America’s Got Talent ပြဲၾကီး ကေတာ့ နွစ္စဥ္နွစ္တိုင္း တစ္ကမၻာလံုးက နုိင္ငံေပါင္းမ်ားစြာရဲ႕ ထိပ္တန္းအနုပညာရွင္ေတြ ပါရမီရွင္ေတြရဲ႕လာေရာက္ယွဥ္ျပိဳင္မႈေတြနဲ႔ စည္ကားခမ္းနားေနဆဲပါ။ ဒီနွစ္မွာေတာ့ America’s Got Talent မွာ ထူးထူးျခားျခား ျမန္မာနို္င္ငံက လူငယ္အကအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Junior Creative အဖြဲ႕က သြားေရာက္ယွဥ္ျပိဳင္ခြင့္ရခဲ့ပါတယ္။ Junior Creative ဟာ ျမန္မာနို္င္ငံမွာ ပရိသတ္ေတြရဲ႕ တခဲနက္ အားေပးျခင္းခံခဲ့ရတဲ့ အကအဖဲြ႕ျဖစ္ျပီး Shadow act အကနဲ႔ ပရိသတ္္ေတြၾကား လူသိမ်ားလာတဲ့ အဖြဲ႕တစ္ဖြဲ႕ျဖစ္သလုိ သူတို႔ရဲ႕အရိပ္ေတြအျဖစ္ အသြင္ယူျပီး ယိမ္းႏြဲ႕လႈပ္ရွားတဲ့ ကကြက္ေတြနဲ႔ ပရိသတ္ေတြရဲ႕အေတြးထဲကုိ ဂီတသံေတြ ခံစားခ်က္ေတြ စီးေမ်ာသြားေအာင္ နိႈးဆြေပးနုိင္တဲ့ ပညာရွင္ေတြျဖစ္တာေၾကာင့္လည္း တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ႕ အားေပးျခင္းကုိခံထားရသူေတြျဖစ္ျပီး Myanmar’s Got Talent 2018 မွာ winner ျဖစ္ထားသူေတြလည္းျဖစ္ပါတယ္။

လက္ရွိ က်င္းပသြားတဲ့ America’s Got Talent မွာ Junior Creative အဖြဲ႕က ဝင္ေရာက္ယွဥ္ျပိဳင္ေနျပီး သူတို႔အဖြဲ႕ရဲ႕ ယွဥ္ျပိဳင္မႈဟာ ပရိသတ္ေတြကုိ ပါးစပ္အေဟာင္းသားျဖစ္ေအာင္ ဆြဲေခၚယူသြားနုိင္ခဲ့သလုိ စိတ္နွလံုးသားနူးညံံ့သူေတြကုိ မ်က္ရည္ပုိးပုိးေပါက္ေပါက္က်ေအာင္ ခံစားမႈေတြေပးစြမ္းနုိင္ခဲ့တာလည္း အမွန္ပါပဲ။ သူတို႔ရဲ႕ ကကြက္ေတြဟာ အင္အားၾကီးျပီး ေပးခ်င္တဲ့ message ကုိ အျပည့္အဝေပးနိုင္စြမ္းလည္းရွိတယ္လို႔ ဆိုရမွာပါ။ Junior Creative က ကမၻာေပၚက စစ္ပြဲေတြေၾကာင့္ အျပစ္မဲ့တဲ့ ကေလးေတြ မိဘေတြနဲ႔ ကြဲကြာရျပီး မိသားစုေတြ တကြဲတျပားျဖစ္ရတာေတြ၊ စစ္ပြဲေတြရဲ႕ေလာင္ကြ်မ္းမႈေတြေၾကာင့္ ျပည္သူေတြမွာ ရိုက္ခတ္တဲ့ ပ်က္စီးဆုတ္ယုတ္ရျခင္းေတြကုိ ဘာသာစကားမလိုပဲ နွလံုးသားရွိသူတိုင္း နားလည္ခံစားနုိ္င္မယ့္ ကကြက္ေတြနဲ႔ ေဖာ္ျပသြားခဲ့တာက ပရိသတ္ေတြရင္ထဲမွာ ဆို႔နင့္ျပီး တကယ့္ကုိ ရင္သပ္ရႈေမာျဖစ္သြားခဲ့ရတာပါ။

