အဆိုေတာ္အစၥဏီအား ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

ပုဒ္မ ၃ ခုျဖင့္အမႈရင္ဆိုင္ေနရေသာ အဆိုေတာ္အစၥဏီအား တာေမြၿမိဳ႕နယ္တရားရံုးက ယေန႔(ဇန္န၀ါရီလ ၇ ရက္) တြင္ ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္လုိက္ေၾကာင္း သိရသည္။

အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္၍ အစၥဏီ၏ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ဇင္ဦးက အကုန္သိသတင္းဌာနသို႔ အတည္ျပဳေျပာၾကားျခင္းျဖစ္သည္။

“ ေထာင္ဒဏ္ ၇ ႏွစ္ခ်လိုက္တာ ဟုတ္ပါတယ္။ ပုဒ္မဘယ္ႏွစ္ခုကိုခ်တယ္ဆိုတာေတာ့ ေသခ်ာမသိရေသးပါဘူး” ဟု အစၥဏီ၏ေရွ႕ေနျဖစ္သူတရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ဇင္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၅ ရက္၊ ည ၁၁ နာရီခန္႔တြင္ ေမာ္ဒယ္လ္ စူးရွထက္(ခ)မဇာျခည္ေဌး၊ ၂၇ နွစ္သည္ သူငယ္ခ်င္းမ်ားႏွင့္အတူ ဆယ္လီဘားသို႔ေရာက္ရွိေနခ်ိန္ဧၿပီလ ၆ ရက္နံနက္ပိုင္း၌ ရည္းစားေဟာင္းျဖစ္သူ ဟန္ထြန္းေဇာ္(ခ)အစၥဏီ၊ ၃၂ ႏွစ္ေရာက္လာကာျပႆနာရွာသျဖင့္ စူးရွထက္သည္ ၄င္းငွားရမ္းေနထိုင္ေသာတိုက္ခန္းသို႔ ကားငွားျပန္လာခဲ့ေၾကာင္း သိရသည္။

ယင္းအခ်ိန္ ဟန္ထြန္းေဇာ္(ခ)အစၥဏီကလည္း ၄င္းကိုယ္ပိုင္ယာဉ္ႏွင့္အတူလိုက္ပါလာၿပီး ေနအိမ္ေရာက္ရွိခ်ိန္၌ အစၥဏီက စူးရွထက္အက်ႌအားဆြဲခၽြတ္သျဖင့္ရုန္းကန္ခ်ိန္ စူးရွထက္၏ဦးေခါင္းႏွင့္မွန္ဗီရိုတိုက္မိခဲ့ကာ ဦးေခါင္းနာက်င္ခဲ့သည့္အျပင္ တစ္ကိုယ္လံုးကိုဖ်စ္ညွစ္ျခင္း၊ ယာလက္ညွိဳး၊လက္ခလယ္ႏွင့္ လက္သည္းခြံမ်ား လွန္ခ်ိဳးျခင္း၊ သတိေမ့ေနခ်ိန္၌ ၂ ႀကိမ္အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္းသို႔ တိုင္တန္းခ်က္အရ သိရသည္။

ထို႔ေနာက္ ေမာ္ဒယ္လ္စူးရွထက္က တာေမြၿမိဳ႕မရဲစခန္းသို႔ ၂၀၁၉ ခုႏွစ္၊ ဧၿပီ ၁၂ ရက္၌ တိုင္တန္းခဲ့ရာ တာေမြၿမိဳ႕မရဲစခန္းက (ပ) ၃၆၂/၂၀၁၈၊ ျပစ္မႈဥပေဒပုဒ္မ ၃၇၆/ ၃၂၅/၃၂၄ တို့ျဖင့္ အမႈဖြင့္ခဲ့ၿပီး ေမလ ၁၀ ရက္တြင္ တာေမြၿမိဳ႕နယ္တရားရံုးသို႔တရားစြဲတင္ပို႔ခဲ့သည္

