Unicode
စားသောက်ဆိုင် Toilet ထဲ ကျန်ခဲ့သောသိန်း(၈၀)တန် စိန်လက်စွပ်အား ရိုးသားစွာ ပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်
6.1.2020 ရန်ကုန်မှ မိုးကုတ်သို့ တက်လာသော High Class Express ညကားသည် 7.1.2020 နံနက် ပိုင်းတွင် မိုးကုတ်မြို့နယ် အုန်ဒါန်ပိန္နဲပင်ကွေ့ ပတ္တမြားတောင်တန်း စားသောက်ဆိုင်တွင် မျက်နှာသစ်ရန်နှင့် Breakfast စားရန် ခေတ္တ ရပ်နားပါသည် ခရီးသည်အားလုံးစားသောက်ပြီးစီး၍ ဆိုင်သန့်‌ရှင်းရေးလုပ်ရာတွင် Toilet အတွင်းမှ လက်စွပ်တစ်ကွင်းတွေ့ရှိပါသည်။ ဆိုင်ရှင်မှ ကားဆရာအားပြောပြပြီး ၎င်းလက်စွပ်အား ပိုင်ရှင်ထံသို့ ပြန်လည် ပေးအပ်ခဲ့ပါသည်။ ကာလတန်ကြေး သိန်း 80 ရှိသော စိန်လက်စွပ် ဖြစ်သည်ဟု ပိုင်ရှင်ကပြောပါသည်။
မိုးကုတ်သူမိုးကုတ်သားတို့ရဲ့ ရိုးသားမှုကို ပုံဖော်ပေးသော ပတ္တမြားတောင်တန်းစားသောက်ဆိုင်၏ စာရိတ္တကိုလေးစားမိပါသည်။
Aung Kyaw Nyunt , Source – Zin Moe