Junior Creative ရဲ႕ ယွဥ္ျပိဳင္မႈအေပၚ Americas’ Got Talent ရဲ႕ ဒိုင္ေတြျဖစ္တဲ့ Simon Cowell, Howie Mandel, Alesha Dixon နဲ႔ Heidi Klum တို႔က တခဲနက္ အားေပးခ်ီးက်ဴးခဲ့ၾကတာကုိလည္း ေတြ႕ရပါတယ္။ ကမၻာေက်ာ္ေမာ္ဒယ္မင္းသမီးတစ္ဦးျဖစ္သူ Heidi Klum က “ယွဥ္ျပိဳင္သြားတာ အရမ္းၾကည့္လို႔ေကာင္းျပီး လက္ရွိျဖစ္ေနတဲ့ လူေနမႈအသုိင္းအဝုိင္းကုိ သတိေပးလို္က္သလုိပါပဲ။ အျခားေသာ အကာအကြယ္မဲ့ ကေလးငယ္ေတြအတြက္ ဒီလိုနည္းနဲ႔ အကူအညီေပးေနတာ ဒါက တကယ္ကို အေရးပါပါတယ္။ ဒါေၾကာင့္ ကြ်န္မကေတာ့ အခုလို ကူညီေပးေနတဲ့ ဒီအဖြဲ႕တစ္ခုလံုးကုိ အားေပးခ်ီးက်ဴးပါတယ္”လို႔ မွတ္ခ်က္ခ်ထားခဲ့ျပီး အဆိုေတာ္၊ သီခ်င္းေရးသူ တစ္ဦးျဖစ္တဲ့အျပင္ သူမကုိယ္တိုင္လည္း အကမယ္တစ္ဦးျဖစ္တဲ့ Alesha Dixon ကေတာ့ “ကြ်န္မ ဒါကုိၾကည့္ေနရင္းနဲ႔ ရင္ထဲမွာ အရမ္းခံစားရတယ္။ ကသြားတာက ေတာ္ေတာ္လွတယ္။ ဒီလို အေကာင္းဆံုး ကျပသြားနုိင္တဲ့အတြက္ အားလံုးပဲ ကုိယ့္ကုိယ္ကုိယ္ဂုဏ္ယူသင့္တယ္” လို႔ တက္ၾကြစြာ အားေပးသြားခဲ့ပါတယ္။

Simon Cowell ကေတာ့ “ကျပသြားတာ ျမင္ရတာက ေတာ္ေတာ္ေလးကုိ ရင္သပ္ရႈေမာဖို႔ေကာင္းပါတယ္။ ဒီလို ငယ္ရြယ္တဲ့ လူငယ္ေလးေတြက ကိုယ့္ထက္ အသက္သံုးဆေလာက္ၾကီးတဲ့ အခ်ိဳ႕လူေတြထက္ကုိ ပုိျပီးေတာ့ ကုိယ္ေျပာခ်င္တာကုိ ထိထိေရာက္ေရာက္ ေဖာ္ေဆာင္နုိင္တာ။ ခင္ဗ်ားတို႔ အားလံုးမွာ အရမ္းကုိေကာင္းတဲ့ ၾကိဳးစားမႈေတြ၊ ေကာင္းမြန္တဲ့ စိ္တ္ကူးစိတ္သန္းေတြအျပည့္ပါပဲ။ အားလံုးရဲ႕ မ်က္နွာေတြကုိ ၾကည့္ျပီးေတာ့ ဒီကိစၥက ဘယ္ေလာက္ေတာင္ အေရးပါတဲ့ ကိစၥဆိုတာ ကြ်န္ေတာ္ရိ္ပ္မိပါတယ္။ ေကာင္းတာတစ္ခုက အခု ဒီမွာ လူေပါင္းေလးေထာင္ေလာက္က ခင္ဗ်ားတို႔ကုိ ပထမဆံုးေတြ႕ဖူးတာျဖစ္ေပမယ့္ ဒီေဖ်ာ္ေျဖမႈကို ရင္နွင့္အမ်ခံစားစီးေမ်ာနုိင္ခဲ့တယ္။ သူတို႔အားလံုး ေပးခ်င္တဲ့ message ကုိလက္ခံရရိွတယ္။ ဒီေတာ့ ေနာက္ ဘာေတြျဖစ္မလဲ ဆက္ေစာင့္ၾကည့္ၾကပါ။ အားလံုးပဲအေကာင္းဆံုးလုပ္ခဲ့ပါတယ္”လို႔ အေသးစိတ္အားေပးခ်ီးက်ဴးသြားခဲ့တာ ေတြ႕ရပါတယ္။