ထို႔ေနာက္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၅ ရက္ရံုးခ်ိန္းတြင္ အဆိုေတာ္အစၥဏီဘက္မွ ေတာင္းပန္ပါက အမႈကို ေက်ေအးေပးမည္ဟု တရားလိုျဖစ္သူ ေမာ္ဒယ္လ္ စူးရွထက္(ခ)မဇာျခည္ေဌးက ေျပာဆိုခဲ့ျပီးေနာက္ အစၥဏီက ေတာင္းပန္သျဖင့္ အမႈေက်ေအးလႊာတြင္ လက္မွတ္ေရးထိုးေက်ေအးေပးထားသည္။

အကုန္သိ

အဆိုတော်အစ္စဏီအား ထောင်ဒဏ် ၇ နှစ်ချမှတ်

ထက်ဝေလင်း(အကုန်သိသတင်းဌာန)

ပုဒ်မ ၃ ခုဖြင့်အမှုရင်ဆိုင်နေရသော အဆိုတော်အစ္စဏီအား တာမွေမြို့နယ်တရားရုံးက ယနေ့(ဇန်နဝါရီလ ၇ ရက်) တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အစ္စဏီ၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက အကုန်သိသတင်းဌာနသို့ အတည်ပြုပြောကြားခြင်းဖြစ်သည်။

“ ထောင်ဒဏ် ၇ နှစ်ချလိုက်တာ ဟုတ်ပါတယ်။ ပုဒ်မဘယ်နှစ်ခုကိုချတယ်ဆိုတာတော့ သေချာမသိရသေးပါဘူး” ဟု အစ္စဏီ၏ရှေ့နေဖြစ်သူတရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်

ဖြစ်စဉ်မှာ ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်၊ ည ၁၁ နာရီခန့်တွင် မော်ဒယ်လ် စူးရှထက်(ခ)မဇာခြည်ဌေး၊ ၂၇ နှစ်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီဘားသို့ရောက်ရှိနေချိန်ဧပြီလ ၆ ရက်နံနက်ပိုင်း၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ)အစ္စဏီ၊ ၃၂ နှစ်ရောက်လာကာပြဿနာရှာသဖြင့် စူးရှထက်သည် ၄င်းငှားရမ်းနေထိုင်သောတိုက်ခန်းသို့ ကားငှားပြန်လာခဲ့ကြောင်း သိရသည်။

ယင်းအချိန် ဟန်ထွန်းဇော်(ခ)အစ္စဏီကလည်း ၄င်းကိုယ်ပိုင်ယာဉ်နှင့်အတူလိုက်ပါလာပြီး နေအိမ်ရောက်ရှိချိန်၌ အစ္စဏီက စူးရှထက်အကျႌအားဆွဲချွတ်သဖြင့်ရုန်းကန်ချိန် စူးရှထက်၏ဦးခေါင်းနှင့်မှန်ဗီရိုတိုက်မိခဲ့ကာ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် တစ်ကိုယ်လုံးကိုဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊လက်ခလယ်နှင့် လက်သည်းခွံများ လှန်ချိုးခြင်း၊ သတိမေ့နေချိန်၌ ၂ ကြိမ်အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းသို့ တိုင်တန်းချက်အရ သိရသည်။

ထို့နောက် မော်ဒယ်လ်စူးရှထက်က တာမွေမြို့မရဲစခန်းသို့ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၂ ရက်၌ တိုင်တန်းခဲ့ရာ တာမွေမြို့မရဲစခန်းက (ပ) ၃၆၂/၂၀၁၈၊ ပြစ်မှုဥပဒေပုဒ်မ ၃၇၆/ ၃၂၅/၃၂၄ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး မေလ ၁၀ ရက်တွင် တာမွေမြို့နယ်တရားရုံးသို့တရားစွဲတင်ပို့ခဲ့သည်

ထို့နောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်ရုံးချိန်းတွင် အဆိုတော်အစ္စဏီဘက်မှ တောင်းပန်ပါက အမှုကို ကျေအေးပေးမည်ဟု တရားလိုဖြစ်သူ မော်ဒယ်လ် စူးရှထက်(ခ)မဇာခြည်ဌေးက ပြောဆိုခဲ့ပြီးနောက် အစ္စဏီက တောင်းပန်သဖြင့် အမှုကျေအေးလွှာတွင် လက်မှတ်ရေးထိုးကျေအေးပေးထားသည်။

အကုန်သိ