ၾသ စေၾတးလ် ေတာမီးေလာင္မႈဟာ လြန္ခဲ့တဲ့ ရက္ေတြအတြင္းမွာ စိုးရိမ္ရတဲ့ အေျခအေန ေရာက္ရွိခဲ့ၿပီး အခုအခ်ိန္အထိ ေတာမီးေလာင္ကြၽမ္းမႈနဲ႔ ေတာ႐ိုင္း တိရစာၦန္ ကယ္တင္ေရး လုပ္ငန္းေတြကို အဖြဲ႕ေပါင္းမ်ားစြာက ေဆာင္႐ြက္ေနၾကဆဲပါ။ အဲဒီအဖြဲ႕ေပါင္းမ်ားစြာထဲက ဒဏ္ရာရ တိရစာၦန္ေလးေတြ အပါအဝင္ တိရစာၦန္ေပါင္း ၉ ေသာင္းေက်ာ္ကို ကယ္တင္ထားႏိုင္ခဲ့တာကေတာ့ Irwin မိသားစုပဲ ျဖစ္ပါတယ္။

Irwin မိ သားစုဟာ အရင့္အရင္ကတည္းက ေတာ႐ိုင္းတိရစာၦန္ ကယ္ဆယ္ေရးနဲ႔ ကာကြယ္ေစာင့္ေရွာက္ေရးကို ျပဳလုပ္ေနၾကသူေတြျဖစ္ၿပီး Steve Irwin က ဦးေဆာင္လႈပ္ရွားခဲ့ဖူးတာ ျဖစ္ပါတယ္။ သူတို႔ ကယ္တင္ခဲ့တဲ့ ဒဏ္ရာရ တိရစာၦန္ေတြကိုေတာ့ ေတာ႐ိုင္းတိရစာၦန္ေတြအတြက္ သီးသန႔္ထားရွိတဲ့ ေဆး႐ုံမွာ ေဆးကုသမႈခံယူဖို႔ ပို႔ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

Irwin မိသားစုပိုင္ဆိုင္ၿပီး လုပ္ငန္းေဆာင္တာေတြကို ခြဲေဝလုပ္ေဆာင္ေနတဲ့ တိရစာၦန္႐ုံထဲမွာပဲ ေဆး႐ုံကတည္ရွိေနတာ ျဖစ္တဲ့အတြက္ေၾကာင့္ သူတို႔အေနနဲ႔ မရရေအာင္ ကယ္တင္မွာျဖစ္တယ္လို႔ အင္တာဗ်ဴးတခုမွာ ေျဖၾကားခဲ့ပါေသးတယ္။

Irwin မိသားစုဟာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ရာမွာ တက္ႂကြတဲ့ အဖြဲ႕အစည္းတခုအျဖစ္ တည္ရွိေနၿပီး Steve Irwin ဟာ “Crocodile Hunter” ဆိုတဲ့ တီဗီအစီအစဥ္တခုမွာ အစီအစဥ္ တင္ဆက္သူအျဖစ္ လုပ္ကိုင္ခဲ့ဖူးသူ တဦးပါ။ ၂၀၀၆ ခုႏွစ္ ေရေၾကာင္းပိုင္းဆိုင္ရာ မေတာ္တဆမႈတခုမွာ အသက္ဆုံးပါးခဲ့ရၿပီး သူ မရွိေတာ့စဥ္ အခ်ိန္ကတည္းက Irwin မိသားစုဟာ တိရစာၦန္ေလးေတြကို ထိန္းသိမ္းေစာင့္ေရွာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

