ေအာင္ လအန္ဆန္းဟာ ဆိုရင္ ကမာၻ႔အလည္မွာ ျမန္မာကို ဂုဏ္တက္ေအာင္ အၿမဲတမ္း ႀကိဳးစားေပးေနခဲ့သူ တစ္ဦးျဖစ္ၿပီး ေအာင္လအန္ဆန္းေၾကာင့္လည္း ျမန္မာ ဆိုတာကို တစ္ကမာၻလုံးက ႏိုင္ငံေတြ ေတာ္ေတာ္မ်ားမ်ားက ခ်စ္လာ အားေပးလာၾကတယ္ ဆိုရင္လည္း မမွားပါဘူး။ လက္ေဝွ႔ ထိုးသတ္ပြဲေတြ တိုင္းမွာ ေအာင္လအန္ဆန္းဟာ အၿမဲတမ္းနီးပါး ႏိုင္ပြဲေတြ ဆက္တိုက္ ရယူေပးေနခဲ့ၿပီး သူ အႏိုင္ရရွိတိုင္းမွာလည္း ျမန္မာ့ စပါးအုံးေႁမြႀကီး အျဖစ္ တင္စားေျပာဆိုခံရတာနဲ႔ အညီ ျမန္မာႏိုင္ငံအလံကိုပဲ ၿခဳံၿပီး ေအာင္ပြဲေတြ ခံတတ္သူ ျဖစ္တာေၾကာင့္လည္း ျမန္မာပရိသတ္ေတြက ေအာင္လအန္ဆန္းကို ပိုတိုးၿပီး ခ်စ္ခင္ အားေပးၾကတာပါ။

ေအာင္လအန္ဆန္းဟာ ခ်စ္ဖို႔ေကာင္းတဲ့ ဇနီးျဖစ္သူနဲ႔ သားေလးနဲ႔ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလး ပိုင္ဆိုင္ထားသူ ျဖစ္ၿပီး မိသားစုကို ၾကင္နာတတ္တဲ့ အေဖေကာင္း တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေအာင္လအန္ဆန္းက သူ႔ရဲ႕ အားလပ္ခ်ိန္ေတြကို မိသားစုနဲ႔ပဲ ကုန္ဆုံးတတ္ၿပီး အားတဲ့ ရက္ေတြမွာ သားေလးကို ေက်ာင္းလိုက္ပို႔ၿပီး ဂ႐ုတစိုက္ရွိသူလည္း ျဖစ္ပါတယ္။ မိသားစုကို ခ်စ္ၿပီး အခ်ိန္ေပးတတ္တဲ့ ေအာင္လအန္ဆန္းက အခုလို ေအးခ်မ္းလွတဲ့ ေဆာင္းတြင္းအခါမွာလည္း မိသားစုနဲ႔ အတူ ေႏြးေထြးစြာ ဂ႐ုစိုက္ ေစာင့္ေရွာက္ေပးေနၿပီး အပန္းေျဖခရီးေလးေတြ အတူတူ ထြက္ေနတာကိုလည္း ေတြ႕ရပါတယ္။

ေအာင္လအန္ဆန္းကေတာ့ မၾကာေသးမီက လူမႈကြန္ယက္ေပၚမွာ ပရိသတ္ေတြမ်က္ရည္ဝဲသြားေစမယ့္ ထူးထူးျခားျခားအရာတစ္ခုလုပ္ျပခဲ့ပါတယ္။ အဲဒီအရာကေတာ့ လက္ေဝွ႔ထိုးတဲ့လက္ေတြဟာ အႏုပညာကိုလည္း ဖန္တီးႏိုင္ေၾကာင္း ဂီတအႏုပညာဘက္မွာလည္း ပါရမီပါေၾကာင္း ျပသသြားခဲ့တာပါပဲ။ မၾကာေသးမီက လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ video ေလးထဲမွာ ေအာင္လအန္ဆန္းက ပီယာႏိုေရွ႕မွာထိုင္ၿပီး အက်အနတီးျပလိုက္တာပါ။တီးျပတဲ့ သီခ်င္းေလးကေတာ့ ေရာင္စုံေဘာလုံး ေရာင္စုံေဘာလုံး တစ္လုံးငါးျပား တစ္လုံးငါးျပားဆိုတဲ့ သံစဥ္အလိုက္ သီခ်င္းေလးကိုတီးခတ္ျပခဲ့တာပါ။

ပရိသတ္ေတြကေတာ့ လက္ေဝွ႔ထိုးတဲ့လက္နဲ႔ အႏုပညာေတြကို ဖန္တီးျပလိုက္တဲ့ စြယ္စုံရ ေအာင္လအန္ဆန္းကို ပိုတိုးလို႔ ခ်စ္ေနၾကသလို ေလးစားေနၾကတာလည္း ျဖစ္ပါတယ္။ အဲဒီ video ေလးကို ေအာင္လအန္ဆန္းရဲ႕ပရိသတ္တစ္ဦးက လူမႈကြန္ယက္မွာ တင္ေပးထားခဲ့တာျဖစ္ၿပီး ၾကည့္ရႈသူေပါင္း မ်ားစြာရွိခဲ့သလို ျပန္လည္ေဝမွ်သူေတြလည္းမ်ားျပားခဲ့ပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးအတြက္ မ်က္ရည္ဝဲသြားမိေအာင္ ၾကည္ႏူးစရာေကာင္းတဲ့ ေအာင္လအန္ဆန္းရဲ႕ ဗီဒီယိုေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးေရာ ေအာင္လအန္ဆန္းကို ခ်စ္ၾကလား။ ေအာင္လရဲ႕ ေနာက္ထပ္ပြဲစဥ္ေတြကိုေရာ အားေပးၾကမွာလား။ ေအာင္လရဲ႕ပီယာႏိုလက္သံကိုေရာ ႏွစ္သက္ၾကလား။ ေျပာခဲ့ၾကပါဦး။

