လတ်ဆတ်ဆတ်ကိုပြုတ်လည်းစားတယ်မီးမြိှုက်ပြီးလည်း ရေစင်စင်ဆေးငပိချက်နဲ့တို့စားပါတယ်ထူးခြားချက်ကတော့ကျနော်ဝမ်းနဲ့ပတ်သက်တဲ့ရောဂါအစာအိမ်ဝေဒနာလုံးဝမရှိကြောင်းပါ။

6 ကျွန်တော်ဆိုလက်တွေ့ပါပဲ သဘော်ပင်အဖို/အမ ပင်လိုတော့မဆိုလိုပါဘူး သွားဖုံးအနာ စဖြစ်တယ် အနာပေါက်တော့နောက်ဆက်တွဲဘယ်ဘက် မေးရိုးအောက်မှာ အကြိတ်လုံးရောထွက်လာခဲ့ဒါနဲ့မန္တလေး သွားဘက်ဆိုင်ရာသွားပြခဲ့ပါတယ် စစ်ဆေးပြီးတော့ကင်ဆာလို့အဖြေထွက်လာခဲ့ခွဲရမယ်တဲ့ တုံ့ဆိုင်းမနေတော့ ရောက်ပြီးမကြာဘူးခွဲစိပ်ခဲ့ပါတယ်

ဆေးတွေလဲကောင်းပါတယ် ခွဲပြီးလဲတစ်ချက်မှကိုက်ခြင်းနာခြင်းမရှိဘူး ၁၅ရက်လောက်ကြာတော့ ဆေးသွန်းရမယ် ဓါတ်ကင်ရမယ် ဆိုတော့ဆေးရုံကြီးကိုလွဲအပ်ခဲ့တယ်ဆေးစသွန်းပြီ၁ကြိမ် ၂.၃ကြိမ်ထိပဲသွန်းတယ် ပထမ ၁ကြိမ်ဆေးသွန်းကတဲကသဘော် ရွက်ကိုသဘော်ရွက်ကိုထောင်းသောက်သွားတယ်ဆေးသွန်း၃ပြီးစစဆေးကြည့်တော့

ဆရာကဒီလူနာကဆေး၃ကြိမ်ပဲရှိသေးတယ်ပါးစပ်ထဲမှာဘာအနာမှမရှိတော့ပါလား တစ်ချို့ဆို၆ကြိမ်သွင်းရတယ်ဒါနဲ့ပဲ၃ကြိမ်သွင်းပြီးဓါတ်ကင်လိုက်ရတယ်ဗျာ သဘော်ရွက်ကမန်းလဲအနိူင်ဆုံးပဲ ယခုဆိုအကုန်ပြီးလို့နာနေတာ၁နှစ်ခွဲရှိပြီဘာမှမဖြစ်တော့ဘူး ကင်တာသမားတွေကိုဆေးကောင်းတစ်လက်ထပ်ပေးချင်တယ်

ကင်ဆာသမားများဟာဆေးသွန်းတဲ့ဒဏ်တွေဓါတ်ကင်တဲ့ဒဏ်ကြောင့်အားပျက်တယ်ခဏခဏမူးပြီးလဲတယ် အဲဒီဒဏ်တွေ ပျက်နေတဲ့အားတွေပြန်ပြည့်စေဖို့အာလူးစိမ်းဖျော်ရည်ကို ပြန်ပြီးမှီးဝဲပေးရတယ် သဘော်ရွက်လိုပဲထောင်းသောက်ရပါတယ်ဖျော်စက်နဲ့လည်းရတယ် လေဆာဓါတ်ရောင်ခြည်အဆိပ်သင့်နေတာတွေအကုန်လုံးဖြေပြီးအားအင်တွေပြည့်ကာအရင်လိုခန္ဓာကိုယ်အနေတိုင်းပြန်ဖြစ်လာပြီးစိမ်ချမ်းသာစွာနေနိူင်ပါပြီ။ကျေးဇူးတင်ပါတယ်

Credit Original Post