





Source – Aung Min Naing
Rainbow- Cele Gabar

ပ ရိသတ်ရဲ့အချစ်တော်ချမ်းမြေ့မောင်ချိုကတော့ မကြာသေးခင်ကမှ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်အနေနဲ့ “Eleven” ဆိုတဲ့အခွေလေးကိုထွက်ရှိထားသူပါ။ မြန်မာအိုင်ဒေါ Season-3 ရဲ့ Top-2 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ပရိသတ်ဝန်းရံအားပေးမှုအပြည့်အဝရရှိထားသူတစ်ယောက်လို့ဆိုရမှာပါ။ ဒါ့အပြင် သူ့ရဲ့ပထမဆုံးအခွေလေးကိုလည်း ပြိုင်ပွဲဝင်နံပါတ်ဖြစ်တဲ့(၁၁)ကို အမှတ်တရအနေနဲ့ Eleven လို့ပေးခဲ့ပြီး သီချင်း(၁၁)ပုဒ်တိတိထည့်သွင်းထားပါတယ်။

ဒါရိုက်တာကိုပေါက်ကတော့ Myanmar Idol ရဲ့ပရိသတ်တစ်ယောက်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းအားပေးလေ့ရှိသူပါ။ အဲ့ဒီထဲမှာမှ နောက်ဆုံးထွက်ရှိထားတဲ့ ချမ်းမြေ့မောင်ချိုရဲ့ အခွေနဲ့ပတ်သက်ပြီး “စောလားထော်ဝါး၊ သားငယ်၊နင်ဇီမေ၊ ပိုးမီ၊ ဘီလီလမင်းအေး၊ ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချို တို့အကုန်လုံးရဲ့စီးရီးတွေကို ဝယ်ပြီးနားထောင်ဖြစ်ပါတယ်။ စာရေးချင်လောက်အောင် ဆွဲဆောင်ခဲ့တဲ့သူကတော့ ချမ်းမြေ့မောင်ချိုရဲ့ Eleven စီးရီးပါပဲ။ သီချင်းဟောင်းတွေကြားမှာ အသစ်တွေနဲ့ရောထားပြီး အပုဒ်တိုင်းကိုမကျော်ဘဲနားထောင်ဖြစ်တယ်။ အဓိကအရေးကြီးတာက သီချင်းစီတာပဲ။ သီချင်းစီတာကောင်းတယ်။ မောင်ချို့အသံကာလာကငြိမ်တယ်။ တစ်ပုဒ်နဲ့တစ်ပုဒ်ကာလာပြောင်းသွားတာမရှိဘူး။ ဝါရင့်အဆိုတော်တစ်ယောက်လို အပုဒ်တိုင်းကို Mood ကောင်းကောင်းနဲ့ ဆိုထားတာခံစားရတယ်” လို့ ချီးမွမ်းခဲ့တာပါ။

မောင်ချိုကတော့ ထူးခြားတဲ့အသံကာလာကြောင့် ပရိသတ်အသိမှတ်ပြုခံရသူတစ်ယောက်ဖြစ်ပြီး သီချင်းတွေကို သေချာစီးမျောခံစားတတ်သူကိုပေါက်ကိုယ်တိုင်က “နားမထောင်ရသေးရင် နားထောင်လိုက်ဦးနော်။ နောင်တမရစေရဘူး အာမခံတယ်” လို့ထပ်မံရေးသားခဲ့တာမို့ မောင်ချိုအတွက်တော့ ဂုဏ်ယူစရာပါပဲနော်။

မြန်မာအိုင်ဒေါကပြိုင်ပွဲဝင်တွေရဲ့တေးစီးရီးတွေထဲမှာမှ မောင်ချိုကအကောင်းဆုံးပဲလို့ သတ်မှတ်လိုက်တဲ့ ကိုပေါက်ပရိသတ်ရဲ့အချစ်တော်ချမ်းမြေ့မောင်ချိုကတော့ မကြာသေးခင်ကမှ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်အနေနဲ့ “Eleven” ဆိုတဲ့အခွေလေးကိုထွက်ရှိထားသူပါ။ မြန်မာအိုင်ဒေါ Season-3 ရဲ့ Top-2 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ပရိသတ်ဝန်းရံအားပေးမှုအပြည့်အဝရရှိထားသူတစ်ယောက်လို့ဆိုရမှာပါ။ ဒါ့အပြင် သူ့ရဲ့ပထမဆုံးအခွေလေးကိုလည်း ပြိုင်ပွဲဝင်နံပါတ်ဖြစ်တဲ့(၁၁)ကို အမှတ်တရအနေနဲ့ Eleven လို့ပေးခဲ့ပြီး သီချင်း(၁၁)ပုဒ်တိတိထည့်သွင်းထားပါတယ်။