အမ်ိဳး သား ၁၃၆ ဦးကို လိင္တူမုဒိန္းက်င့္ခဲ့သည့္ အင္ဒိုနီးရွားအမ်ိဳးသားတစ္ဦးအား မန္ခ်က္စတာၿမိဳ႕ တရား႐ုံးက ဇန္နဝါရီ ၆ ရက္ေန႕တြင္ ေထာင္ဒဏ္တစ္သတ္ခ်မွတ္လိုက္ေၾကာင္း သိရသည္ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ Reynhard Sinaga ဟု အမည္ရေသာအဆို အင္ဒိုနီးရွားအမ်ိဳးသားကို “လိင္စိတ္ႀကီးစိုးေနေသာ တေစၥ ” စသျဖင့္ မီဒီယာမ်ားက သတ္မွတ္ခဲ့ၾကသည္ Reynhard Sinaga သည္ အဂၤလန္နိုင္ငံ မန္ခ်က္စတာၿမိဳ႕တြင္ ၿပီးခဲ့သည့္ ၂ႏွစ္တာကာလအတြင္း အဆိုပါအမႈမ်ားကိုက်ဴးလြန္ခဲ့ျခင္းျဖစ္ၿပီး မူးယစ္ေဆးသုံးစြဲၿပီးက်ဴးလြန္ျခင္းျဖစ္ေၾကာင္း၊ ယင္းအျပင္ ျပင္းထန္စြာတိုက္ခိုက္ျခင္းမ်ားလည္း ျပဳလုပ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။

၎ကို ေထာင္ဒဏ္ တစ္သတ္ခ်မွတ္ျခင္းႏွင့္ပတ္သက္၍ တရားသူႀကီးက “အမ်ိဳးသားေတြကို လိင္ပိုင္းဆိုင္ရာက်ဴးလြန္ထားတာ ၁၅၉ မႈရွိတယ္အဲ့အထဲမွာ ၁၃၆ ဦးကို မုဒိန္းက်င့္ထားတယ္ ဒီအျပစ္ကေန သူ႕ကို ဘယ္လိုမွ မကယ္တင္နိုင္ဘူး” ဟု ဆိုသည္၎ေၾကာင့္ နစ္နာသူ အနည္း ဆုံး အမ်ိဳးသား ၁၉၀ ဦးရွိၿပီး သက္ေသမ်ားလည္းရွိထားေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။

The Crown Prosecution Service (CPS) အဖြဲ႕ကမူ Reynhard Sinaga သည္ အဂၤလန္သမိုင္းတြင္ မုဒိန္းျပဳက်င့္မႈ၌ စံခ်ိန္တင္ဆုံးသူျဖစ္ေၾကာင္း မွတ္ခ်က္ခ်သည္ Reynhard Sinaga သည္ အက်ဥ္းေထာင္အတြင္းတြင္ ႏွစ္ ၃၀ အနည္းဆုံး ေနထိုင္ရမည္ျဖစ္ေၾကာင္း တရားသူႀကီးက ဆိုသည္ Reynhard Sinaga သည္ မုဒိန္းျပဳက်င့္မႈ ၁၃၆ မႈရွိခဲ့ေၾကာင္း၊ မုဒိန္းက်င့္ရန္ေဆာင္႐ြက္ေသာ္လည္း အႀကံအစည္မထေျမာက္မႈ ၈မႈ ၊ လိင္ပိုင္းဆိုင္ရာတိုက္ခိုက္မႈ ၁၄ မႈ၊ အျခားေသာ လိင္ပိုင္းဆိုင္ရာ ျပဳက်င့္မႈ ၁ ခု တို႔ ရွိခဲ့ေၾကာင္း တရား႐ုံးကဆိုသည္။

Source;သတင္းတမန္

Unicode

အမျိုး သား ၁၃၆ ဦးကို လိင်တူမုဒိန်းကျင့်ခဲ့သည့် အင်ဒိုနီးရှားအမျိုးသားတစ်ဦးအား မန်ချက်စတာမြို့ တရားရုံးက ဇန်နဝါရီ ၆ ရက်နေ့တွင် ထောင်ဒဏ်တစ်သတ်ချမှတ်လိုက်ကြောင်း သိရသည် အသက် ၃၆ နှစ်အရွယ်ရှိ Reynhard Sinaga ဟု အမည်ရသောအဆို အင်ဒိုနီးရှားအမျိုးသားကို “လိင်စိတ်ကြီးစိုးနေသော တစ္စေ ” စသဖြင့် မီဒီယာများက သတ်မှတ်ခဲ့ကြသည် Reynhard Sinaga သည် အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တွင် ပြီးခဲ့သည့် ၂နှစ်တာကာလအတွင်း အဆိုပါအမှုများကိုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးသုံးစွဲပြီးကျူးလွန်ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ပြင်းထန်စွာတိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

၎င်းကို ထောင်ဒဏ် တစ်သတ်ချမှတ်ခြင်းနှင့်ပတ်သက်၍ တရားသူကြီးက “အမျိုးသားတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်ထားတာ ၁၅၉ မှုရှိတယ်အဲ့အထဲမှာ ၁၃၆ ဦးကို မုဒိန်းကျင့်ထားတယ် ဒီအပြစ်ကနေ သူ့ကို ဘယ်လိုမှ မကယ်တင်နိုင်ဘူး” ဟု ဆိုသည်၎င်းကြောင့် နစ်နာသူ အနည်း ဆုံး အမျိုးသား ၁၉၀ ဦးရှိပြီး သက်သေများလည်းရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

The Crown Prosecution Service (CPS) အဖွဲ့ကမူ Reynhard Sinaga သည် အင်္ဂလန်သမိုင်းတွင် မုဒိန်းပြုကျင့်မှု၌ စံချိန်တင်ဆုံးသူဖြစ်ကြောင်း မှတ်ချက်ချသည် Reynhard Sinaga သည် အကျဉ်းထောင်အတွင်းတွင် နှစ် ၃၀ အနည်းဆုံး နေထိုင်ရမည်ဖြစ်ကြောင်း တရားသူကြီးက ဆိုသည် Reynhard Sinaga သည် မုဒိန်းပြုကျင့်မှု ၁၃၆ မှုရှိခဲ့ကြောင်း၊ မုဒိန်းကျင့်ရန်ဆောင်ရွက်သော်လည်း အကြံအစည်မထမြောက်မှု ၈မှု ၊ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ၁၄ မှု၊ အခြားသော လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှု ၁ ခု တို့ ရှိခဲ့ကြောင်း တရားရုံးကဆိုသည်။

Source;သတင်းတမန်