Junior Creative အဖြဲ႕ေၾကာင့္ ျမန္မာဆိုတာကုိ တစ္ကမၻာလံုးက ပုိျပီးသိသြားခဲ့သလို သူတို႔ေပးခ်င္တဲ့ message ကုိလည္း တစ္ကမၻာလံုးက ဘယ္လိုဘာသာစကားေျပာတဲ့သူမဆို နားလည္ခံစားသြားနို္င္ခဲ့တာေၾကာင့္ ဒါကလည္း ေကာင္းတဲ့အခ်က္ပဲလို႔ဆိုရမွာပါ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ Junior Creative အဖြဲ႕ရဲ႕ရင္သပ္ရႈေမာဖြယ္ယွဥ္ျပိဳင္သြားတဲ့ video ေလးကုိ comment မွာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ Junior Creative က တစ္ကမၻာလံုးက ထိိပ္တန္းအနုပညာရွင္ေတြကုိ ေက်ာ္ျဖတ္ျပီး America’s Got Talent မွာ ဗိုလ္စြဲသြားနုိင္မယ္ထင္လား။ video ေလးကုိ ၾကည့့္ျပီး ခံစားခ်က္ေလးေတြ ေျပာခဲ့ၾကပါဦး။

Unicode

America’s Got Talent ပွဲကြီးကတော့ နှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံးက နိုင်ငံပေါင်းများစွာရဲ့ ထိပ်တန်းအနုပညာရှင်တွေ ပါရမီရှင်တွေရဲ့လာရောက်ယှဉ်ပြိုင်မှုတွေနဲ့ စည်ကားခမ်းနားနေဆဲပါ။ ဒီနှစ်မှာတော့ America’s Got Talent မှာ ထူးထူးခြားခြား မြန်မာနိုင်ငံက လူငယ်အကအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Junior Creative အဖွဲ့က သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ Junior Creative ဟာ မြန်မာနိုင်ငံမှာ ပရိသတ်တွေရဲ့ တခဲနက် အားပေးခြင်းခံခဲ့ရတဲ့ အကအဖွဲ့ဖြစ်ပြီး Shadow act အကနဲ့ ပရိသတ်တွေကြား လူသိများလာတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်သလို သူတို့ရဲ့အရိပ်တွေအဖြစ် အသွင်ယူပြီး ယိမ်းနွဲ့လှုပ်ရှားတဲ့ ကကွက်တွေနဲ့ ပရိသတ်တွေရဲ့အတွေးထဲကို ဂီတသံတွေ ခံစားချက်တွေ စီးမျောသွားအောင် နှိုးဆွပေးနိုင်တဲ့ ပညာရှင်တွေဖြစ်တာကြောင့်လည်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးခြင်းကိုခံထားရသူတွေဖြစ်ပြီး Myanmar Got Talent 2018 မှာ winner ဖြစ်ထားသူတွေလည်းဖြစ်ပါတယ်။

လက်ရှိ ကျင်းပသွားတဲ့ America’s Got Talent မှာ Junior Creative အဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်နေပြီး သူတို့အဖွဲ့ရဲ့ ယှဉ်ပြိုင်မှုဟာ ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်အောင် ဆွဲခေါ်ယူသွားနိုင်ခဲ့သလို စိတ်နှလုံးသားနူးညံံ့သူတွေကို မျက်ရည်ပိုးပိုးပေါက်ပေါက်ကျအောင် ခံစားမှုတွေပေးစွမ်းနိုင်ခဲ့တာလည်း အမှန်ပါပဲ။ သူတို့ရဲ့ ကကွက်တွေဟာ အင်အားကြီးပြီး ပေးချင်တဲ့ message ကို အပြည့်အဝပေးနိုင်စွမ်းလည်းရှိတယ်လို့ ဆိုရမှာပါ။ Junior Creative က ကမ္ဘာပေါ်က စစ်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ ကလေးတွေ မိဘတွေနဲ့ ကွဲကွာရပြီး မိသားစုတွေ တကွဲတပြားဖြစ်ရတာတွေ၊ စစ်ပွဲတွေရဲ့လောင်ကျွမ်းမှုတွေကြောင့် ပြည်သူတွေမှာ ရိုက်ခတ်တဲ့ ပျက်စီးဆုတ်ယုတ်ရခြင်းတွေကို ဘာသာစကားမလိုပဲ နှလုံးသားရှိသူတိုင်း နားလည်ခံစားနိုင်မယ့် ကကွက်တွေနဲ့ ဖော်ပြသွားခဲ့တာက ပရိသတ်တွေရင်ထဲမှာ ဆို့နင့်ပြီး တကယ့်ကို ရင်သပ်ရှုမောဖြစ်သွားခဲ့ရတာပါ။

