ျမန္ မာနိုင္ငံရဲ့ လြတ္လပ္ေရးကို အဓိက ဦးစီးႀကိဳးစားခဲ့တဲ့သူဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဆိုရင္ တကမၻာလုံးက လက္ခံထားၿပီးသားျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ဟာ ငယ္ရြယ္မႈေတြကို စေတးၿပီး ျမန္မာနိုင္ငံႀကီး သူ႔ကၽြန္ဘဝကေန လြတ္ေျမာက္ဖို႔အတြက္ အသက္ကို မငဲ့ကြပ္ပဲ ႀကိဳးစားခဲ့သူျဖစ္ပါတယ္။ လက္ရွိ ျမန္မာ့ တပ္မေတာ္ဆိုတာဟာလည္း ဗိုလ္ခ်ဳပ္တို႔ ဦးစီးဦးေဆာင္လုပ္ၿပီး တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ အရင္တစ္ခ်ိန္က ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴေတြ ထုတ္လုပ္ခဲ့ေပမယ့္လည္း ေပ်ာက္ကြယ္ခဲ့တာ အေတာ္ကို ၾကာၿပီျဖစ္ပါတယ္။

လက္ ရွိ ျမန္မာနိုင္ငံ အစိုးရအေနနဲ႔ ေပ်ာက္ကြယ္ေနတဲ့ ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴေတြကို ျပန္လည္ တရားဝင္ ထုတ္ေဝခဲ့ပါတယ္။ အဆိုပါ ေငြစကၠဴေတြကေတာ့ ၁၀၀၀ တန္နဲ႔ ၁၀၀၀၀ တန္တို႔ပဲျဖစ္ပါတယ္။ ယင္းေငြစကၠဴေတြနဲ႔ပတ္သတ္ၿပီး ျမန္မာနိုင္ငံရဲ့ လူမႈကြန္ယက္ေတြမွာ ေဝဖန္မႈေတြ ျမင့္ တက္ခဲ့ပါတယ္။

အဆိုပါ ေငြစကၠဴမ်ားကို တစ္ေသာင္းတန္ အား စတင္ထုတ္ေဝခဲ့တာ ျဖစ္ၿပီး၊ တစ္ေထာင္တန္ကိုေတာ့ ေနာက္မွ ဆက္လက္ ထုတ္ေဝခဲ့တာျဖစ္ပါတယ္။ ယင္းကဲ့သို႔ ထုတ္ေဝမႈမွာ ေငြစကၠဴ ၂ ခုဟာ အေရာင္အဆင္း တူညီေနတာေၾကာင့္ တစ္ေသာင္းတန္ အုပ္ေတြထဲမွာ တစ္ေထာင္တန္ေတြ ညပ္ပါလာနိုင္တယ္လို႔ လူမႈကြန္ယက္ အေကာင့္ေတြမွာ ေဝဖန္ခဲ့ၾကပါတယ္။

ေငြစကၠဴ ၂ ခုဟာ အရြယ္အစားသာ အနည္းငယ္ကြာၿပီး၊ အနားသတ္က အစ တူညီေနၿပီး အေရာင္အေသြးဟာလည္း ပုံစံတူ ျဖစ္ပါတယ္။ တစ္ေသာင္းတန္ တစ္အုပ္ကို ေသခ်ာၾကည့္ရႈၿပီးမွ ေရတြက္မယ္ဆိုရင္ ေထာင္တန္ေရာခဲ့ရင္ေတြ႕နိုင္ေသာ္လည္း မ်ားစြာေသာ ပိုက္ဆံ အုပ္ေတြကိုသာ ေရတြက္ရမယ္ဆိုရင္ ေသခ်ာေပါက္ မွားနိုင္တဲ့ အေနအထားျဖစ္ေနတာေၾကာင့္ ေဝဖန္မႈေတြျမင့္တက္လ်က္ရွိပါတယ္။

