



Unicode

ရုပ်ရှင် ဇာတ်ကားကောင်းတစ်ကောင်း ဖြစ်ပေါ်လာဖို့ဆိုတာကတော့ သရုပ်ဆောင် ကောင်းနေရုံ ၊ ဇာတ်လမ်း ဇာတ်ညွှန်းကောင်းနေ‌ရုံ ၊ နည်းပညာတွေ ကောင်းမွန်နေရုံနဲ့ ဖြစ်တည် မလာနိုင်ပါဘူး ။ ဘက်စုံ ထောင့်စုံကနေ အကောင်းဆုံး ကူညီ ထောက်ပံ့ပေးမှသာ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တည်လာမှာပါ ။ နိုင်ငံခေါင်းဆောင်တစ်ယောက် လွတ်လပ်ရေးကို ဦးစီးဦးဆေ ာင်ပြုခဲ့သာတစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လို ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သမိုင်းဖြစ်စဉ် တစ်ခုကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းမယ့် ရုပ်ရှင်ဇာတ်ကားကြီးဆိုရင်တော့ တာဝန်ပိုပြီးကြီးလေးပါတယ် ။

အောင်ဆန်းရုပ်ရှင် ဇာတ်ကားကြီးကိုတော့ သရုပ်ဆောင် လူမင်းက ဒါရိုက်တာအဖြစ် ဦးဆောင်ရိုက်ကူးနေပြီး ရိုက်ကူးမှုလုပ်ငန်းစဉ်ကလည်း ၅၀ရာခိုင်နှုန်း ပြီးစီးသွားပြီဆိုပြီးတော့လည်း ဒါရိုက်တာအဖြစ်လုပ်ဆောင်နေသူ လူမင်းက အင်တာဗျူးတစ်ခုမှာ ‌ပြောခဲ့တာကိုလည်း အားလုံးသိကြပြီးသားဖြစ်မှာပါ ။ မကြာခင် နှစ်တွေအတွင်းမှာတော့ ပြည်သူတွေ မျှော်လင့်နေကြတဲ့ အောင်ဆန်းရုပ်ရှင်ကြီးကို တွေ့မြင်ရတော့မှာ ဖြစ်ပါတယ် ။ ရုပ်ရှင် ရိုက်ကူးမှု မှတ်တမ်းတွေ ကိုလည်း အောင်ဆန်းရုပ်ရှင် Pageကနေပြီးလည်း ဝေမျှပေးနေတာကို အားလုံးလည်းတွေ့မြင်ကြပြီးဖြစ်မှာပါ ။

အခုပြောချင်လွန်းလို့ ပရိသတ်တွေကို ဖော်ပြပေးသွားမယ့် Video လေးတစ်ခုရှိပါတယ် ။ အဲ့ဒီVideoလေးတစ်ခုရှိပါတယ် ။ အဲ့ဒီVideo လေးကတော့‌ အောင်ဆန်းရုပ်ရှင်နောက်ကွယ်က ပံ့ပိုးမှုတစ်ခုဖြစ်တဲ့ မိတ်ကပ် အစမ်းလိမ်းကြည့်ပြီး Testing လုပ်တဲ့ Video လေးပဲဖြစ်ပါတယ် ။ အဲ့ဒီ Video လေးထဲမှာတော့ ဗိလ်ချုပ်နဲ့ ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်တွေကို အစမ်းမိတ်ကပ်လိမ်းပြီး Photoshoot လုပ်ကြတဲ့ ပုံရိပ်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ် ။ Video လေးကိုကတော့ Comment မှာ ဖော်ပြပေးထားပါတယ် ။ ပြောချင်လွန်းလို့ ပရိသတ်ကြီးရော အောင်ဆန်းရုပ်ရှင်ကို ကြည့်ရဖို့ စောင့်မျှော်နေကြမယ်ထင်ပါတယ် ။