Junior Creative ရဲ့ ယှဉ်ပြိုင်မှုအပေါ် Americas’ Got Talent ရဲ့ ဒိုင်တွေဖြစ်တဲ့ Simon Cowell, Howie Mandel, Alesha Dixon နဲ့ Heidi Klum တို့က တခဲနက် အားပေးချီးကျူးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာကျော်မော်ဒယ်မင်းသမီးတစ်ဦးဖြစ်သူ Heidi Klum က “ယှဉ်ပြိုင်သွားတာ အရမ်းကြည့်လို့ကောင်းပြီး လက်ရှိဖြစ်နေတဲ့ လူနေမှုအသိုင်းအဝိုင်းကို သတိပေးလိုက်သလိုပါပဲ။ အခြားသော အကာအကွယ်မဲ့ ကလေးငယ်တွေအတွက် ဒီလိုနည်းနဲ့ အကူအညီပေးနေတာ ဒါက တကယ်ကို အရေးပါပါတယ်။ ဒါကြောင့် ကျွန်မကတော့ အခုလို ကူညီပေးနေတဲ့ ဒီအဖွဲ့တစ်ခုလုံးကို အားပေးချီးကျူးပါတယ်”လို့ မှတ်ချက်ချထားခဲ့ပြီး အဆိုတော်၊ သီချင်းရေးသူ တစ်ဦးဖြစ်တဲ့အပြင် သူမကိုယ်တိုင်လည်း အကမယ်တစ်ဦးဖြစ်တဲ့ Alesha Dixon ကတော့ “ကျွန်မ ဒါကိုကြည့်နေရင်းနဲ့ ရင်ထဲမှာ အရမ်းခံစားရတယ်။ ကသွားတာက တော်တော်လှတယ်။ ဒီလို အကောင်းဆုံး ကပြသွားနိုင်တဲ့အတွက် အားလုံးပဲ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူသင့်တယ်” လို့ တက်ကြွစွာ အားပေးသွားခဲ့ပါတယ်။

Simon Cowell ကတော့ “ကပြသွားတာ မြင်ရတာက တော်တော်လေးကို ရင်သပ်ရှုမောဖို့ကောင်းပါတယ်။ ဒီလို ငယ်ရွယ်တဲ့ လူငယ်လေးတွေက ကိုယ့်ထက် အသက်သုံးဆလောက်ကြီးတဲ့ အချို့လူတွေထက်ကို ပိုပြီးတော့ ကိုယ်ပြောချင်တာကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်တာ။ ခင်ဗျားတို့ အားလုံးမှာ အရမ်းကိုကောင်းတဲ့ ကြိုးစားမှုတွေ၊ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေအပြည့်ပါပဲ။ အားလုံးရဲ့ မျက်နှာတွေကို ကြည့်ပြီးတော့ ဒီကိစ္စက ဘယ်လောက်တောင် အရေးပါတဲ့ ကိစ္စဆိုတာ ကျွန်တော်ရိပ်မိပါတယ်။ ကောင်းတာတစ်ခုက အခု ဒီမှာ လူပေါင်းလေးထောင်လောက်က ခင်ဗျားတို့ကို ပထမဆုံးတွေ့ဖူးတာဖြစ်ပေမယ့် ဒီဖျော်ဖြေမှုကို ရင်နှင့်အမျခံစားစီးမျောနိုင်ခဲ့တယ်။ သူတို့အားလုံး ပေးချင်တဲ့ message ကိုလက်ခံရရှိတယ်။ ဒီတော့ နောက် ဘာတွေဖြစ်မလဲ ဆက်စောင့်ကြည့်ကြပါ။ အားလုံးပဲအကောင်းဆုံးလုပ်ခဲ့ပါတယ်”လို့ အသေးစိတ်အားပေးချီးကျူးသွားခဲ့တာ တွေ့ရပါတယ်။

Junior Creative အဖွဲ့ကြောင့် မြန်မာဆိုတာကို တစ်ကမ္ဘာလုံးက ပိုပြီးသိသွားခဲ့သလို သူတို့ပေးချင်တဲ့ message ကိုလည်း တစ်ကမ္ဘာလုံးက ဘယ်လိုဘာသာစကားပြောတဲ့သူမဆို နားလည်ခံစားသွားနိုင်ခဲ့တာကြောင့် ဒါကလည်း ကောင်းတဲ့အချက်ပဲလို့ဆိုရမှာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် Junior Creative အဖွဲ့ရဲ့ရင်သပ်ရှုမောဖွယ်ယှဉ်ပြိုင်သွားတဲ့ video လေးကို comment မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော Junior Creative က တစ်ကမ္ဘာလုံးက ထိပ်တန်းအနုပညာရှင်တွေကို ကျော်ဖြတ်ပြီး America’s Got Talent မှာ ဗိုလ်စွဲသွားနိုင်မယ်ထင်လား။ video လေးကို ကြည့်ပြီး ခံစားချက်လေးတွေ ပြောခဲ့ကြပါဦး။