Unicode

အောင်လအန်ဆန်းဟာ ဆိုရင် ကမ္ဘာ့အလည်မှာ မြန်မာကို ဂုဏ်တက်အောင် အမြဲတမ်း ကြိုးစားပေးနေခဲ့သူ တစ်ဦးဖြစ်ပြီး အောင်လအန်ဆန်းကြောင့်လည်း မြန်မာ ဆိုတာကို တစ်ကမ္ဘာလုံးက နိုင်ငံတွေ တော်တော်များများက ချစ်လာ အားပေးလာကြတယ် ဆိုရင်လည်း မမှားပါဘူး။ လက်ဝှေ့ ထိုးသတ်ပွဲတွေ တိုင်းမှာ အောင်လအန်ဆန်းဟာ အမြဲတမ်းနီးပါး နိုင်ပွဲတွေ ဆက်တိုက် ရယူပေးနေခဲ့ပြီး သူ အနိုင်ရရှိတိုင်းမှာလည်း မြန်မာ့ စပါးအုံးမြွေကြီး အဖြစ် တင်စားပြောဆိုခံရတာနဲ့ အညီ မြန်မာနိုင်ငံအလံကိုပဲ ခြုံပြီး အောင်ပွဲတွေ ခံတတ်သူ ဖြစ်တာကြောင့်လည်း မြန်မာပရိသတ်တွေက အောင်လအန်ဆန်းကို ပိုတိုးပြီး ချစ်ခင် အားပေးကြတာပါ။

အောင်လအန်ဆန်းဟာ ချစ်ဖို့ကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မိသားစုကို ကြင်နာတတ်တဲ့ အဖေကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းက သူ့ရဲ့ အားလပ်ချိန်တွေကို မိသားစုနဲ့ပဲ ကုန်ဆုံးတတ်ပြီး အားတဲ့ ရက်တွေမှာ သားလေးကို ကျောင်းလိုက်ပို့ပြီး ဂရုတစိုက်ရှိသူလည်း ဖြစ်ပါတယ်။ မိသားစုကို ချစ်ပြီး အချိန်ပေးတတ်တဲ့ အောင်လအန်ဆန်းက အခုလို အေးချမ်းလှတဲ့ ဆောင်းတွင်းအခါမှာလည်း မိသားစုနဲ့ အတူ နွေးထွေးစွာ ဂရုစိုက် စောင့်ရှောက်ပေးနေပြီး အပန်းဖြေခရီးလေးတွေ အတူတူ ထွက်နေတာကိုလည်း တွေ့ရပါတယ်။

အောင်လအန်ဆန်းကတော့ မကြာသေးမီက လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေမျက်ရည်ဝဲသွားစေမယ့် ထူးထူးခြားခြားအရာတစ်ခုလုပ်ပြခဲ့ပါတယ်။ အဲဒီအရာကတော့ လက်ဝှေ့ထိုးတဲ့လက်တွေဟာ အနုပညာကိုလည်း ဖန်တီးနိုင်ကြောင်း ဂီတအနုပညာဘက်မှာလည်း ပါရမီပါကြောင်း ပြသသွားခဲ့တာပါပဲ။ မကြာသေးမီက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ video လေးထဲမှာ အောင်လအန်ဆန်းက ပီယာနိုရှေ့မှာထိုင်ပြီး အကျအနတီးပြလိုက်တာပါ။တီးပြတဲ့ သီချင်းလေးကတော့ ရောင်စုံဘောလုံး ရောင်စုံဘောလုံး တစ်လုံးငါးပြား တစ်လုံးငါးပြားဆိုတဲ့ သံစဉ်အလိုက် သီချင်းလေးကိုတီးခတ်ပြခဲ့တာပါ။

ပရိသတ်တွေကတော့ လက်ဝှေ့ထိုးတဲ့လက်နဲ့ အနုပညာတွေကို ဖန်တီးပြလိုက်တဲ့ စွယ်စုံရ အောင်လအန်ဆန်းကို ပိုတိုးလို့ ချစ်နေကြသလို လေးစားနေကြတာလည်း ဖြစ်ပါတယ်။ အဲဒီ video လေးကို အောင်လအန်ဆန်းရဲ့ပရိသတ်တစ်ဦးက လူမှုကွန်ယက်မှာ တင်ပေးထားခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း များစွာရှိခဲ့သလို ပြန်လည်ဝေမျှသူတွေလည်းများပြားခဲ့ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် မျက်ရည်ဝဲသွားမိအောင် ကြည်နူးစရာကောင်းတဲ့ အောင်လအန်ဆန်းရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော အောင်လအန်ဆန်းကို ချစ်ကြလား။ အောင်လရဲ့ နောက်ထပ်ပွဲစဉ်တွေကိုရော အားပေးကြမှာလား။ အောင်လရဲ့ပီယာနိုလက်သံကိုရော နှစ်သက်ကြလား။ ပြောခဲ့ကြပါဦး။