ပရိတ္သတ္ႀကီးေရာ အဆိုပါ ေငြစကၠဴေတြကို လဲလွယ္ၿပီးၿပီလား……? တကယ္ကို သတိထားၿပီး သုံးစြဲရမယ့္ ေငြစကၠဴတစ္ခုျဖစ္လာၿပီျဖစ္ပါတယ္။ ပရိတ္သတ္ႀကီးလည္း သုံးစြဲေတာ့မယ္ဆိုရင္ ေသခ်ာစီစစ္ဖို႔ အႀကံျပဳလိုက္ပါရေစေနာ္………………။

Writer- ME(Shwe Yaung Lan)

Unicode

မြန် မာနိုင်ငံရဲ့ လွတ်လပ်ရေးကို အဓိက ဦးစီးကြိုးစားခဲ့တဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် တကမ္ဘာလုံးက လက်ခံထားပြီးသားဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ ငယ်ရွယ်မှုတွေကို စတေးပြီး မြန်မာနိုင်ငံကြီး သူ့ကျွန်ဘဝကနေ လွတ်မြောက်ဖို့အတွက် အသက်ကို မငဲ့ကွပ်ပဲ ကြိုးစားခဲ့သူဖြစ်ပါတယ်။ လက်ရှိ မြန်မာ့ တပ်မတော်ဆိုတာဟာလည်း ဗိုလ်ချုပ်တို့ ဦးစီးဦးဆောင်လုပ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အရင်တစ်ချိန်က ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေ ထုတ်လုပ်ခဲ့ပေမယ့်လည်း ပျောက်ကွယ်ခဲ့တာ အတော်ကို ကြာပြီဖြစ်ပါတယ်။

လက် ရှိ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ပျောက်ကွယ်နေတဲ့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေကို ပြန်လည် တရားဝင် ထုတ်ဝေခဲ့ပါတယ်။ အဆိုပါ ငွေစက္ကူတွေကတော့ ၁၀၀၀ တန်နဲ့ ၁၀၀၀၀ တန်တို့ပဲဖြစ်ပါတယ်။ ယင်းငွေစက္ကူတွေနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ လူမှုကွန်ယက်တွေမှာ ဝေဖန်မှုတွေ မြင့် တက်ခဲ့ပါတယ်။

အဆိုပါ ငွေစက္ကူများကို တစ်သောင်းတန် အား စတင်ထုတ်ဝေခဲ့တာ ဖြစ်ပြီး၊ တစ်ထောင်တန်ကိုတော့ နောက်မှ ဆက်လက် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ယင်းကဲ့သို့ ထုတ်ဝေမှုမှာ ငွေစက္ကူ ၂ ခုဟာ အရောင်အဆင်း တူညီနေတာကြောင့် တစ်သောင်းတန် အုပ်တွေထဲမှာ တစ်ထောင်တန်တွေ ညပ်ပါလာနိုင်တယ်လို့ လူမှုကွန်ယက် အကောင့်တွေမှာ ဝေဖန်ခဲ့ကြပါတယ်။

ငွေစက္ကူ ၂ ခုဟာ အရွယ်အစားသာ အနည်းငယ်ကွာပြီး၊ အနားသတ်က အစ တူညီနေပြီး အရောင်အသွေးဟာလည်း ပုံစံတူ ဖြစ်ပါတယ်။ တစ်သောင်းတန် တစ်အုပ်ကို သေချာကြည့်ရှုပြီးမှ ရေတွက်မယ်ဆိုရင် ထောင်တန်ရောခဲ့ရင်တွေ့နိုင်သော်လည်း များစွာသော ပိုက်ဆံ အုပ်တွေကိုသာ ရေတွက်ရမယ်ဆိုရင် သေချာပေါက် မှားနိုင်တဲ့ အနေအထားဖြစ်နေတာကြောင့် ဝေဖန်မှုတွေမြင့်တက်လျက်ရှိပါတယ်။

ပရိတ်သတ်ကြီးရော အဆိုပါ ငွေစက္ကူတွေကို လဲလှယ်ပြီးပြီလား……? တကယ်ကို သတိထားပြီး သုံးစွဲရမယ့် ငွေစက္ကူတစ်ခုဖြစ်လာပြီဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း သုံးစွဲတော့မယ်ဆိုရင် သေချာစီစစ်ဖို့ အကြံပြုလိုက်ပါရစေနော်………………။

Writer- ME(Shwe Yaung Lan)