စေနေန႔မွာေတာ့ ေတာမီးေလာင္မႈ ၃ ခု တေပါင္းတစည္းတည္း ျဖစ္သြားခဲ့တာေၾကာင့္ ေတာမီးေလာင္မႈအေျခအေနဟာ ပိုမိုျမင့္တက္ခဲ့ၿပီး ျပည္တြင္းျပည္ပ သတင္းစာေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။ ႏိုင္ငံေပါင္းစုံကေန စုေပါင္းေရာက္ရွိလာတဲ့ မီးသတ္သမားေတြနဲ႔ ေတာ႐ိုင္းတိရစာၦန္ ကာကြယ္ေရး လုပ္ေဆာင္သူေတြ အတူတကြ လုပ္ေဆာင္ေနၾကၿပီး လူေပါင္း ၂၄ ေယာက္ထက္မနည္း ေသဆုံးမႈမ်ား ရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ဧရာဝတီ

သြ စတြေးလျ တောမီးလောင်မှုဟာ လွန်ခဲ့တဲ့ ရက်တွေအတွင်းမှာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်ရှိခဲ့ပြီး အခုအချိန်အထိ တောမီးလောင်ကျွမ်းမှုနဲ့ တောရိုင်း တိရစ္ဆာန် ကယ်တင်ရေး လုပ်ငန်းတွေကို အဖွဲ့ပေါင်းများစွာက ဆောင်ရွက်နေကြဆဲပါ။ အဲဒီအဖွဲ့ပေါင်းများစွာထဲက ဒဏ်ရာရ တိရစ္ဆာန်လေးတွေ အပါအဝင် တိရစ္ဆာန်ပေါင်း ၉ သောင်းကျော်ကို ကယ်တင်ထားနိုင်ခဲ့တာကတော့ Irwin မိသားစုပဲ ဖြစ်ပါတယ်။

Irwin မိ သားစုဟာ အရင့်အရင်ကတည်းက တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးကို ပြုလုပ်နေကြသူတွေဖြစ်ပြီး Steve Irwin က ဦးဆောင်လှုပ်ရှားခဲ့ဖူးတာ ဖြစ်ပါတယ်။ သူတို့ ကယ်တင်ခဲ့တဲ့ ဒဏ်ရာရ တိရစ္ဆာန်တွေကိုတော့ တောရိုင်းတိရစ္ဆာန်တွေအတွက် သီးသန့်ထားရှိတဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Irwin မိသားစုပိုင်ဆိုင်ပြီး လုပ်ငန်းဆောင်တာတွေကို ခွဲဝေလုပ်ဆောင်နေတဲ့ တိရစ္ဆာန်ရုံထဲမှာပဲ ဆေးရုံကတည်ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ မရရအောင် ကယ်တင်မှာဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါသေးတယ်။

Irwin မိသားစုဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရာမှာ တက်ကြွတဲ့ အဖွဲ့အစည်းတခုအဖြစ် တည်ရှိနေပြီး Steve Irwin ဟာ “Crocodile Hunter” ဆိုတဲ့ တီဗီအစီအစဉ်တခုမှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ တဦးပါ။ ၂၀၀၆ ခုနှစ် ရေကြောင်းပိုင်းဆိုင်ရာ မတော်တဆမှုတခုမှာ အသက်ဆုံးပါးခဲ့ရပြီး သူ မရှိတော့စဉ် အချိန်ကတည်းက Irwin မိသားစုဟာ တိရစ္ဆာန်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

စနေနေ့မှာတော့ တောမီးလောင်မှု ၃ ခု တပေါင်းတစည်းတည်း ဖြစ်သွားခဲ့တာကြောင့် တောမီးလောင်မှုအခြေအနေဟာ ပိုမိုမြင့်တက်ခဲ့ပြီး ပြည်တွင်းပြည်ပ သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ နိုင်ငံပေါင်းစုံကနေ စုပေါင်းရောက်ရှိလာတဲ့ မီးသတ်သမားတွေနဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး လုပ်ဆောင်သူတွေ အတူတကွ လုပ်ဆောင်နေကြပြီး လူပေါင်း ၂၄ ယောက်ထက်မနည်း သေဆုံးမှုများ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ဧရာဝတီ